ချစ်သူရည်းစားဖြစ်ခါစမှာ မိန်းကလေးတွေ ဘယ်တော့မှ မပြောပြတဲ့အရာ (၅)ခု
မိန်းကလေးတွေက နားလည်ရခက်ကြပါတယ်။ သူတို့ ဘာလိုချင်လဲ၊ ဘာဖြစ်ချင်လဲ၊ သူတို့စိတ်ထဲမှာ ဘာတွေရှိနေလဲဆိုတာကို အပြည့်အ၀နားလည်နိုင်တဲ့ ယောင်္ကျာလေး မရှိသလောက်ရှားပါလိမ့်မယ်။ ဒီလို နားလည်ရခက်တဲ့အထဲကမှ ချစ်သူရည်းစားဖြစ်ခါစမှာ မိန်းကလေးတွေဖက်က ဖွင့်ပြောလေ့မရှိပဲ အချိန်ကြာမှ သိလာနိုင်တဲ့ အချက်(၅)ခုကို ဖော်ပြလိုက်ပါတယ်။
၁။ ယောင်္ကျားလေး ဘယ်နှစ်ယောက်နဲ့ အတူနေခဲ့ဖူးလဲဆိုတာ…
ဒါလေးများ အတင်းမေးလို့ရနိုင်တာပဲလို့ ထင်မိပါသလား။ သင်အနေနဲ့ အတင်းမေးရင်တော့ မိန်းကလေးတွေက ပြောပြမှာပါ။ ဒါပေမယ့် တကယ်အတူနေခဲ့ဖူးတဲ့ အရေအတွက်ရဲ့ နှစ်ဆဖြစ်နေနိုင်သလို ထက်ဝက်လျှော့ပြီး ပြောတာလည်း ဖြစ်နိုင်ပါတယ်။ သူတို့ပြောတဲ့ အရေအတွက်က သူ့တို့နဲ့ပတ်သက်ပြီး ဘယ်လိုထင်စေချင်လဲ ဆိုတာပေါ်မှာ မူတည်ပါတယ်။ ဘယ်တော့မှ အရေအတွက် အမှန်ကိုပြောမှာမဟုတ်ပါဘူး။
၂။ အပျော်တွဲချင်တယ်ဆိုတာ…
မိန်းကလေးတွေကလည်း အပျော်တွဲချင်တာမျိုး ရှိပါတယ်။ ဒါပေမယ့် ဒီအကြောင်းကို ဘယ်တော့မှပြောမှာ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်နေပါစေ။ သူတို့ကို တန်ဖိုးထားတာမျိုးကိုပဲ လိုချင်တာကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် အခြေအနေမဟန်ရင် သူတို့ဖက်က အကြောင်းအမျိုးမျိုးပြပြီး လမ်းခွဲသွားပါလိမ့်မယ်။ ကံမကောင်းရင် သင့်အမှားအနေနဲ့တောင် ခေါင်းစဉ်တပ်ခံရနိုင်ပါတယ်။ ဒါပေမယ့် သူတို့က အပျော်တွဲချင်တာပါ။
၃။ အလှပြင်ပစ္စည်းတွေအတွက် အများကြီးသုံးစွဲတာ….
သင့်ကောင်မလေးက သဘာဝအတိုင်းလှပနေပြီး မနက်ခင်းတိုင်း၊ ညခင်းတိုင်းမှ လှပနေတယ်လို့ အထင်ကြီး မစောပါနဲ့ဦး။ ဘာဖြစ်လို့လဲဆိုတော့ မိတ်ကပ်တွေ မသုံးပဲ လှနေအောင် ဒါမှမဟုတ် မိတ်ကပ်မသုံးဘူးလို့ ထင်ရလောက်အောင် သုံးရတဲ့ အလှကုန်နဲ့ မိတ်ကပ်တွေရဲ့ ကုန်ကျစရိတ်က သာမန်မိတ်ကပ်တွေရဲ့ နှစ်ဆလောက်ရှိပြီး သင့်တစ်လစာ ဈေးသုံးစရိတ်ရဲ့ သုံးဆလောက် ရှိပါတယ်။
၎။ နေ့တိုင်းမှာ အခြားကောင်လေးအသစ်တစ်ယောက်ကို ကြိတ်ကြွေလေ့ရှိတာ….
ယောင်္ကျားလေးတွေက ကောင်မလေးချောချောလေးတွေရင် တစ်ချက်လောက်တော့ ကြည့်လိုက်မိသလိုမျိုးပါပဲ။ နေ့စဉ်နေ့တိုင်း မိန်းကလေးတွေ စိတ်ထဲမှာ ကြိတ်ကြွေမိသွားတဲ့ ကောင်လေးတွေရဲ့ အရေအတွက်က ခန့်မှန်းမရနိုင်ပါဘူး။
၅။ အပြာကား ဘယ်လောက်ထိ ကြည့်ဖူးတာ/ ကြည့်နေတာ….
များသောအားဖြင့်တော့ မိန်းကလေးတွေရဲ့ ကိုးဆယ်ရာခိုင်နှုန်းလောက်က အပြာကားမကြည့်ဖူးဘူးလို့ ဖြေပါလိမ့်မယ်။ ကျန်တဲ့ ဆယ်ရာခိုင်နှုန်းက ကြည့်ဖူးတယ်လို့ ဖြေရင်တောင်မှ ဘယ်လောက်များများကို ကြည့်ဖူးလဲဆိုတာ အတိအကျပြောမှာ မဟုတ်ပါဘူး။ ဟုတ်ပါတယ်။ သူတို့က အိနြေ္ဒကို ထိန်းရတာကြောင့်ပါ။
Credit-gentleman
ချစ်သူရည်းစားဖြစ်ခါစမှာ မိန်းကလေးတွေ ဘယ်တော့မှ မပြောပြတဲ့အရာ (၅)ခု
Reviewed by Naethit
on
Monday, July 10, 2017
Rating:
Reviewed by Naethit
on
Monday, July 10, 2017
Rating:

No comments