၁၅.၇.၂၀၁၇ မနက်​ ၁၁ နာရီ အလုံမှာ ဓါးနဲ့ထိုးတယောက်သေ တယောက်တိုက်ပေါ် က ခုန်ချတဲ့ သတင်းနောက်ဆက်တွဲ
ဒီဇိုင်နာ ထွန်းထွန်းဟာ အသက်၄၁နှစ်အရွယ်ဖြစ်ပြီး သူ့ကိုသတ်တဲ့အမ်ျိုးသားကတော့ အသက်၂၅နှစ် အရွယ်ရှိ ပြီလို့ သိရပါတယ်။
#Edkzaဖိုတိုခရက်ဒစ်
##drsma
Unicode
၁၅.၇.၂၀၁၇ မနကျ ၁၁ နာရီ
အလုံမှာ ဓါးနဲ့ထိုးတယောက်သေ တယောက်တိုက်ပေါ် က ခုန်ချတဲ့ သတင်းနောက်ဆက်တွဲ
----------------------
(အလုံမြို့နယ် အောက်ကြည့်မြင်တိုင်လမ်းတွင် ဖြစ်ပွား သောလူသတ်မှု သေဆုံးသူရဲ့အလောင်းကို သယ်ဆောင် သွားပါပြီ တိုက်ခန်း၆ လွှာမှ ခုန်ချသူကတော့ ဆေးရုံမှာ အခြေအနေဆိုးရွားတယ်လို့ သိရပါတယ်။)
ရန်ကုန်မြို့ စောရန်ပိုင်ရပ်ကွက် ကြည်မြင့်တိုင်အထက်လမ်း ၆လွာခေါင်းရင်းခန်းမှာ နေထိုင်တဲ့ ဖက်ရှင့်ဒီဇီုင်နာထွန်းထွန်းကို အမျိုးသားတစ်ဦးက ဓားနဲ့ထိုးသတ်ပြီး ထိုးသတ်သူ ကိုယ်တိုင်ခုန်ချသတ်သေတဲ့ ဖြစ်ရပ်တစ်ခု ဒီကနေ့ မနက်၇နာရီခန့်မှာ ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်
ဒီဇီုင်နာထွန်းထွန်းရဲ့အော်သံကြောင့် နေအိမ် အခန်းအနီးနား နေထိုင်သူတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမူးကသွားရောက် ကြည့်ရှု့ခဲ့ရာ အမျိုးသားက အိမ်ရှေ့တံခါးပေါက်ကနေ ခုန်ချခဲ့တာလို့ ရပ်ကွက်အုပ်ချူပ်ရေးမူး ဦးမောင်မောင်ရွှေကပြောပါတယ်။
သူက ” ကျွန်တော်တို့ရောက်သွားတော့ ဒီဇီုင်နာက သွေးအိုင်ထဲမှာ ထိုးသွင်းဒဏ်ရာတွေနဲ့အသက်မရှိတော့ဘူး။ ခုန်ချတဲ့ကောင်လေးက လည်းဒဏ်ရာနဲ့ ခုဆေးရုံအရေပေါ်မှာပို့ထားတယ်။ နေတာကကိုထွန်းထွန်း တစ် ယောက်ထဲနေတာပါ “လို့ပြောပြပါတယ်။
ဒီဇိုင်နာ ထွန်းထွန်းဟာ အသက်၄၁နှစ်အရွယ်ဖြစ်ပြီး သူ့ကိုသတ်တဲ့အမျိုးသားကတော့ အသက်၂၅နှစ် အရွယ်ရှိ ပြီလို့ သိရပါတယ်။
သည်ဖြစ်စဉ်ကို အလုံရဲစခန်းမှာ အမှု့ဖွင့်ထားပြီး ဘာ
ကြောင့် သတ်ရတယ်ဆိုတာကို မသိရသေးဘူးလို့ ဆိုပါတယ်။
မျက်မြင်သက်သေအိမ်နီးနားချင်းတစ်ချို့ရဲ့ပြောကြားချက်အရ သတ်တဲ့ အမျိုးသားဟာ ငွေကြေးတောင်းရာကနေ အဆင်မပြေဖြစ် ရာကနေစခဲ့တာလို့ဆိုပါတယ်။
ဒီဇီုင်နာ ကိုထွန်းထွန်းဟာ အဲ့သည့်တိုက်မှာနေထိုင်တာ ၅နှစ်ရှိပြီး မင်းသားမင်းသမီးတွေက သူ့ဆီမှာ အဝတ်ချုပ်
ကြတယ်လို့ ဘေးပတ်ဝန်းကျင်မှာ နေထိုင်တဲ့ မမိုးမိုးကပြောပြပါတယ်။
အသံကြားလို့ ကြည်လိုက်တာ ကောင်လေးကကြောက် ပြီး ခုန်ချတော့ ခေါင်းနဲ့ကြမ်းပြင်ရီုက်မိပြီး သတိမေ့သွားတာ ခုတော့သူတို့အလောင်းတွေကို ဆေးရုံပို့ထားပြီး ပြောတယ်။ အရင်ကဒါမျိုးသည်ဘက်မှာ မကြားဖူးပါဘူး လို့ပြောပြပါတယ်။
ဒီဇိုင်နာ ကိုထွန်းထွန်းရဲ့အခန်းကိုသော့ပိတ်ထားပေမယ့် တိုက်ခန်းတံခါးဝမှာသွေးကွက်တွေကို တွေ့ခဲ့ရပြီး ခုန်ချခဲ့တဲ့အမျိုးသား ရရှိခဲ့တဲ့နေရာမှာ သွေးကွက်တွေကို သည်တိုင်းကျန်ရှိနေတာကို တွေ့ခဲ့ရပါတယ်။
author/photo အေးအေးအောင်
#Edkzaဖိုတိုခရက်ဒစ်
##drsma
၁၅.၇.၂၀၁၇ မနက်​ ၁၁ နာရီ အလုံမှာ ဓါးနဲ့ထိုးတယောက်သေ တယောက်တိုက်ပေါ် က ခုန်ချတဲ့ သတင်းနောက်ဆက်တွဲ ၁၅.၇.၂၀၁၇ မနက်​ ၁၁ နာရီ အလုံမှာ ဓါးနဲ့ထိုးတယောက်သေ တယောက်တိုက်ပေါ် က ခုန်ချတဲ့ သတင်းနောက်ဆက်တွဲ Reviewed by Naethit on Saturday, July 15, 2017 Rating: 5
No comments