တိုင္းျပည္ပ်က္ခ်င္ရင္ ဆိုင္းဘုတ္လာျဖဳတ္လို႔ ျပန္လည္မိန္႔ၾကားလိုက္တဲ့ ဇြဲကပင္ဆရာေတာ္


ကရင္ျပည္နယ္၀န္ၾကီးခ်ဳပ္ႏွင့္အဖြဲ႔မ်ားက ဇြဲကပင္ဆရာေတာ္ ဦးက၀ိဓဇ ထံသို႔ မဘသ ဆိုင္းဘုတ္မ်ား ျဖဳတ္သိမ္းေပးရန္ သြားေရာက္ ေလွ်ာက္ထားရာတြင္ ဇြဲကပင္ဆရာေတာ္ၾကီးက ယခုကဲ့သို႔ မိန္႔ေတာ္မူလိုက္သည္။



00:00
/
00:00
00:00
’’ ေျပာလိုက္တယ္ ဒီက။ တိုင္းျပည္ပ်က္ခ်င္ရင္ လာျဖဳတ္လို႔ ေျပာလိုက္တယ္’’လို႔မိန္႔ေတာ္မူလိုက္ေၾကာင္း ဇြဲကပင္ဆရာေတာ္က အကုန္သိသတင္းဌာနကို မိန္႔ေတာ္မူလိုက္သည္။ ေအးေအးေဆးေဆးေနခ်င္ ရင္ ဘာမွမျဖစ္ဘူးလို႔။ဆိုင္းဘုတ္ျဖဳတ္တဲ့ေန႔က တိုင္းျပည္ပ်က္တဲ့ေန႔ပဲလို႔ ဆရာေတာ္က မိန္႔ ၾကားခဲ့သည္။

ကရင္ျပည္နယ္၀န္ၾကီးခ်ဳပ္က ဆရာေတာ္၏ ဒကာသံုးေယာက္ကို ေခၚျပီး ဆိုင္းဘုတ္မ်ားကို ျဖဳတ္ေပးပါလို႔ေျပာၾကားခဲ့သည့္အေပၚ မျဖဳတ္ႏိုင္ဘူးလို႔ မိန္႔ၾကားခဲ့ျခင္းျဖစ္ျပီး ၊တရားဥပေဒေဘာင္အတြင္းမွ သာ အလုပ္လုပ္ကိုင္ ေနတာျဖစ္ေၾကာင္း၊ မဘသဆိုင္းဘုတ္ျဖဳတ္ခ်င္ပါက တိုင္းျပည္ပ်က္ခ်င္ရင္ ဆိုင္းဘုတ္ျဖဳတ္လို႔သာ ျပန္လည္ေျပာဆိုခဲ့ေၾကာင္း ဆရာေတာ္က မိန္႔ ၾကားခဲ့သည္။

ဇူလိုင္ ၇ ရက္ေန႔ကလည္း ဇြဲကပင္ဆရာေတာ္ဆီသို႔ ဒကာတစ္ေယာက္က ဖံုးဆက္ရာတြင္ ဆရာေတာ္အား ဖမ္းသြားသည္ဟု ေျပာဆိုေၾကာင္း၊ ထို႔ေၾကာင့္ ဆရာေတာ္အေနျဖင့္ သတၱိရွိရင္ လာဖမ္းပါဟု ျပန္လည္မိန္႔ၾကားခဲ့ေၾကာင္း အကုန္သိသတင္းဌာနကို မိန္႔သည္။

’’တိုင္းျပည္ေအးေအးေဆးေဆးေနခ်င္ရင္ ေအးေအးေဆးေဆးလုပ္။ ဘုန္းၾကီးေတြကို လိုက္လုပ္ေနရင္ေတာ့ တိုင္းျပည္ပ်က္ဖို႔သာ က်န္ေတာ့’’ဟု ဇြဲကပင္ဆရာေတာ္က မိန္႔ေတာ္မူသည္။

Credit – Akonthi
============

Unicode

“ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့များက ဇွဲကပင်ဆရာတော် ဦးကဝိဓဇ ထံသို့ မဘသ ဆိုင်းဘုတ်များ ဖြုတ်သိမ်းပေးရန် သွားရောက် လျှောက်ထားရာတွင် ဇွဲကပင်ဆရာတော်ကြီးက ယခုကဲ့သို့ မိန့်တော်မူလိုက်သည်။

’’ ပြောလိုက်တယ် ဒီက။ တိုင်းပြည်ပျက်ချင်ရင် လာဖြုတ်လို့ ပြောလိုက်တယ်’’လို့မိန့်တော်မူလိုက်ကြောင်း ဇွဲကပင်ဆရာတော်က အကုန်သိသတင်းဌာနကို မိန့်တော်မူလိုက်သည်။ အေးအေးဆေးဆေးနေချင် ရင် ဘာမှမဖြစ်ဘူးလို့။ဆိုင်းဘုတ်ဖြုတ်တဲ့နေ့က တိုင်းပြည်ပျက်တဲ့နေ့ပဲလို့ ဆရာတော်က မိန့် ကြားခဲ့သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်က ဆရာတော်၏ ဒကာသုံးယောက်ကို ခေါ်ပြီး ဆိုင်းဘုတ်များကို ဖြုတ်ပေးပါလို့ပြောကြားခဲ့သည့်အပေါ် မဖြုတ်နိုင်ဘူးလို့ မိန့်ကြားခဲ့ခြင်းဖြစ်ပြီး ၊တရားဥပဒေဘောင်အတွင်းမှ သာ အလုပ်လုပ်ကိုင် နေတာဖြစ်ကြောင်း၊ မဘသဆိုင်းဘုတ်ဖြုတ်ချင်ပါက တိုင်းပြည်ပျက်ချင်ရင် ဆိုင်းဘုတ်ဖြုတ်လို့သာ ပြန်လည်ပြောဆိုခဲ့ကြောင်း ဆရာတော်က မိန့် ကြားခဲ့သည်။

ဇူလိုင် ရ ရက်နေ့ကလည်း ဇွဲကပင်ဆရာတော်ဆီသို့ ဒကာတစ်ယောက်က ဖုံးဆက်ရာတွင် ဆရာတော်အား ဖမ်းသွားသည်ဟု ပြောဆိုကြောင်း၊ ထို့ကြောင့် ဆရာတော်အနေဖြင့် သတ္တိရှိရင် လာဖမ်းပါဟု ပြန်လည်မိန့်ကြားခဲ့ကြောင်း အကုန်သိသတင်းဌာနကို မိန့်သည်။

’’တိုင်းပြည်အေးအေးဆေးဆေးနေချင်ရင် အေးအေးဆေးဆေးလုပ်။ ဘုန်းကြီးတွေကို လိုက်လုပ်နေရင်တော့ တိုင်းပြည်ပျက်ဖို့သာ ကျန်တော့’’ဟု ဇွဲကပင်ဆရာတော်က မိန့်တော်မူသည်။

Credit – Akonthi
တိုင္းျပည္ပ်က္ခ်င္ရင္ ဆိုင္းဘုတ္လာျဖဳတ္လို႔ ျပန္လည္မိန္႔ၾကားလိုက္တဲ့ ဇြဲကပင္ဆရာေတာ္ တိုင္းျပည္ပ်က္ခ်င္ရင္ ဆိုင္းဘုတ္လာျဖဳတ္လို႔ ျပန္လည္မိန္႔ၾကားလိုက္တဲ့ ဇြဲကပင္ဆရာေတာ္ Reviewed by Naethit on Monday, July 10, 2017 Rating: 5

No comments