မေးစေ့ကိုကြည့်ပြီးခန့်မှန်းလို့ရတဲ့စိတ်နေစိတ်ထား
လေးထောင့်မှေးပိုင်ရှင် ယောက်ျားလေးတွေကတော့ လူတွေလွမ်းမိုးဖို့မလွယ်တဲ့ထဲ ပါတယ်။
၎) လုံးဝန်းတဲ့မှေးစေ့ပိုင်ရှင်.
၅) မှေးချွန်သူများ.
#Unicode Version#
လူတစ်ယောက်ရဲ့စိတ်နေစိတ်ထားကို သူတို့ရဲ့မှေးစေ့ကိုကြည့်ပြီး လေ့လာလို့ရတယ်နော်။ မှန်မမှန် တစ်ချက်လောက်ဖတ်ကြည့်ပါအုန်း
၁) လေးထောင့်ကျတဲ့မှေးစေ့ပိုင်ရှင်.
သူတို့လေးတွေက အရမ်းဆွဲဆောင်မှုရှိကြတယ်။ တစ်ခုခုကိုဆွေးနွေးပြီဆိုရင် စိတ်ပါလက်ပါဆွေးနွေးတယ်။ ကိုယ်ဘာစဉ်းစားနေတယ်ဆိုတာကိုလည်း ဖုံးကွယ်တတ်တဲ့သူတွေမဟုတ်ကြဘူး။
လေးထောင့်မှေးပိုင်ရှင် ယောကျ်ားလေးတွေကတော့ လူတွေလွမ်းမိုးဖို့မလွယ်တဲ့ထဲ ပါတယ်။
၂) တိုတဲ့မှေးစေ့ပိုင်ရှင်.
သူတို့လေးတွေကတော့ ဒေါသကြီးတတ်တယ်။ လောကကြီးက သူတို့အပေါ်တရားဘူးလို့ ခဏခဏထင်နေတတ်တယ်။
လူတွေနဲ့တော့ လိုက်လျောညီထွေပေါင်းသင်းဆက်ဆံတတ်ပါတယ်။ ဟာသလေးတွေလည်း လုပ်တတ်သေးတယ်။
၃) ပြားတဲ့မှေးစေ့ပိုင်ရှင်.
သူတို့ကတော့ အရာရာတိုင်းကိုသေချာချင်တယ်။ သူတို့ခန့်မှန်းထားတဲ့အတိုင်းပဲ ဖြစ်စေချင်တယ်။ အလုပ်မှာတော့ စိတ်ဓါတ်သန်သန်မာမာရှိတယ်။ ရည်မှန်းချက်လည်းကြီးတော့ ရာထူးကြီးကြီးရထားတတ်တယ်။
၄) လုံးဝန်းတဲ့မှေးစေ့ပိုင်ရှင်.
ထူးဆန်းတဲ့သူလေးသူတွေပေါ့။ သူတို့လေးတွေက ဘေးနားမှာရှိနေတဲ့သူတိုင်းကို ကူညီတတ်တဲ့သူတွေပါ။ သူတို့က နားလည်တတ်တယ်။ သနားတတ်တယ်။ နာကျင်စရာကောင်းတဲ့အချိန်တွေမှာ ဘယ်လိုရှင်သန်ရမယ်ဆိုတာ နားလည်ထားတယ်။ လူအများနဲ့ပူးပေါင်းဆောင်ရွက်ရတာကို သဘောကျကြတယ်။
၅) မှေးချွန်သူများ.
သူတို့လေးတွေကတော့ စိတ်ကူးယဉ်သမား။ သူတို့ကို အားကိုးလို့ရတယ်။ သူတို့က အချိန်ပြည့် တစ်ခုခုကိုတွေးနေတတ်တဲ့သူတွေပေ့ါ။
တစ်ယောက်ယောက်က သူတို့ကိုအကြံတောင်းဖို့သွားရင် သူတို့တွေက သေချာစဉ်းစားပြီး ကူညီပေးတယ်။ သူတို့သွားတဲ့နေရာတိုင်းကို ကိုယ်ချင်းစာတရားယူသွားသူတွေပေါ့။
၆) အောက်ရှူးသွားတဲ့ မှေးစေ့ပိုင်ရှင်.
သူတို့လေးတွေကတော့ စိတ်ဓါတ်ပျော့တယ်။ အလုပ်တစ်ခုခုလုပ်ရင်လည်း ပြီးအောင်မလုပ်နိုင်ကြဘူး။ ဒါပေမယ့် သူတို့က ငြိမ်းချမ်းရေးသမားတွေပါ။
ဖိုးသူတော် (www.phothutaw.com)
Credit: လင်း(ရွှေအင်းလေး)
မေးစေ့ကိုကြည့်ပြီးခန့်မှန်းလို့ရတဲ့စိတ်နေစိတ်ထား မေးစေ့ကိုကြည့်ပြီးခန့်မှန်းလို့ရတဲ့စိတ်နေစိတ်ထား Reviewed by Naethit on Wednesday, July 12, 2017 Rating: 5
No comments