ေက်ာက္ကပ္ကိုသန္႔စင္ေပးႏိုင္တ့ဲနံနံပင္န႔ဲသံပုရာသီး
ေက်ာက္ကပ္က ခႏၶာကိုယ္အတြင္းရွိ ေသြးေတြ အညစ္အေၾကးေတြကို သန္႔စင္ေပးၿပီး ခႏၶာကိုယ္အတြက္ ဆုိးက်ိဳးျဖစ္ေစတာေတြကို စြန္႔ထုတ္ႏိုင္ေအာင္ လုပ္ေဆာင္ေပးပါတယ္။ အကယ္၍ ေက်ာက္ကပ္က ေသခ်ာ အလုပ္မလုပ္ေတာ့ဘူးဆိုရင္ ပရိုတင္းဓာတ္ေတြနဲ႔ ခႏၶာကိုယ္ထဲမွာ အဆိပ္အေတာက္ပစၥည္းေတြ စုပံုလာပါလိမ့္မယ္။ ေသြးေတြကလည္း အဆိပ္အေတာက္ေတြပါ၀င္လာၿပီး ေက်ာက္ကပ္ေရာဂါတို႔ တျခား ေရာဂါေတြအမ်ားႀကီး ျဖစ္လာပါလိမ့္မယ္။
ေက်ာက္ကပ္မွာ ျပႆနာရွိလာရင္
ဆီးအေရာင္က ေကာ္ဖီ အေရာင္လို ကိုကာကိုလာလို ပံုစံျဖစ္လာရင္ေတာ့ ေက်ာက္ကပ္မွာ ျပႆနာရွိလာပါၿပီ။
စိတ္လႈပ္ရွား၊ စိတ္ဖိစီးမႈေတြ မ်ားလာရင္
ခါးနာလာရင္ (အထူးသျဖင့္ ခါးေအာက္ပိုင္း၊ ဗိုက္နဲ႔ တစ္တန္းတည္း က ေအာင့္လာရင္)
ေရတစ္ခ်ိန္လံုး ငတ္ေနရင္
ခဏခဏ ဆီးသြားခ်င္ရင္
ေျခက်င္း၀တ္ေတြ ေရာင္လာမယ္၊ မ်က္လံုးေနရာမွာ ေယာင္လာမယ္။
ေမာပန္းေနမယ္
ဒီလကၡဏာေတြက တျခား ေရာဂါေတြေၾကာင့္လည္း ျဖစ္ႏိုင္တာေၾကာင့္ ဒီအထဲက ၃ ခ်က္ေလာက္နဲ႔ ၿငိစြန္းေနရင္ ဆရာ၀န္နဲ႔ ျပသသင့္ပါတယ္။
နံနံပင္
နံနံပင္က ခႏၶာကိုယ္အတြင္းရွိ အဆိပ္အေတာက္ေတြ ေဆးေၾကာ ဖယ္ရွားေပးရာမွာ အစြမ္းထက္တဲ့ အပင္မ်ိဳးျဖစ္ပါတယ္။ သူ႔မွာ အားေကာင္းတဲ့ Antioxidants ေတြပါ၀င္ၿပီး ေက်ာက္ကပ္ရဲ႕ လုပ္ေဆာင္ခ်က္ေတြ ျပန္လည္အားေကာင္းလာေအာင္ ဆဲလ္ေတြ ျပန္လည္အားေကာင္းလာေအာင္ ကူညီေပးပါတယ္။
သတၱဳဓာတ္ေတြလည္း ၾကြယ္၀တာေၾကာင့္ ေက်ာက္ကပ္က်န္းမာေရးအတြက္ ေကာင္းမြန္ၿပီး ခႏၶာကိုယ္ရဲ႕ အေရးႀကီးတဲ့ အဂၤါအစိတ္အပိုင္းမ်ားမွ အဆိပ္အေတာက္ေတြ အဆီေတြ ကိုဖယ္ရွားေပးႏိုင္ပါတယ္။
ခႏၶာကိုယ္ရဲ႕ ကိုယ္ခံအားစနစ္ကို ေကာင္းေစၿပီး ပိုး၀င္မႈ၊ အႀကိတ္ေတြကို ကာကြယ္ႏုိင္တဲ့ Beta-Carotene၊ Chlorophyll နဲ႔ ဗီတာမင္စီတုိ႔လည္း ပါ၀င္ပါတယ္။
နံနံပင္မွာ ဆီးရႊင္ေအာင္ ကူညီေပးႏိုင္ၿပီး ျမင့္မားေနတဲ့ ေသြးဖိအားကို ေလ်ာ့က်ေအာင္လည္း လုပ္ေဆာင္ေပးႏိုင္ပါတယ္။
သံပုရာသီး
သံပုရာသီးမွာ ဗီတာမင္ စီ၊ ဘီတို႔ ပါ၀င္တာေၾကာင့္ ေက်ာက္ကပ္ထဲမွာရွိတဲ့ ေသြးေၾကာေတြကို ေထာက္ပံ့ေပးၿပီး ေက်ာက္ကပ္မွာရွိတဲ့ အဆိပ္အေတက္ေတြ ဖယ္ရွာေပးႏိုင္ပါတယ္။ ေသြးဖိအားေတြ ျမင့္ေနရင္လည္း က်ဆင္းေအာင္ ကူညီေပးပါတယ္။
ဆိုဒီယမ္ ပါ၀င္မႈနည္းၿပီး ပိုတက္ဆီယမ္ ပါ၀င္မႈမ်ားတာေၾကာင့္ ေက်ာက္ကပ္က်န္းမာေရးအတြက္ အထူးသင့္ေလ်ာ္ပါတယ္။
သံပုရာေဖ်ာ္ရည္ေသာက္တဲ့အခါမွာလည္း နံနံပင္ကိုထည့္သြင္း ေသာက္သံုးသင့္ပါတယ္။
ျပဳလုပ္နည္း
နံနံပင္ ၅ေခ်ာင္းေလာက္ေတြကို ေရတစ္လီတာထဲမွာ ျပဳတ္လိုက္ပါ။ အဲ့ဒီ ျပဳတ္ထားတဲ့ေရထဲမွာ နံနံပင္ရဲ႕ အဆိပ္အေတာက္ေတြ ဖယ္ရွားႏိုင္တဲ့ ဓာတ္ေတြ ပါ၀င္ေနပါတယ္။ အဲ့ဒီေရထဲမွာကို သံပုရာသီးထည့္ၿပီး သံပုရာ ေဖ်ာ္ရည္ေသာက္လို႔ရပါတယ္။
မနက္စာ မစားခင္ တစ္ခြက္၊ ေန႔လည္စာမစားခင္ တစ္ခြက္နဲ႔ ညစာမစားခင္ တစ္ခြက္ေသာက္သံုးသင့္ပါတယ္။ ဒီလိုမ်ိဳး တစ္ပတ္မွာ၂ႀကိမ္ေသာက္သံုးေပးရင္ ေက်ာက္ကပ္က်န္းမာေရးကို ကူညီေပးပါလိမ့္မယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myfoodmyanmar
#Unicode Version#
ကျောက်ကပ်က ခန္ဓာကိုယ်အတွင်းရှိ သွေးတွေ အညစ်အကြေးတွေကို သန့်စင်ပေးပြီး ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်စေတာတွေကို စွန့်ထုတ်နိုင်အောင် လုပ်ဆောင်ပေးပါတယ်။ အကယ်၍ ကျောက်ကပ်က သေချာ အလုပ်မလုပ်တော့ဘူးဆိုရင် ပရိုတင်းဓာတ်တွေနဲ့ ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်ပစ္စည်းတွေ စုပုံလာပါလိမ့်မယ်။ သွေးတွေကလည်း အဆိပ်အတောက်တွေပါဝင်လာပြီး ကျောက်ကပ်ရောဂါတို့ တခြား ရောဂါတွေအများကြီး ဖြစ်လာပါလိမ့်မယ်။
ကျောက်ကပ်မှာ ပြဿနာရှိလာရင်
ဆီးအရောင်က ကော်ဖီ အရောင်လို ကိုကာကိုလာလို ပုံစံဖြစ်လာရင်တော့ ကျောက်ကပ်မှာ ပြဿနာရှိလာပါပြီ။
စိတ်လှုပ်ရှား၊ စိတ်ဖိစီးမှုတွေ များလာရင်
ခါးနာလာရင် (အထူးသဖြင့် ခါးအောက်ပိုင်း၊ ဗိုက်နဲ့ တစ်တန်းတည်း က အောင့်လာရင်)
ရေတစ်ချိန်လုံး ငတ်နေရင်
ခဏခဏ ဆီးသွားချင်ရင်
ခြေကျင်းဝတ်တွေ ရောင်လာမယ်၊ မျက်လုံးနေရာမှာ ယောင်လာမယ်။
မောပန်းနေမယ်
ဒီလက္ခဏာတွေက တခြား ရောဂါတွေကြောင့်လည်း ဖြစ်နိုင်တာကြောင့် ဒီအထဲက ၃ ချက်လောက်နဲ့ ငြိစွန်းနေရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
နံနံပင်
နံနံပင်က ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်တွေ ဆေးကြော ဖယ်ရှားပေးရာမှာ အစွမ်းထက်တဲ့ အပင်မျိုးဖြစ်ပါတယ်။ သူ့မှာ အားကောင်းတဲ့ Antioxidants တွေပါဝင်ပြီး ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက်တွေ ပြန်လည်အားကောင်းလာအောင် ဆဲလ်တွေ ပြန်လည်အားကောင်းလာအောင် ကူညီပေးပါတယ်။
သတ္တုဓာတ်တွေလည်း ကြွယ်ဝတာကြောင့် ကျောက်ကပ်ကျန်းမာရေးအတွက် ကောင်းမွန်ပြီး ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းများမှ အဆိပ်အတောက်တွေ အဆီတွေ ကိုဖယ်ရှားပေးနိုင်ပါတယ်။
ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို ကောင်းစေပြီး ပိုးဝင်မှု၊ အကြိတ်တွေကို ကာကွယ်နိုင်တဲ့ Beta-Carotene၊ Chlorophyll နဲ့ ဗီတာမင်စီတို့လည်း ပါဝင်ပါတယ်။
နံနံပင်မှာ ဆီးရွှင်အောင် ကူညီပေးနိုင်ပြီး မြင့်မားနေတဲ့ သွေးဖိအားကို လျော့ကျအောင်လည်း လုပ်ဆောင်ပေးနိုင်ပါတယ်။
သံပုရာသီး
သံပုရာသီးမှာ ဗီတာမင် စီ၊ ဘီတို့ ပါဝင်တာကြောင့် ကျောက်ကပ်ထဲမှာရှိတဲ့ သွေးကြောတွေကို ထောက်ပံ့ပေးပြီး ကျောက်ကပ်မှာရှိတဲ့ အဆိပ်အတေက်တွေ ဖယ်ရှာပေးနိုင်ပါတယ်။ သွေးဖိအားတွေ မြင့်နေရင်လည်း ကျဆင်းအောင် ကူညီပေးပါတယ်။
ဆိုဒီယမ် ပါဝင်မှုနည်းပြီး ပိုတက်ဆီယမ် ပါဝင်မှုများတာကြောင့် ကျောက်ကပ်ကျန်းမာရေးအတွက် အထူးသင့်လျော်ပါတယ်။
သံပုရာဖျော်ရည်သောက်တဲ့အခါမှာလည်း နံနံပင်ကိုထည့်သွင်း သောက်သုံးသင့်ပါတယ်။
ပြုလုပ်နည်း
နံနံပင် ၅ချောင်းလောက်တွေကို ရေတစ်လီတာထဲမှာ ပြုတ်လိုက်ပါ။ အဲ့ဒီ ပြုတ်ထားတဲ့ရေထဲမှာ နံနံပင်ရဲ့ အဆိပ်အတောက်တွေ ဖယ်ရှားနိုင်တဲ့ ဓာတ်တွေ ပါဝင်နေပါတယ်။ အဲ့ဒီရေထဲမှာကို သံပုရာသီးထည့်ပြီး သံပုရာ ဖျော်ရည်သောက်လို့ရပါတယ်။
မနက်စာ မစားခင် တစ်ခွက်၊ နေ့လည်စာမစားခင် တစ်ခွက်နဲ့ ညစာမစားခင် တစ်ခွက်သောက်သုံးသင့်ပါတယ်။ ဒီလိုမျိုး တစ်ပတ်မှာ၂ကြိမ်သောက်သုံးပေးရင် ကျောက်ကပ်ကျန်းမာရေးကို ကူညီပေးပါလိမ့်မယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Myfoodmyanmar
ေက်ာက္ကပ္ကိုသန္႔စင္ေပးႏိုင္တ့ဲနံနံပင္န႔ဲသံပုရာသီး
Reviewed by Naethit
on
Thursday, July 06, 2017
Rating:
Reviewed by Naethit
on
Thursday, July 06, 2017
Rating:

No comments