ကျူရှင် လခပေးရန်နောက်ကျနေသောကြောင့် ကျောင်းလဲမလာနဲ့ကျူရှင်လဲမလာနဲ့လို့ပြောတဲ့ ဆရာမ
Image may contain: 2 people
Image may contain: 7 people, people sitting and shoes
Image may contain: outdoor
‎မေ မာန်ထည်‎
Unicode
အမှတ်(၃၂)အခြေခံပညာအထက်တန်းကျောင်းပြည်ကြီးတံခွန်မြို့နယ် မန္တလေးမြို့စတုတ္ထုတန်း အခန်း(A)အတန်းပိုင် ကျူရှင် ဆရာမ(ဒေါ်ရီရီဆွေ)အခန်းတွင်ပညာသင်ကြားနေသော မောင်သိန်းစန်းကျော် အတန်းပိုင်ကျူရှင်ဆရာမဒေါ်ရီရီဆွေက ကျူရှင်လခတစ်လကို(10000)နဲ့သင်ကြားပေးနေတာပါမောင်သိန်းစန်းကျော်ရဲ့အမေက9-7-2017 ရက်နေ့မှာ ကလေးမွေးနေတာကြောင့် ကျူရှင် လခပေးရန်နောက်ကြနေသောကြောင့်မောင်သိန်းစန်းကျော်ကို 14-7-2017 နေ့မှာမပေးနိုင်ပါက ကျောင်းလဲမလာနဲ့ကျူရှင်လဲမလာနဲ့အတန်းတွင်ကလေးကိုပြောခဲ့ပါတယ်။၊။တန်းပိုင်ကျူရှင်ဆရာမဒေါ်ရီရီဆွေက ကျူရှင်လခကိုတစ်လမပြည့်သေးဘူးနောက်လတွက်ပါ(20000)ယူခဲ့လို့ပြောခဲ့ပါတယ်။
ကျွန်မပြောချင်တာက ဆရာ မတစ်ယောက်မှာ နာသုံးနာရှိရမှာပါအခုဆရာမပြောပုံက နာသုံးနာမရှိတဲ့အပြင်ငွေရဖို့ပဲကြည့်နေတဲ့ဆရာမတစ်ယောက်ဖြစ်နေပြီဆရာမတစ်ယောက်ကကျောင်းသားတစ်ယောက်ကို ပိုက်ဆံရချင်လို့သင်ပေးတာလား ပညာတက်စေချင်လို့သင်ပေးတာလားဆရာမပြောတဲ့စကားတစ်ခွန်းကြောင့်ကလေးကကျောင်းခန်းထဲမှာမျက်နှာငယ်ရပြီ စိတ်ဓာတ်တွေကျပြီ ကျောင်းမတက်ချင်တော့ဘူးလို့ပြောတယ်
ကျွန်မတို့ကိုတိုင် ကလေးပြောတာမယုံလို့ဆရာမကိုလိုက်မေးခဲ့တယ်ဆရာမကဘာပြန်ပြောလဲဆိုတော့ သူကဈေးသည် မဟုတ်ဘူး ပိုက်ဆံမပေးနိုင်ရင်တော့ ပြောရမှာပဲလို့ပြောတယ် ဒါဆရာမတစ်ယောက်ပြောရမဲ့စကားလားတစ်လမပြည့်သေးဘူးနောက်လတွက်ပါယူခဲ့ခိုင်းသေးတယ် ဆရာမပြောတာကမကျေနပ်ရင်ကျောင်းအုပ်ကြီးဆီလိုက်ခဲ့လို့ပြောတယ်ဒါနဲ့ကျောင်းသားမိဘတွေကလဲကျောင်းအုပ်ကြီးဆီလိုက်တွေ့တယ် ။
ပထမတော့ ဒေါ်ရီရီဆွေနဲ့တစ်ကျောင်းတဲ့ပညာသင်ကြားပေးနေသောဆရာ/ဆရာမ များက ကျောင်းအုပ်ကြီးတော့မတိုင်ပါနဲ့ဘယ်လိုဖြစ်ချင်လဲ အဲဒါနဲ့ကျွန်မကလဲပြောခဲ့တယ် ဒီသတင်းကို facebookပေါ်တင်ရမလား ကျောင်းအုပ်ကြီးနဲ့ပေးတွေ့မလားမေးခဲ့တယ် အဲဒါကျမှကျောင်းအုပ်ကြီးနဲ့ပေးတွေ့ပါတယ် ကျောင်းအုပ်ကြီးကလဲပြောတယ် အခန်းလဲပြောင်းပေးမယ် ကျောင်းသားတက်ချင်တဲ့ကျူရှင်ကိုလဲတစ်နှစ်စာပိုက်ဆံပေးစရာမလိုဘူးလို့ပြောခဲ့တယ်။
ကျွန်မတို့ဖြစ်စေချင်တာက ဆရာမဒေါ်ရီရီဆွေကို အပြစ်ပေးစေချင်တာ အခုဟာကဆရာမဘက်လိုက်ပြီး ပေါ့ပျက်ပျက်စကားမျိုးပြောခဲ့ပါတယ် အဲဒါကြောင့်နောက်ကျောင်းသားမိဘတွေလဲဒီလိုဖြစ်အောင် သတင်းတင်ပေးချင်ဖြစ်ပါတယ်မြို့နယ်ပညာရေးတိုင်းမှူးများ ဆရာ/ဆရာမများနှင့်ပညာရေးအခြေအနေကိုသေချာစစ်ဆေးစေချင်ပါတယ်။
ကျူရှင် လခပေးရန်နောက်ကျနေသောကြောင့် ကျောင်းလဲမလာနဲ့ကျူရှင်လဲမလာနဲ့လို့ပြောတဲ့ ဆရာမ ကျူရှင် လခပေးရန်နောက်ကျနေသောကြောင့် ကျောင်းလဲမလာနဲ့ကျူရှင်လဲမလာနဲ့လို့ပြောတဲ့ ဆရာမ Reviewed by Naethit on Saturday, July 15, 2017 Rating: 5
No comments