ကဲ ဒီတခေါက်တော့ စွန်းဝူခုန်း အဖြစ် သရုပ်ဆောင်တဲ့ မင်းသားကြီးအကြောင်းပေါ့ :D


Monkey king ဆိုတာနဲ့အားလုံးရဲ့မျက်လုံးထဲမှာ ရွှေရောင်တုတ် ကိုဝှေ့ယမ်းပြီးခေါင်းမှာသံကွင်းလေးစွပ်ထားတဲ့ ဂနာမငြိမ်မျောက်ဘုန်းကြီးဖြစ်တလဲ မျောက်ဘုရင် စွန်းဝူခုန်း ကိုမြင်ကြမယ် ထင်ပါတယ် မျောက်ဘုရင် ခေါ်စွန်းဝူခုန်း ရဲ့သူရဲကောင်းဇာတ်လမ်းတွေဟာ တရုတ်လူမျိုး တွေတင်မဟုတ်ဘဲတစ်ကမ္ဘာလုံးနီးပါးသိကြပါတယ်


ယခင်ကတော့ တရုတ်ပြည် မှာမျောက်ဘုရင်ကို0peraပြဇာတ်အနေနဲ့ကပြဖျော်ဖြေကြပါတယ်ရုပ်ရှင်အနေနဲ့1982မှာစတင်ရိုက်ကူးခဲ့ပါတယ် ရုပ်ရှင် နာမည်ကတော့ (西游记Xi you ji)(အနောက်သို့ခရီးသွားမှတ်တမ်း )ပြဲဖစ်ပါတယ်

အဆိုပါရုပ်ရှင်ဟာ 16ရာစုတုန်းကတရုတ်ပြည် မင်ခေတ်မှာကျော်ကြားခဲ့တဲ့ စာရေးဆရာကဗျာဆရာရသေ့ကြီးShe Yang ရဲ့ဝတ္ထုကိုမှီငြမ်းရိုက်ကူးခဲ့တာပါ

ရုပ်ရှင် အတွက်အခက်ခဲဆုံးဇာတ်ရုပ်ဟာစွန်းဝူခုန်းခေါ်မျောက်ဘုရင်ပဲဖြစ်ပါတယ် ရုပ်ရှင်ထဲမှာမျောက်တစ်ကောင်ရဲ့အမူအကျင့်တွေကိုပီပြင်အောင်သရုပ်ဆောင်ပေးခဲ့တဲ့သရုပ်ဆောင်ကတော့Liu xiao ling tongပဲဖြစ်ပါတယ်

သူ့နာမည်အရင်းကZhang jin laiပါ

သူဟာ သရုပ်ဆောင် တစ်ဦးဖြစ်ရုံသာမက ပါမောက္ခတစ်ဦးလည်းဖြစ်ပါတယ်တရုတ်ပြည်ကZhe Zhangတက္ကသိုလ်မှာ အချိန်ပိုင်းပါမောက္ခတာဝန်ထမ်းဆောင်နေပါတယ်

中国人民大学Ren Min university of Chinaက သူ့ကိုဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ပေးခဲ့ပါတယ် တက္ကသိုလ်ပေါင်းစုံမှာ သူ့ရဲ့မျောက်ဘုရင် သရုပ်ဆောင် မှု အတွေ့ကြုံတွေကိုဟောပြောခဲ့ပါသေးတယ်

April 12-1959မှာShanghaiမြို့မှာမွေးဖွားခဲ့ပါတယ်

Zhangရဲ့မိသားစုဟာ operaပြဇာတ်ကပြပြီးအသက်မွေးကြသူများဖြစ်ပါတယ်Zhangရဲ့အေ ဘး ,Zhangရဲ့အဖိုး ,ဖခင် liu ling tong, အစ်ကို Xiao liu ling tongအားလုံးမျိုးရိုးအစဉ်ဆက်ဟာ အော်ပရာဇာတ်ရုံပေါ်မှာ မျောက်ဘုရင်စွန်းဝူခုန်းအဖြစ်ကပြဖျော်ဖြေခဲ့ကြပါတယ်

Zhangအသက်၆နှစ်တည်းက မျောက်တွေရဲ့အမူအကျင့်တွေသွားလာနေထိုင်ပုံတွေကိုသင်ယူခဲ့ပါတယ် သူ့အိမ်မှာမွေးထားတဲ့မျောက်အရေအတွက်ဟာ အိမ်သားတွေထက်တောင်များသေးတယ်တဲ့ ဖခင်ဆီကနေလည်း စွန်ဝူခုန်းဇာတ်ကောင်ကပြပုံကိုသင်ကြားခဲ့ပါတယ်

1966မှာzhang ရဲ့အစ်ကိုဟာ သွေးကင်ဆာရောဂါကြောင့်ကွယ်လွန်သွားခဲ့ပါတယ် မိသားစုရဲ့ပညာတွေကိုZhangဟာလက်ဆင်ကမ်းတဲ့အနေနဲ့ပြဇာတ်တွေကခဲ့ပါတယ်

1982မှာ西游记ဇာတ်ကားကြီးမှာ စွန်းဝူခုန်း အနေနဲ့သရုပ်ဆောင်ခဲ့ပါတယ် Zhangရဲ့ပီပြင်လှတဲ့သရုပ်ဆောင်တွေကြောင့်လူကြိုက်များလှပါတယ် စွန်းဝူခုန်း ဇာတ်ကောင်နဲ့Golden Eagle Film Awards Best Actorဆုကိုရရှိခဲ့ပါတယ်

1986မှာ အနောက်သို့ ခရီးသွားခြင်း ဇာတ်လမ်းတွဲ တွေကိုChina CCTVမှစတင်ထုတ်လွှင့်ခဲ့တာပါအခုဆိုရင်သက်တမ်း၃၀ကျော်ပါပြီ

မျောက်ဘုရင် စွန်းဝူခုန်း အကြောင်းကိုသရုပ်ဆောင်ပေါင်းများစွာက ရုပ်ရှင် ဇာတ်လမ်းတွဲ မြောက်များစွာမျိုးစုံရိုက်ကူးခဲ့ပါတယ် ဒါပေမဲ့Zhangလို ပြီးပြည့်စုံအောင်ဘယ်သူမှသရုပ်မဆောင်နိုင်သလိုပါပဲ

နာမည်ကြီး သရုပ်ဆောင် Stephen Chow,Jet Li,Jimmy Lin,Huang Xiao Mingတို့လည်းMonkey Kingနေရာမှာသရုပ်ဆောင်ခဲ့ဖူးပါတယ် ဒါပေမဲ့ဘယ်သူကမှLiu Xiao Ling Tongလောက်မကောင်းခဲ့ပါဘူး

Liu Xiao Ling Tong ကသာကျွန်မတို့ ပရိသတ် အားလုံးရဲ့ရင်ထဲမှာထာဝရSun Wu Kong ပါ

Credit : CL
SwamHtet(မှတ်စုကြမ်း)
ကဲ ဒီတခေါက်တော့ စွန်းဝူခုန်း အဖြစ် သရုပ်ဆောင်တဲ့ မင်းသားကြီးအကြောင်းပေါ့ :D ကဲ ဒီတခေါက်တော့ စွန်းဝူခုန်း အဖြစ် သရုပ်ဆောင်တဲ့ မင်းသားကြီးအကြောင်းပေါ့ :D Reviewed by Naethit on Sunday, July 09, 2017 Rating: 5

No comments