ဦးဇင်းလေးတပါးဆီ အစာလာလာတောင်းသည့် ထူးဆန်းကြွက်ကလေး (ရုပ်သံ)
ကလေးမြို့ မင်္ဂလာဥယျာဉ်စာသင်တိုက် အခန်းနေ ဦးဇင်းလေးတပါးဆီမှာ ဇွန်လ ၂၇ ရက်နေ့က ထူးဆန်းတဲ့ ကြွက်ကလေးတကောင်ဟာ ရုတ်တရက် ရောက်လာပြီး အစာလာတောင်းခဲ့ပါတယ်။
အဲ့ဒီကြွက်ငယ်လေးဟာ လူတွေကို မကြောက်ဘဲ သူ ဗိုက်ဆာလာချိန်မှာ အစာလာတောင်းပြီး အခုနောက်ပိုင်း အခြား ကျောင်းလာသူတွေနဲ့ပါ ရင်းနှီးလာတယ်လို့ သိရပါတယ်။
ထူးခြားတာက ကြွက်ကလေးဟာ သူ အစာစားချိန် ညနေပိုင်းမှာပဲ ရောက်လာတာဖြစ်ပြီး တွေးမိတာက အစာလာတောင်းတာကို သူ အရမ်းဆာနေလို့လား ဒုတိယချက်က နိမိတ်တဘောင် တွေကြောင့်လား။ နောက်ပြီး ဦးဇင်း ရင်းနှီးသူ ဆုံးသွားပြီး သိပ်မကြာဘူး။ သူပေါ်လာတာဟာ ရှေးကံလား တွေးမိတယ်လို့ ဦးဇင်းက ပြောပါတယ်။
ခုလက်ရှိမှာလည်း ညနေတိုင်း အဲ့ဒီကြွက်လေး ပေါ်လာတတ်ပြီး ညနေ မကျွေးမိတဲ့အခါ အခန်းနေ ဦးဇင်းလေး အိပ်ရာထိ လာအသိပေးနေတယ်လို့ သိရပါတယ်။
မင်းရဲစစ်နိုင်
DVB
ဦးဇင်းလေးတပါးဆီ အစာလာလာတောင်းသည့် ထူးဆန်းကြွက်ကလေး (ရုပ်သံ)
Reviewed by Naethit
on
Friday, July 14, 2017
Rating:
Reviewed by Naethit
on
Friday, July 14, 2017
Rating:

No comments