ဆိုင်ဖွင့်ထားတဲ့ သူတွေ အကုန်လုံး သတိထားရအောင်ပါ



မနေ့က ယမုံ့ဆိုင်ကို ပုံထဲက ကုလားမ ရောက်လာပါတယ်.. ညနေ ၄ နာရီလောက် … ကိုယ်ပဲ ကံကောင်းတာလား မသိ ဘူး.. ဖြစ်ချင်တော့ မနေ့က ဆိုင်မှာ လူစုံတယ်.. အဖေရယ် ကိုယ်ရယ် ဆွိရယ် အန်တီကေရယ် ၄ ယောက်တောင် ရှိနေ တယ်..

သူဝင်လာတော့ ယမုံတို့က တအိမ်အိမ်က အလုပ်သမားကို ပစ္စည်းလာယူခိုင်းတယ် ထင်ပြီး ဘာလာယူတာလဲလို့ မေးေ တာ့ သူက လာဝယ်တာတဲ့.. လက်ဆောင်ပေးဖို့ လာဝယ်ခိုင်းလိုက်လို့ Facial foam, scrub, မျက်နှာလိမ်းတဲ့ နို့ရည် လိုချင်တယ် ဆိုပြီးပြောတယ်..

အဲ့ဒါနဲ့ ဘယ်အသက်အရွယ်ကိုပေးမှာလဲဆိုပြီး မေးတော့ အသက် ၁၉ နှစ်တဲ့ .. အဲ့ဒါနဲ့ ဒါဆို Innisfree Green Tea Set တော့ ရှိတယ် .. လက်ဆောင်ပေးလို့လည်း လှတယ်လို့ ပြောတော့ ယူမယ်.. လက်ဆောင်ပေးမှာမို့ Packing ထု ပ်ပေးပါတဲ့ .. Packing paper တော့ မရှိဘူး .. အိတ်လှတာနဲ့ ထည့်ပေးမယ်ဆိုလည်းမရဘူး .. အတင်းထုပ်ခိုင်းတာနဲ့ ရှိတဲ့ Paper နဲ့ ရအောင် ထုပ်ပေးလိုက်တယ်..

ထုပ်ပြီးသွားတော့လည်း ဟိုဟာမေး ဒီဟာမေးနဲ့ အကျီတွေကိုတွေ့တော့ ရောင်းတာလားတဲ့ … ဟုတ်တယ် ရောင်းတာပါ … ဒါပေမဲ့ Preorder များပါတယ်.. Instock သိပ်မရောင်းဘူးလို့ ပြောတော့ သူ့ size ရှိလား ဆိုပြီး မေးတယ်.. L တွေ XL တွေက လူဝတ်နည်းတော့ မတင်ပါဘူး လို့ ပြန်ပြောတော့ ရှိတဲ့ L size တထည်ကို ဝတ်ကြည့်လို့ရမလားဆိုပြီး ဝတ်ကြည့်လိုက်သေးတယ်….

သူ့ size မဟုတ်တာတွေကိုလည်း ဟိုမေး ဒီမေးနဲ့ နောက်ဆုံး Small size အကျီတထည်ကိုလည်း ယူမယ်နော်တဲ့ … ပိုက်ဆံရှင်းဖို့လည်း ကျတော့ သူတို့လာမှ ရှင်းလိမ့်မယ်တဲ့ ဆိုပြီး ထိုင်နေတယ်.. နောက်ပြီး ပြောသေးတယ်.. delivery လည်း ပို့တယ်မလားတဲ့ .. delivery ပို့တယ်ဆို ပစ္စည်းထားခဲ့လိုက်မယ်.. ပို့ပေးလိုက်ပါတဲ့ … ကိုယ်တောင် ကြောင် သွားတယ်..

မဟုတ်ဘူးလေ .. အစ်မက မှာခဲ့ချင်တာလား .. လာဝယ်တာလား .. အစ်မအိမ်ကသူတွေ လိုက်လာရင် ရှင်းမယ်ဆိုလို့ .. မေးလိုက်တော့လည်း ဟုတ်တယ်လေ တဲ့ … စကားတွေက ရှေ့နောက်မညီဘူး.. အမှန်တော့ သူက လစ်ရင် သုတ်မ လို အချိန်ဆွဲပြီး အခါကောင်းကို စောင့်နေတာ..

အဲ့အချိန်မှာ အစ်မဝမ်းကွဲနဲ့ တူမလေး ရောက်လာတော့ အစ်မက အိမ်ရှေ့ ဆိုဖာပေါ်မှာ ပိုက်ဆံအိတ်ကို တင်လိုက်ပြီး အထဲဝင်လာတယ်.. စကားတွေပြောပြီး ခေါက်စားပွဲခုံ ခင်းပြီးတဲ့အချိန်မှာ အစ်မက ရုတ်တရက် စိတ်ထဲထင့်သွားလို့ ရွှေတွေလည်း ပါနေတော့ သတိရသွားပြီး သူ့ ပိုက်ဆံအိတ်ကို ထသွားသိမ်းတယ်..

အဲ့ ကုလားမဘေးမှာပဲ ပိုက်ဆံအိတ်ကို ဖွင့်လိုက်တော့ အထဲက ပိုက်ဆံထည့်တဲ့ အိတ်က ပွင့်နေပြီး တစ်သောင်းတန်တ ရွက်မှ မရှိတော့ဘူး.. ခုလေးတင် ကားဆီဖိုးဆိုပြီး တစ်သောင်းတန် ၅ ရွက် ၅၀၀၀၀ ထုတ်ပေးပြီး ကျန်တဲ့ ၁၇ ရွက် ၁၇၀၀၀၀ ကို အိတ်ထဲ သေချာပြန်ထည့်ပြီး အိမ်ကိုရောက်လာတာ.. ဓါတ်ဆီဆိုင်နဲ့ အိမ်နဲ့က ၅ မိနစ်တောင်မကြာဘူး.. အကို့ကို ဖုန်းဆက်ပြီး ကားပေါ်မှာ ကျနေလားဆိုပြီး ဖုန်းဆက်မေးတော့လည်း ကျ မနေတဲ့အပြင် အကိုကိုယ်တိုင်တောင် အိတ်ထဲ ပိုက်ဆံ ပြန်ထည့်လိုက်တာ မြင်တယ်လေ ဆိုပြီး ပြောတော့ အဲ့မှာ သေချာသွားပြီ.. ဒါနဲ့ မေးလည်းမေးရော သူကပဲ စိတ်ဆိုးတဲ့ပုံနဲ့ အမယ်လေး ရတယ် စစ်ပါ ဆိုပြီး ထမီတွေ ခါပြ .. ဘော်လီတွေ ဖြဲပြနဲ့ လုပ်တာ..

ကိုယ်တွေက အားနာတတ်တော့ တကိုယ်လုံး စမ်းတော့ မစစ်လိုက်ဘူး.. သူ့ ပိုက်ဆံအိတ် ဖွင့်ရှာတော့လည်း ၃၀၀၀ ပဲ ပါတယ်.. အဲ့ဒါနဲ့ ကိုယ်တွေ အကုန်လုံး အိမ်ပတ်လည်ရော အထဲမှာပါ လိုက်ရှာကြတာ.. အစ်မကလည်း သူ့ကို ထပ်စစ်ေ တာ့ ကျွန်မကို စစ်တာ ၃ ခါ ရှိပြီနော် ဆိုပြီး ကျွန်မက ဗိုက်ကြီးနဲ့ ကျွန်မတို့ ဟိန္ဒူဘုရားကျောင်းမှာ အုန်းသီးသွားခွဲလိုက် ရင် ဗိုက်ကြီးသည်ကို စွပ်စွဲရင် သွေးအန်တယ်တွေရော ဘာတွေရော လျှောက်ပြောရာ .. ကျွန်မ မွေးနေ့ပွဲ ရှိသေးတယ်.. သွားရဦးမယ်ဆိုပြီး ပြောတော့ ခဏနေဦး ဆိုပြီး သူ့ကို ဆွဲထားတယ် ..



အဲ့ဒါနဲ့ အစ်မကလည်း လုံးဝသေချာတယ်ဆိုပြီး အကို့ကို ဖုန်းဆက် ရဲခေါ်မယ်ပေါ့ လုပ်တော့ … ဂဂအစ်မတို့ မယုံရင် ကျွန်မ အစ်မတွေက ဟုန်ဖုန်းမှာ အလှပြင်နေတယ်တဲ့ ကျွန်မတို့ဆိုင် လိုက်ခဲ့ ဆိုပြီး ပြောရော .. အဲ့မှာ အကိုလည်း ရောက်လာရော ခင်ဗျား ဝန်ခံလိုက် မှန်မှန်ပြောရင် ခင်ဗျားကို ရဲမခေါ်ဘူး ဘာညာပြောလည်း သူက ဝန်မခံဘူး.. အဲ့ဒါနဲ့ ရဲသွားခေါ်တဲ့အချိန်မှာ …

သူ့ကို ” အစ်မပြောတော့ အိမ်ကသူတွေ နောက်ကလိုက်လာမယ်ဆို.. ဘာလို့မလာသလဲ မေးတော့ သူတို့က သွားနှ င့်ပြီထင်တယ်တဲ့ သူ့ဖုန်းက ကျန်ခဲ့တော့ ဆက်လို့မရဘူး ဖြစ်နေလို့ ” တဲ့

” ဟုတ်ပြီ ဒါဆို ဖုန်းနံပါတ်ပြော ကျွန်မတို့ဆက်မယ်” ဆိုတော့ ဖုန်းနံပါတ် အလွတ်မရဘူးတဲ့ .. ဒါဆို အစ်မ နံပါတ်ပြော .. အစ်မဖုန်း ကျန်ခဲ့တာဆို အစ်မရဲ့အိမ်က တစ်ယောက်ယောက်ကိုင်လိမ့်မယ် .. ပြော ဆိုတော့လည်း သူ့ နံပါတ် သူ မမှတ်မိဘူးတဲ့ ..


ဖြစ်နိုင်မလား စဉ်းစားကြည့် .. သူ ဒီဆိုင် ရောက်နေတာ ၃ နာရီလောက် ရှိနေပြီ ခုချိန်ထိ တစ်ယောက်မှကလည်း လိုက် မလာဘူး… နောက်ပြီး ယမုံ့ဆိုင်ဆိုတာ online က သိတဲ့သူပဲ လာဝယ်တာ.. ဖြတ်သွားဖြတ်လာသူတွေက ဘာဆိုင်မှ န်းတောင် သိတာ မဟုတ်ဘူးလေ.. သူက ယမုံဆိုင်ကို ဘယ်လိုသိလဲမေးတော့ မဖြေနိုင်ဘူး..

သူပြောတဲ့ သူ့အစ်မတွေ ဘယ်နားက ဘယ်ဆိုင်မှာ ပြင်နေတာလဲ မေးတော့လည်း ဟုန်ဖုန်း တဲ့ ဟုန်ဖုန်းဆိုတာ စမ်းေ ချာင်းမှာမရှိဘူး လို့ထောက်ပေးလိုက်တော့ သံယောင်လိုက်ပြီး ဟုန်ဖ တဲ့ … ဟုန်ဖမှာ ဘယ်တော့မှ မိတ်ကပ်မပြင် ဘူးေ လ … Hair styling သီးသန့်ပဲ .. နေရာမေးတော့လည်း မြေနီကုန်းတွေရော လျှောက်ပြောနေတာ..



အဲ့အချိန်မှာ လုံးဝသေချာနေပြီ.. ရဲလည်း ရောက်လာရော အစက ဒင်းက ရဲမေတွေက အရပ်ဝတ်နဲ့ဆိုတော့ မကြောက် ဘူး.. နောက်က ရဲက ရဲယူနီဖောင်း အပြည့်နဲ့လည်း တွေ့လိုက်ရော ဘာမှတောင် မစစ်ရသေးဘူး.. မှန်မှန်ပြောနော် .. စခန်းရောက်မှ စစ်လို့မိရင် ပိုဆိုးမယ် ထောင်ကျမှာနော် .. ခုချိန် ဝန်ခံရင် အချိန်မီသေးတယ်.. ယူထားရင် ခုချက်ချင်း ပြန်ပေးလိုက် ဆိုပြီး စစ်လည်း စစ်ရော ..

သူက ဗိုက်ကြီးနဲ့မို့ ပိုက်ဆံမရှိလို့ လုပ်မိတာပါ.. သူ့ကို ရဲစခန်းတော့ မပို့ပါနဲ့ .. နောက်က လိုက်မဲ့သူ မရှိလို့ပါ ဆိုပြီး ငိုမဲ့မဲ့ရုပ်နဲ့ ပိုက်ဆံကို ဘော်လီ ဂျိုင်းကြားထဲက ထုတ်ပေးတာ…

လုပ်စားနေကြဆိုတော့ ဘယ်ချိန်မှာ ဘယ်တုန်းက ဘယ်လို အမြန်ထည့်လိုက်လဲ မသိဘူး.. အလစ်စောင့်နေတာများ..

အမှန်တော့ သူက ကိုယ့်ဆိုင်ကို target ထားပြီး လာတာ.. ကြားထဲက အစ်မက ဓါးစာခံဖြစ်သွားပေမဲ့ အစ်မကလည်း ဘုရားတရားလုပ်တော့ ချက်ချင်း ဘာရယ်မဟုတ်ဘူး စိတ်ကထင့်သွားပြီး သိလိုက်တာ… ကိုယ်ရော အစ်မရော ကံကောင်းသွားတယ်..

နောက် ဆိုင်ဖွင့်ထားတဲ့သူတွေ သတိထားကြပါ.. ဖြစ်နိုင်ရင် CCTV တပ်ထားပြီး ဆိုင်မှာစောင့်တဲ့ အဖော် ရှိတာ ကောင်းမယ်.. ယမုံလည်း နောက်ဆို တော်တော်သတိထားရမယ်..

May Yamone
Source : goo.gl/MfdsBb

Credit – Sunthit
ဆိုင်ဖွင့်ထားတဲ့ သူတွေ အကုန်လုံး သတိထားရအောင်ပါ ဆိုင်ဖွင့်ထားတဲ့ သူတွေ အကုန်လုံး သတိထားရအောင်ပါ Reviewed by Naethit on Saturday, July 15, 2017 Rating: 5

No comments