လူတိုင်းစမ်းကြည့်သင့်တဲ့ စမတ်ဖုန်းတွေရဲ့အသုံးဝင်ပုံ (၄) မျိုး


ကျွန်တော်တို့ဟာ ဖုန်းတစ်လုံး ရလိုက်ပြီဆိုတာနဲ့ စာရိုက်တာ ၊ ဗီဒီယိုတွေကြည့်တာ နဲ့ မိမိနှစ်သက်ရာ Applicationတွေကို အသုံးပြုကြပါတယ်။ ဒါ့အပြင် ထပ်မံ စမ်းသပ်ကြည့်သင့်တဲ့ အသုံးဝင်မှုလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

၁။ SD Card အသုံးပြုခြင်းAndroid ဖုန်းတွေမှာဆိုရင် SD Card ထည့်သွင်းနိုင်မယ့် အပေါက်လေး တစ်ပေါက်ပါရှိပါတယ်။ ဖုန်းထဲမှာလည်း မာမိုရီနေရာလွတ်တွေရှိနေပေမဲ့ ပြည့်သွားတဲ့အခါကျ SD Cardထဲကို အကူးအပြောင်းလုပ်နိုင်ပါတယ်။ ဥပမာအားဖြင့် သီချင်းတွေ ၊ ဓာတ်ပုံတွေပါပဲ။ တခြားဖုန်းတစ်ခု ပိုင်ဆိုင်လာခဲ့ရင်တောင် အဲဒီ SD Card နဲ့ပဲ ထပ်မံအသုံးပြုနိုင်ပါသေးတယ်။

 ၂။ Safe Mode အသုံးပြုပြီး Restart/Reboot ပြုလုပ်ခြင်းဘယ်လိုမျိုး Restart/Reboot ပြုလုပ်ရမယ်ဆိုတာမသိရင် တချို့ Applicationတွေဟာ သုံးလို့မရဖြစ်တတ်ပါတယ်။ ဖုန်းရဲ့ Power ခလုတ်ကိုအကြာကြီး ဖိထားပြီး Restart/Reboot ပြုလုပ်ပါ။ ပြန်ပွင့်လာတာနဲ့တပြိုင်နက် အသံတိုးတဲ့ခလုတ်ကို ဖိထားလိုက်ပါ။ ဒါဆို သင့်ရဲ့ ဖုန်းဟာ Safe Mode မှာ စတင်အသက်ဝင်နေပါပြီ။

၃။ Voicemail အသုံးပြုခြင်းဒါဟာ Miss call တွေအတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။ ဖုန်းခေါ်ဆိုရမယ့် စခရင်ထဲရောက်သွားပြီဆိုတာနဲ့ နံပါတ် ၁ ကို ခပ်ကြာကြာ ဖိနှိပ်ထားလိုက်ပါ။ ပြီးတာနဲ့ သင်ဟာ Voice Mail ရဲ့ Setting ထဲကို ရောက်ရှိသွားမှာပဲဖြစ်ပါတယ်။ Google Voice ကိုလည်း အသုံးပြုနိုင်ပါတယ်။

 ၄။ အင်တာနက်အသုံးပြုမှုအတွက် Notifications ထားရှိခြင်းဖုန်း Setting ထဲက Data Usage ကို သွားပါ။ နောက်ထပ် Setting Menu တစ်ခုတွေ့ရပါလိမ့်မယ်။ အဲဒီမှာ သင်အသုံးပြုမယ့် Data ပမာဏကို ရွေးချယ်ပြီးပြီဆိုတာနဲ့ Notifications ရရှိနိုင်ပါပြီ။ တချို့သော Applications တွေဟာဆိုရင် အင်တာနက် ဖွင့်လိုက်တာနဲ့ ဖုန်းရဲ့ စွမ်းဆောင်ရည်တွေကို ကျဆင်းစေနိုင်လို့ပါပဲ။

Ref:lifeadavncer
လူတိုင်းစမ်းကြည့်သင့်တဲ့ စမတ်ဖုန်းတွေရဲ့အသုံးဝင်ပုံ (၄) မျိုး လူတိုင်းစမ်းကြည့်သင့်တဲ့ စမတ်ဖုန်းတွေရဲ့အသုံးဝင်ပုံ (၄) မျိုး Reviewed by Naethit on Saturday, July 15, 2017 Rating: 5

No comments