အင်္ဂါနေ့မွေးဖွားသူတို့အကြောင်းတစေ့တစောင်း...။




CHAN (ရွှေအင်းလေး)



#Unicode Version#
ဒီနေ့တော့ အင်္ဂါသားသမီးတွေရဲ့ ကောင်းကြောင်း ၊မကောင်းကြောင်းလေးတွေကို ဖော်ပြပေးသွားပါဦးမယ်။ အင်္ဂါသားသမီး အများစုရဲ့ စိတ်နေသဘောထားတွေကို လေ့လာပြီး ဖော်ပြထားတာဖြစ်လို့ အပျော်တမ်းအနေနဲ့ဖြစ်ဖြစ် ကိုယ်နဲ့ ကွက်တိမှန်သွားတဲ့ အချက်တွေရှိရင် ပြောခဲ့ပေးပါဦးနော်..

– သွက်လက်တက်ကြွပြီး ဆွဲဆောင်မှုတစ်မျိုးရှိကြတယ် ။
– သတ္တိရှိပြီး အလုပ်ကြိုးစားသူများဖြစ်သလို သူတစ်ပါးကိုလည်း အမြဲကူညီပေးတတ်တယ် ။
– သို့သော် စိုးရိမ်စိတ်များခြင်းက ပြဿနာတစ်ရပ်ဖြစ်နေပါတယ် ။ ဒါ့ကြောင့် စိုးရိမ်းစိတ်နည်းအောင် စိတ်အနားပေးခြင်း ၊ ခရီးထွက်ခြင်း စသဖြင့် relax လုပ်သင့်ပါတယ်။
– ရုပ်ဝါဒီသမားဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာကို အလေးထားတတ်ပါတယ် ။ တစ်ခါတစ်ရံတွင် ရုပ်ပိုင်းဆိုင်ရာ လိုအပ်မှုတွေ ဝယ်ခြမ်းနေမှုကြောင့် မလိုအပ်ပဲ ပိုက်ဆံအလွန်အကျွံ ကုန်ဆုံးနေတတ်ပါတယ် ။ ပိုက်ဆံစုတဲ့ အကျင့်ကို မွေးမြူပါ ။
– သူတစ်ပါး အတွေးအမြင်ကို ဂရုစိုက်တတ်ပြီး ကိုယ့်အတွေးအပေါ် တစ်ခါတစ်လေ မချင့်မရဲ ဖြစ်နေတတ်ပါတယ် ။ ဒါ့ကြောင့် သူတစ်ပါး အတွေးအမြင်ကို မေးမယ့်အစား အရင်ဆုံး ကိုယ်တိုင် သေချာစဉ်းစားပြီးမှ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုသာ ချပါ ။ တကယ်တမ်းမှာလည်း သူများအမြင်ကို မေးပြီး ကိုယ့်စိတ်ကြိုက် ဆန္ဒအတိုင်းသာ လုပ်တတ်ကြသူတွေပါ ။
– တစ်ခါတစ်လေ မစဉ်းစားဘဲ ပြောလိုက်သော စကားများကြောင့် ပတ်ဝန်းကျင်ရဲ့ နားမလည်မှုကို ခံရတတ်ပါတယ် ။
– အရာရာမှာ ကြိုးစားတတ်သော စိတ်ဓါတ်ရှိပြီး အခက်အခဲနဲ့ တွေ့ကြုံလာတဲ့အခါ စိတ်ထိခိုက်လွယ်တတ်ကြပါတယ် ။
– အကျဉ်းချုံးပြောရလျှင် အင်္ဂါသားသမီးတွေဟာ ရဲရင့်တယ် ၊ သတ္တိရှိတယ် ။ အလုပ်အတွက် ၊အချစ်အတွက် ၊ မိသားစုအတွက် ၊ အခြားသူတို့ အမှန်တကယ်ဆန္ဒရှိတဲ့ အရာတွေအတွက် ရင်ဆိုင်တိုက်ခိုက်ဖို့ မကြောက်ရွံတတ်တဲ့ သူတွေပါ ။ ရဲရင့်ပြီး ကြိုးစားလိုစိတ်ရှိတာကြောင့် ဘဝမှာ အောင်မြင်မှုတွေရရှိနိုင်ပြီး မစဉ်းစားဘဲ ပြုမူပြောဆိုခြင်းကြောင့်တော့ အခက်တွေ့ရတတ်ပါတယ် ။

CHAN (ရွှေအင်းလေး)

ဖိုးသူတော် (www.phothutaw.com)
Credit: www.shweinnlay.com
အင်္ဂါနေ့မွေးဖွားသူတို့အကြောင်းတစေ့တစောင်း...။ အင်္ဂါနေ့မွေးဖွားသူတို့အကြောင်းတစေ့တစောင်း...။ Reviewed by Naethit on Thursday, July 06, 2017 Rating: 5

No comments