အသက်အသေခံပြီး ကမ္ဘာ့တင်ပါးအကြီးဆုံးအဖြစ် စံချိန်တင်ရန် စီစဉ်နေတဲ့ အမျိုးသမီး


အမေရိကန်လူမျိုး အမျိုးသမီးဖြစ်တဲ့ Bobbi-Jo Westley(42နှစ်)က သူ့အနေနဲ့ အသက်တောင်အသေခံပြီး ကမ္ဘာ့တင်ပါးအကြီးဆုံးအမျိုးသမီးအဖြစ် ဂင်းနစ်စံချိန်သစ်တင်နိုင်ဖို့ ကြိုးစားသွားမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ခန္ဓာကိုယ်အလေးချိန် ပေါင်(518)ပေါင်ရှိတဲ့ Bobbi-Jo Westleyဟာ လက်ရှိအချိန်မှာ သူ့ရဲ့တင်ပါးဟာ (95)လက်မသာ ရှိသေးပါတယ်။

ကမ္ဘာ့တင်ပါးအကြီးဆုံးအမျိုးသမီးအဖြစ် စံချိန်တင်ထားသူက Mikel Ruffinelli ဆိုသူအမျိုးသမီးဖြစ်ပြီး သူမဟာ တင်ပါး (99)လက်မနဲ့ ဂင်းနစ်စံချိန်တင်ထားခဲ့ပါတယ်။ အဲဒီစံချိန်ကို လိုက်မီပြီးကျော်ဖြတ်ဖို့အတွက် Bobbi-Jo Westleyက ကြိုးစားနေတာဖြစ်ပါတယ်။


Bobbi-Jo Westleyရဲ့ဒေါက်တာက သူမအနေနဲ့ တင်ပါးကြီးအောင်ကြိုးစားပါက အချိန်မရွေး အသက်အန္တရာယ်ကျရောက်နိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ ဒါပေမယ့် Bobbi-Jo Westleyကတော့ သူမရဲ့ဘ၀ကို နောက်လူတွေသိရှိနိုင်မယ့် မှတ်တမ်းတစ်ခုထားရှိလိုတာကြောင့် ဒေါက်တာကို ပြောစကားကို နားမထောင်ဘဲ အခုလို တင်ပါးကြီးအောင် ကြိုးစားနေတာဖြစ်ပါတယ်။

Bobbi-Jo Westleyက ”တစ်ခါတစ်လေ ကျွန်မရဲ့ ကျန်းမာရေးကို စိုးရိမ်မိပါတယ်။ တဖြည်းဖြည်း အ၀လွန်လာတာဟာ ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာလည်း သိရပါတယ်။ ဆရာဝန်ကတော့ သေရမှာ ကြောက်ရင်အမြန်ဆုံး ၀ိတ်ချသင့်တယ်လို့ အကြံပေးခဲ့ပါတယ်။ ဒါပေမယ့် အခု ကျွန်မ လုပ်စရာတစ်ခုကျန်သေးလို့ ဖြစ်ပါတယ်။ ကျွန်မရဲ့ အကြောင်းကို မှတ်တမ်းတစ်ခု၊ စံချိန်တစ်နဲ့ သမိုင်းမှာထားခဲ့ချင်ပါတယ်။ အဲဒါက ကမ္ဘာ့တင်ပါးအကြီးဆုံးအမျိုးသမီဖြစ်ဖို့ပါ”လို့ ပြောဆိုခဲ့ပါတယ်။

Bobbi-Jo Westleyဟာ အိမ်ထောင်ရှင်မတစ်ဦးဖြစ်ပြီး နယူးယော့ခ်မြို့မှာ နေထိုင်သူဖြစ်ပါတယ်။ သူမရဲ့ တင်ပါးကြီးမှုနဲ့လည်း ပတ်သက်ပြီး ”ကျွန်မရဲ့ တင်ပါးဟာ ကျွန်မကို အဆုံးစွန်ဆုံး ရူးသွပ်မှုဖြစ်စေခဲ့ပါတယ်။ နောက်ပြီး ကျွန်မရဲ့ တင်ပါးနဲ့ ပတ်သက်ပြီး အင်တာနက်မှာ ပရိသတ်တွေလည်းရှိပါတယ်”လို့ ပြောဆိုခဲ့ပါသေးတယ်။

ource ; mirror.co.uk
Credit; M2T (Shwemom)
အသက်အသေခံပြီး ကမ္ဘာ့တင်ပါးအကြီးဆုံးအဖြစ် စံချိန်တင်ရန် စီစဉ်နေတဲ့ အမျိုးသမီး အသက်အသေခံပြီး ကမ္ဘာ့တင်ပါးအကြီးဆုံးအဖြစ် စံချိန်တင်ရန် စီစဉ်နေတဲ့ အမျိုးသမီး Reviewed by Naethit on Sunday, July 09, 2017 Rating: 5

No comments