သင့်ချစ်သူ ကောင်လေးရဲ့ ဖုန်းထဲမှာ ဒီ APP သုံးခု ရှိနေတယ်ဆိုရင် သတိထားပါ …
တချို့ ချစ်သူတွေမှာ တစ်ယောက်ယောက်က မကောင်းတာ တစ်ခုခုလုပ်ပြီဆိုရင် ဖုံးကွယ်ထားလို့ မရတတ်ဘဲ ကျန်တစ်ယောက်က အလိုအလျောက် သိနေတတ်တာမျိုးတွေရှိပါတယ်။
ကိုယ့်ချစ်သူက ကိုယ့်ကို လိမ်နေသလားဆိုတာ သိနိုင်ဖို့ ကိုယ့်ရဲ့ ပင်ကို အသိစိတ်ကို ယုံကြည်ဖို့ လိုသလို နည်းပညာ အရမ်း တိုးတက်နေတဲ့ ခေတ်ဖြစ်တဲ့အတွက် နည်းပညာနဲ့ဆိုင်တဲ့ ဗဟုသုတလေးတွေကိုလည်း မျက်ခြည်ပြတ်မခံဘဲ သိနေဖို့လိုပါတယ်။
ဒါမှ သူဘယ်လိုမှ ကိုယ့်ကို လှည့်စားလို့ မရနိုင်ဘူးဆိုတာ ပြနိုင်မှာပါ။ သူ့ ဖုန်းထဲမှာ ရှိတဲ့ software တွေ ၊ app တွေက သူ့ရဲ့ လက်ရှိ အခြေအနေတွေကို သိစေနိုင်တဲ့အတွက် သူ့ဖုန်းထဲမှာ ဒီ app တွေရှိလား ဆိုတာ သိအောင်လုပ်ဖို့ လိုပါတယ်။
၁။ ဓာတ်ပုံတွေကို ဖွက်ထားတဲ့ app ။
Private Photo Vault လို KeepSafe လို ဓာတ်ပုံ သီးသန့်သိမ်းထားပြီး မမြင်အောင် ဝှက်ထားနိုင်တဲ့ app တွေရှိပါတယ်။ password နဲ့ ဖွင့်မှ ရတဲ့ app တွေဖြစ်ပြီး ဒီံထက်ပို ခက်တဲ့ app တွေကတော့ Vaulty ၊ KYMS နဲ့ Best Secret Folder လို app တွေဖြစ်ပါတယ်။
ဒီ app တွေက ဂဏန်းပေါင်းစက်လို၊ နာရီ နှိုးစက်လိုပုံစံမျိုး ဟန်ဆောင်ပြီး ရှိနေတတ်ပါတယ်။ ဒီလို ဂရုတစိုက် ဖွက်ထားရမဲ့ ပုံတွေရှိနေတယ်ဆိုတာ ကိုယ်အသိမခံနိုင်တဲ့လူတွေရဲ့ ပုံတွေ ၊အကြောင်းအရာတွေရှိနေတယ်ဆိုတာ သွယ်ဝိုက်ပြီး ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
၂။ မက်ဆေ့ခ်ျများ ပျောက်သွားစေတဲ့ app ။
TigerText လို Call And Text Eraser လို app တွေက တခြားချစ်သူဆီက လာတဲ့ မက်ဆေ့ခ်ျတွေကို စက္ကန့်ပိုင်းလောက် အကြာ ဒါမှမဟုတ် လျှို့ဝှက်စကားလုံးတစ်လုံး ရိုက်ထည့်ပေးလိုက်တဲ့ အချိန်မှာပဲ အလိုအလျောက် ဖျက်ပေးတဲ့ app ဖြစ်ပါတယ်။
Snapchat လို နာမည်ကြီး app တွေက sexy ပုံတွေကို အထောက်အထား မကျန်စေအောင် ပို့ပေးလို့ရပါတယ်။
၃။ မက်ဆေ့ခ်ျကို ဓာတ်ပုံအသွင် ပြောင်းသွားစေတဲ့ app ။
Black SMS လို app တွေက ကိုယ်ပို့်လိုက်တဲ့ မက်ဆေ့ခ်ျနဲ့ ကိုယ်ရတဲ့ မက်ဆေ့ခ်ျတွေကို လျှို့ဝှက် စကားလုံးနဲ့ ဖွင့်မှရမယ့် ပုံတွေအဖြစ်ပြောင်းလဲပေးပါတယ်။ သင့် ချစ်သူက FBI မှာလုပ်နေတဲ့ ထောက်လှမ်းရေးတစ်ယောက် မဟုတ်ဘူးဆိုရင်တော့ ဖုန်းထဲမှာ ဒီလို app တွေရှိနေတာတွေ့ပြီဆိုရင် သူ့ကို သေသေချာချာ မေးခွန်းထုတ်ဖို့ လိုအပ်နေပြီပဲ ဖြစ်ပါတယ်။
Credit: Love Shop Myanmar
သင့်ချစ်သူ ကောင်လေးရဲ့ ဖုန်းထဲမှာ ဒီ APP သုံးခု ရှိနေတယ်ဆိုရင် သတိထားပါ …
Reviewed by Naethit
on
Sunday, July 16, 2017
Rating:
Reviewed by Naethit
on
Sunday, July 16, 2017
Rating:

No comments