မေတာ္တဆမႈျဖစ္ခဲ့တဲ့ YBS 25 ကားေပၚက IR ေက်ာင္းသူေလးေရးထားတာ ျဖစ္စဥ္က ဒီလိုတဲ့


ျဖစ္စဥ္က ဒီလို-
၇/၈ လမ္းဆံု (ေက်ာင္းဖက္က လာတဲ့အျခမ္း)မွာ ေက်ာင္းသားတခ်ိဳ႕က ဆင္းခ်င္တယ္ အဲေတာ့ ဘဲလ္တီးတယ္ ဘဲလ္မျမည္ဘူး ကားေပၚမွာ သီခ်င္းကလည္းပဲ ဖြင့္ထားေတာ့
ဆင္းမယ္လို႔ ေအာ္ေျပာတာ ေ႐ွ႕က ဒ႐ိုင္ဘာက မၾကားဘူး
ေက်ာင္းသားတစ္ေယာက္က အက်ယ္ႀကီးေအာ္လိုက္တာ ဒ႐ိုင္ဘာက ေဒါသထြက္သြားတယ္ (အဲဒါ တစ္ခ်က္ )
လမ္းမႀကီးဖက္လည္းေရာက္ေရာ အတင္းကိုေမာင္းေရာ
၃၀ကား ႏွစ္စီးကို လိုက္ၿပီးၿပိဳင္ေမာင္းတယ္
အဲႏွစ္စီးက မၿပိဳင္ဘူးေနာ္
သူပဲလိုက္ၿပိဳင္တာ
အဲအခ်ိန္ မွာ ကိုယ္က YBSအေၾကာင္းစဥ္းစားေနတာ
ေခါင္းကိုက္တယ္ဆိုၿပီးမွ မ်က္​မွန္​ကို ျခင္းေတာင္းထဲထည့္ထားတယ္ ဖုန္းေရာပဲ
YBSပိုင္႐ွင္ေတြ အစိုးရဆ္ုိင္ရာေတြ ရဲ႕ သားသမီး ေတြ YBSေရာ စီးရဲ႕လားေပါ့
အဲဒါနဲ႔ ကားက ပင္လံုေဆးရံုေနာက္နားဖက္ေရာက္လာၿပီ
အဲ့နားမွာ တံတားေသးေသးေလး႐ွိတယ္
အဲတံတားနားမေရာက္ခင္ အေကြ႔နားမွာ ခ်ိဳင္​့ခြက္​ အႀကီးႀကီး႐ွိေနတယ္
အ႐ွိန္နဲ႔ေမာင္းလာတဲ့အ႐ွိန္နဲ႔ အဲ ခ်ိဳင့္က္ုိလည္းေ႐ွာင္ေရာ
ကားႏွိမ့္ဆင္းသြားတာ ကိုယ္သိလိုက္တယ္.အျဖစ္အပ်က္က အိပ္မက္လိုပဲ ကားဘီးတစ္ဖက္က ကြၽံဝင္သြားၿပီ
အားလံုး လန္႔လို႔ေအာ္ၾကတယ္
ကိုယ္လည္းအလန္႔တၾကားနဲ႔ ကိုယ့္သူငယ္ခ်င္း လက္ေမာင္းကိုလႈပ္ရမ္းလိုက္တယ္
ပါးစပ္က ဘာေျပာမွန္းမသိေတာ့ဘူး
ထမင္းခ်ိဳင့္ရယ္ ဖုန္းရယ္ မ်က္​မွန္​ ရယ္ ထည့္ထားတဲ့ ခ်ိဳင့္က ေအာက္က်သြားေရာ
ဖုန္းက်သြားေတာ့ ကိုယ္လိုက္႐ွာဖို႔လုပ္ေသးတယ္
ဒါေပမယ့္ ကားေမွာက္ရင္ ေပါက္ကဲြတတ္တယ္ ဆ္ုိတဲ့ အသိဝင္ေနတာမို႔ အျပင္ေရာက္ဖို႔ပဲ အရင္ဆံုးက်ိဳးပမ္းမိတယ္
ကိုယ္က ျပတင္​း​ေပါက္​ နားမွာထိုင္ေနတယ္ ဒ႐ိုင္ဘာ ေနာက္ဖက္က လည္းျဖစ္ေနမို္႔ ကံေကာင္းသြားတယ္
ကိုယ့္ေ႐ွ႕ဖက္က ခံုမွာထိုင္ေနတဲ့ အကိုႀကီးေတြက အလ်င္​အျမန္​ ပဲ ဆင္းသြားၾကတယ္
ကိုယ္ခုန္ဆင္းမယ္လုပ္ေတာ့ မဆင္းရဲဘူး ကိုယ့္အရပ္ထက္ျမင့္တယ္ ေျခေထာက္က်ိဳးမွာေၾကာက္တယ္ ကိုယ့္ထိုင္ခံုေနာက္က ေကာင္မေလးကေတာ့ ဝုန္းခနဲပဲ သူဆင္းသြားတယ္ ေအာက္ဖက္ၾကည့္ေတာ့ အကိုတစ္ေယာက္က သူခ်ီေပးမယ္ ဆင္းလာခဲ့တဲ့
အဲ့ဒါနဲ့ ခုန္ဆင္းလိုက္တယ္ ဘယ္လိုဆင္းတယ္ေတာင္မသိေတာ့ဘူး ထမီလန္သြားလာေတာင္ ကိုယ္မၾကည့္ႏိုင္ေတာ့ဘူး
လမ္းမလယ္မွာ ထိုင္ေနမိတယ္ 😢
ခုန္ဆင္းသြားတဲ့ေကာင္မေလးက သြားမွာေသြးေတြနဲ႔ ကိုယ့္ပါးစပ္မွာလည္းေသြးေတြ
အဲအခ်ိန္မွာ ေဘးကသြားေနတဲ့ကားေတြအမ်ားႀကီးပဲ ပံုမပ်က္ဆက္သြားေနၾကတယ္
ေရာက္လာတဲ့လူေတြက ဓာတ္​ပံုေတြဝိုင္း႐ိုက္ၾကတယ္ 😖 (တကယ္ဆို အထဲမွာ က်န္တဲ့ လူေတြကို လိုက္ထုတ္ေပးရမွာေလ)
အဲေ႐ွ႕ဆံုးကထြက္တဲ့ အကိုႀကီးေတြကပဲ တစ္ေယာက္ၿပီးတစ္ေယာက္လိုက္ၾကည့္ေပးတယ္
မ်က္​မွန္​ ေပ်ာက္ၿပီမို႔ ကိုယ့္မွာ ဘာမွလည္းမျမင္ရ ဖုန္းေတာ့ျပန္ရလိုက္တယ္
စိတ္ကိုေတာ့မနည္းထိန္းလိုက္ရတယ္ ႏွလံုး ခုန္ျမန္တာထက္ အလိုလိုမ်က္ရည္က်ေနေရာပဲ 😢(မေသတာကံေကာင္းလို႔ပဲေတြးေနမိတယ္)
ဒီေန႔ ဒီလို accident ၾကံဳေပမယ့္ မနက္​ျဖန္​ ေက်ာင္းသြားဖို႔ ဒီ၂၅လိုင္းကို ထပ္စီးရျပန္အံုးမယ္😞
Crd ~ Ah Aye

========
Unicode
ဖြစ်စဉ်က ဒီလို-
၇/၈ လမ်းဆုံ (ကျောင်းဖက်က လာတဲ့အခြမ်း)မှာ ကျောင်းသားတချို့က ဆင်းချင်တယ် အဲတော့ ဘဲလ်တီးတယ် ဘဲလ်မမြည်ဘူး ကားပေါ်မှာ သီချင်းကလည်းပဲ ဖွင့်ထားတော့
ဆင်းမယ်လို့ အော်ပြောတာ ရှေ့က ဒရိုင်ဘာက မကြားဘူး
ကျောင်းသားတစ်ယောက်က အကျယ်ကြီးအော်လိုက်တာ ဒရိုင်ဘာက ဒေါသထွက်သွားတယ် (အဲဒါ တစ်ချက် )
လမ်းမကြီးဖက်လည်းရောက်ရော အတင်းကိုမောင်းရော
၃၀ကား နှစ်စီးကို လိုက်ပြီးပြိုင်မောင်းတယ်
အဲနှစ်စီးက မပြိုင်ဘူးနော်
သူပဲလိုက်ပြိုင်တာ
အဲအချိန် မှာ ကိုယ်က YBSအကြောင်းစဉ်းစားနေတာ
ခေါင်းကိုက်တယ်ဆိုပြီးမှ မျက်​မှန်​ကို ခြင်းတောင်းထဲထည့်ထားတယ် ဖုန်းရောပဲ
YBSပိုင်ရှင်တွေ အစိုးရဆ်ုိင်ရာတွေ ရဲ့ သားသမီး တွေ YBSရော စီးရဲ့လားပေါ့
အဲဒါနဲ့ ကားက ပင်လုံဆေးရုံနောက်နားဖက်ရောက်လာပြီ
အဲ့နားမှာ တံတားသေးသေးလေးရှိတယ်
အဲတံတားနားမရောက်ခင် အကွေ့နားမှာ ချိုင်​့ခွက်​ အကြီးကြီးရှိနေတယ်
အရှိန်နဲ့မောင်းလာတဲ့အရှိန်နဲ့ အဲ ချိုင့်က်ုိလည်းရှောင်ရော
ကားနှိမ့်ဆင်းသွားတာ ကိုယ်သိလိုက်တယ်.အဖြစ်အပျက်က အိပ်မက်လိုပဲ ကားဘီးတစ်ဖက်က ကျွံဝင်သွားပြီ
အားလုံး လန့်လို့အော်ကြတယ်
ကိုယ်လည်းအလန့်တကြားနဲ့ ကိုယ့်သူငယ်ချင်း လက်မောင်းကိုလှုပ်ရမ်းလိုက်တယ်
ပါးစပ်က ဘာပြောမှန်းမသိတော့ဘူး
ထမင်းချိုင့်ရယ် ဖုန်းရယ် မျက်​မှန်​ ရယ် ထည့်ထားတဲ့ ချိုင့်က အောက်ကျသွားရော
ဖုန်းကျသွားတော့ ကိုယ်လိုက်ရှာဖို့လုပ်သေးတယ်
ဒါပေမယ့် ကားမှောက်ရင် ပေါက်ကွဲတတ်တယ် ဆ်ုိတဲ့ အသိဝင်နေတာမို့ အပြင်ရောက်ဖို့ပဲ အရင်ဆုံးကျိုးပမ်းမိတယ်
ကိုယ်က ပြတင်​း​ပေါက်​ နားမှာထိုင်နေတယ် ဒရိုင်ဘာ နောက်ဖက်က လည်းဖြစ်နေမို့် ကံကောင်းသွားတယ်
ကိုယ့်ရှေ့ဖက်က ခုံမှာထိုင်နေတဲ့ အကိုကြီးတွေက အလျင်​အမြန်​ ပဲ ဆင်းသွားကြတယ်
ကိုယ်ခုန်ဆင်းမယ်လုပ်တော့ မဆင်းရဲဘူး ကိုယ့်အရပ်ထက်မြင့်တယ် ခြေထောက်ကျိုးမှာကြောက်တယ် ကိုယ့်ထိုင်ခုံနောက်က ကောင်မလေးကတော့ ဝုန်းခနဲပဲ သူဆင်းသွားတယ် အောက်ဖက်ကြည့်တော့ အကိုတစ်ယောက်က သူချီပေးမယ် ဆင်းလာခဲ့တဲ့
အဲ့ဒါနဲ့ ခုန်ဆင်းလိုက်တယ် ဘယ်လိုဆင်းတယ်တောင်မသိတော့ဘူး ထမီလန်သွားလာတောင် ကိုယ်မကြည့်နိုင်တော့ဘူး
လမ်းမလယ်မှာ ထိုင်နေမိတယ် 😢
ခုန်ဆင်းသွားတဲ့ကောင်မလေးက သွားမှာသွေးတွေနဲ့ ကိုယ့်ပါးစပ်မှာလည်းသွေးတွေ
အဲအချိန်မှာ ဘေးကသွားနေတဲ့ကားတွေအများကြီးပဲ ပုံမပျက်ဆက်သွားနေကြတယ်
ရောက်လာတဲ့လူတွေက ဓာတ်​ပုံတွေဝိုင်းရိုက်ကြတယ် 😖 (တကယ်ဆို အထဲမှာ ကျန်တဲ့ လူတွေကို လိုက်ထုတ်ပေးရမှာလေ)
အဲရှေ့ဆုံးကထွက်တဲ့ အကိုကြီးတွေကပဲ တစ်ယောက်ပြီးတစ်ယောက်လိုက်ကြည့်ပေးတယ်
မျက်​မှန်​ ပျောက်ပြီမို့ ကိုယ့်မှာ ဘာမှလည်းမမြင်ရ ဖုန်းတော့ပြန်ရလိုက်တယ်
စိတ်ကိုတော့မနည်းထိန်းလိုက်ရတယ် နှလုံး ခုန်မြန်တာထက် အလိုလိုမျက်ရည်ကျနေရောပဲ 😢(မသေတာကံကောင်းလို့ပဲတွေးနေမိတယ်)
ဒီနေ့ ဒီလို accident ကြုံပေမယ့် မနက်​ဖြန်​ ကျောင်းသွားဖို့ ဒီ၂၅လိုင်းကို ထပ်စီးရပြန်အုံးမယ်😞
Crd ~ Ah Aye
မေတာ္တဆမႈျဖစ္ခဲ့တဲ့ YBS 25 ကားေပၚက IR ေက်ာင္းသူေလးေရးထားတာ ျဖစ္စဥ္က ဒီလိုတဲ့ မေတာ္တဆမႈျဖစ္ခဲ့တဲ့ YBS 25 ကားေပၚက IR ေက်ာင္းသူေလးေရးထားတာ ျဖစ္စဥ္က ဒီလိုတဲ့ Reviewed by Naethit on Friday, July 14, 2017 Rating: 5

No comments