ကျောင်းမှာ ရွယ်တူချင်းမှားမိလို့ ကိုယ်ဝန်ရခဲ့တဲ့ အသက် ၁၃ နှစ်အရွယ် ကျောင်းသူမိန်းကလေး


Facebook မှာ ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်။
မြန်မာနိုင်ငံမှာ ၁၃ နှစ် သမီးလေး ကိုယ်ဝန် ငါးလ ရှိနေတယ် တဲ့။ Rape လည်းမဟုတ်။ ရွယ်တူချင်း မှားကြတာ။

တစ်ကြိမ်တည်း မဟုတ်။ အကြိမ်ကြိမ် အခါခါ။ မှားယွင်း ခဲ့တဲ့နေရာကြည့်ဦး၊ ကိုယ်ပိုင်ကျောင်း ရဲ့ ညဘက်

စာကြည့်ချိန်တွေမှာ လွတ်နေတဲ့ အခန်းတွေ ထဲမှာ ဖြစ်ခဲ့ကြတာ။

သူတို့ တစ်စုံတွဲ တင်လား မဟုတ်။ တစ်ခြား အတွဲတွေလည်း ရှိသေး ဆိုပဲ။ အဲဒါကို ဖတ်ပြီးပြီး ချင်း

ကျမ တော်တော် ကို shock ရသွားတယ်။ တစ်ကယ်တော့ လိင်မှုကိစ္စဆိုတာ

သတ္တဝါတိုင်း ကြုံတွေ့နေရ တာ ပဲလေ။ ဒါကို ခြင်ထောင်ထဲ ဒါမှ မဟုတ်

ကုတင်ပေါ်ရောက်မှ ကြုံ သလို ဖြေရှင်းကြလိမ့်မယ်။ ကြိုတင် အသိ ပညာပေးထား စရာ

မလိုဘူး လို့ ယူဆ ရင်တော့ မှားမှာပဲ။

Sex Education လို့ခေါ်တဲ့ လိင် ပညာပေးက ကျမ တို့ မြန်မာနိုင်ငံမှာ တစ်ကယ်ကို လိုအပ်နေပြီ။

၁- လိင် ပညာပေးကို ဘယ် အချိန်မှာ စပေးသင့်သလဲ ။
တစ်ကယ်တော့ အသက် အရွယ်နဲ့ သတ်မှတ်တာမျိုး မဟုတ်ဘဲ အပျိုဖော်ဝင်ပြီ၊ လူပျိုဖြစ်ပြီ ဆိုတာနဲ့

သိကို သိထား ရမယ့် ကိစ္စပါ။ ဥရောပ မှာတော့ မူကြို ကလေးတောင် မူကြို ကလေးဦးဏှောက် နဲ့ စဉ်းစားနိုင်

သလောက် စသင်နေပြီ။ ဥပမာ ကိုယ့် private parts ကို တစ်ခြားသူ လာထိရင် မခံရဘူး ဆိုတာမျိုးတွေ။

သူများ ကိုလည်း မကိုင်တွယ် ရဘူး။ toilet မှာ ဘောင်းဘီ ပုံက ယောကျာ်းလေး အတွက်၊

dress က မိန်းကလေး အတွက်၊ အတူတူ မဝင်ရဘူး ဆိုတာတွေ။ သင်ပေးကြတယ်။

၂- ဘယ်သူတွေကို အရင်ဆုံး ပညာပေးသင့်သလဲ ။
သားသမီးကိုလား? မိဘကိုလား? ဆရာ၊ ဆရာမကိုလား?
ကျမတို့နိုင်ငံမှာ လိင် ပညာပေးဖို့က အရွယ် မရောက်သေးတဲ့ ကလေးတွေတင် မကဘူး။

အရွယ်ရောက်ပြီး သား လူကြီးတွေ ကိုပါ ပေးသင့်တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကျမတို့ လူမျိုးတွေဟာ

အရမ်း အရှက် အကြောက်ကြီးတဲ့ အတွက် လိင် ဆိုတဲ့ စကားလုံး ကိုတောင် လူကြားထဲမှာ

နှုတ် ကထုတ်ပြောဖို့ ရှက်ရွံ့ကြ တယ်။

လူကြီးတွေမှာလည်း လိင် နဲ့ ပတ်သက်တဲ့ အသိပညာ ဘာရှိသလည်း လို့မေးရင် ကိုယ်တွေ့ပဲ ရှိလိမ့်မယ်။

ဒါဟာ အသိပညာ မဟုတ်ဘူး။ ငယ်ရွယ်သူတွေကို နားလည် လွယ်မယ့်၊ ထိရောက်တဲ့၊

ယဉ်ကျေးတဲ့ စကား လုံးတွေ ရွေးချယ်ပြီး သူတို့ မပြောတတ်ဘူး။

ပြောတတ် ဦးတော့ ပြောရဲတဲ့သူ ရှားလိမ့်မယ်။


မိခင် က သမီး ကို၊ ဖခင် က သား ကို၊ အကိုကြီး၊ အမကြီး က ညီ၊ ညီမလေးတွေ ကို

တစ်ဆင့်သင်ပေးရတာ ပိုလွယ်နိုင်တယ်။ ဆရာ၊ ဆရာမတွေ အနေနဲ့ လည်း ဆရာ က ကျောင်းသားတွေကို၊

ဆရာမ က ကျောင်း သူတွေ ကို သင်ပြပေးတာ အဆင်ပြေမယ်။

ကိုယ်ပိုင် organization လေးတွေ အနေ နဲ့ ညီ၊ ညီမငယ်လေးတွေ ကို ပညာပေးတာမျိုးလည်း အဆင်ပြေနိုင် တယ်။

အဲဒီတော့ စစချင်း မှာ မိဘတွေ နဲ့ ဆရာ၊ ဆရာမတွေ ကို sexual education စသင်တာ ပိုကောင်းမယ်။

ချက်ချင်းကြီး ကလေးတွေ ကို sexual education သင်ပေးရအောင် သူတို့

ကိုယ်တိုင်တောင် ငယ်ငယ်တုန်းကမှ မသင်ခဲ့ ရတာ။ experience နဲ့ education မတူနိုင်ဘူးလေ။

အသက် ၆၀ ကျော် ပညာတတ် ကျမ အမေ က ဒီအရွယ်ထိ condom (ကွန်ဒုံး) ဆိုတာကြီး ကို

အပြင်မှာ မမြင် ဖူးဘူး။ အမေတို့ခေတ် က ဒါတွေ မသိလည်း ဘာမှ မဖြစ်ဘူး။

လူတွေ ဟာ ရိုးသားကြတယ်။ လောကကြီးက မာယာ မများသေးဘူး လို့ပဲ ကဗျာဆန်ဆန် ပြောရမလို။

၃- ဘာတွေ သင်မလည်း။
ဘာတွေ သင်သင့် သလည်း ဆိုတာ ကတော့ online မှာ ရှာရင် အများကြီးပါ။ အသက်အရွယ် အလိုက် အတွက်

သင့်တော်တဲ့ သိသင့် သိထိုက်တာတွေကို ရုပ်ပုံ ကားချပ်တွေနဲ့ လွယ်လွယ် ကူကူ ရနိုင်နေတာပဲ။

အဓိက ကတော့ ကိုယ်ဝန် မရအောင်၊ ရောဂါတွေ ကူးစက် မလာအောင် ဘယ်လို ကာကွယ်မလည်း။ ဒါအဓိကပဲ။

ခုခေတ် ကလေးတွေက ကျူးလွန်လိုက် ၂၄ နာရီ အတွင်း ကိုယ်ဝန် တားဆေးသောက်လိုက် ဖြစ်နေတယ်။

ကိုယ်ဝန်တားဆေး က ကိုယ်ဝန်ပဲ တားမှာ။ ရောဂါ မကူးစက်အောင် ကာကွယ် မပေးနိုင်ဘူး။

ဒီတော့ အဓိက condom သုံးနည်း ကို စနစ်တကျ သင်ပေးသင့်တယ်။

သုံးဖို့ လိုအပ်ကြောင်း ကိုလည်း အသိပညာပေးသင့် တယ်။

၎- လွန်လွန် ကျူးကျူးပြဿနာ တစ်ခုဖြစ်ပြီးသွားရင် ဘယ်လိုဖြေရှင်းမလည်း။
ဒါကတော့ ဥပဒေကြောင်းတွေပါ ပါလာပြီ။ မြန်မာနိုင်ငံမှာ တရားဝင် ကိုယ်ဝန် ဖျက်ချခွင့် မရှိဘူး။ တရားဝင် မဖျက် ရတော့ မဖျက် ကျတော့ဘူးလား။ ဘယ်နေမလည်း။ ဖျက်တာပေါ့။ အဲဒီတော့ ရောဂါရမယ်။ သားသမီး တစ်သက်လုံး မရနိုင်တော့တာ ဖြစ်ချင်ဖြစ်မယ်။ အသက်အန္တရာယ်ထိ ရှိချင်ရှိမယ်။ ဘေးထွက် ဆိုးကျိုးတွေ သိပ်များတယ်။

အဲဒီတော့ မုဒိန်းမှုကြောင့် ရတဲ့ ကိုယ်ဝန် နဲ့ အသက် မပြည့်ကလေး ကိုယ်ဝန်တွေ ကတော့ ကိုယ်တိုင် ဆန္ဒရှိရင်ဖြစ်စေ၊ မိဘ ဆန္ဒရှိရင်ဖြစ်စေ ပေးဖျက်သင့်တယ်။ ဒါပေမယ့် အခုဖြစ်တဲ့ သမီးလေး မှာတော့ ကိုယ်ဝန် က ငါးလ ဆိုတော့ သိပ် အန္တရာယ် ကြီးသွားပြီ။

အသက် ၁၃ နှစ်ကျော်ကျော် မှာ မိခင်ဖြစ်နေမယ့် အဲဒီ သမီးလေး ရှေ့လျှောက်ကြုံရမယ့် ဒုက္ခတွေကို ခံနိုင် ပါ့မလားလို့ တွေးမိတယ်။ အဲဒီလို အခြေအနေ မှာ မိဘ က အရေးအကြီးဆုံးပဲ။ ဆူပူရိုက်နှက်နေ လို့တော့ အလကားပဲ။ အဲဒီလို အဖြစ်မျိုးကြုံတွေ့ရတဲ့ မိသားစုဝင်တွေကို ဆွေးနွေးနှစ်သိမ့်ပေးမယ့်၊ ငွေကြေးအားဖြင့် မပြည့်စုံရင် ထောက်ပံ့ပေးမယ့် အဖွဲ့အစည်းတွေ လိုအပ်နေတယ်။

ဒါတွေလုပ်နေလို့ အရွယ် မရောက်သေးတဲ့ ကလေးတွေ မမှားကြတော့ ဘူးလား ဆိုတော့
မှားရင်တောင် ကိုယ်ဝန် ရတဲ့ ရာခိုင်နှုန်းနည်းသွားပါလိမ့်မယ်။

ကိုယ်ဝန် ရရင်တောင် ကုသ မရတဲ့ ရောဂါဆိုးတွေ ကူးစက် ခံရတဲ့ ရာခိုင်နှုန်း နည်းသွားပါလိမ့်မယ်။
ကျမ အမြင်သက်သက်ပါ။

အတွေးချင်း ထပ်တူမကျရင် ကျော်သွားပါ။
ကျောင်းမှာ ရွယ်တူချင်းမှားမိလို့ ကိုယ်ဝန်ရခဲ့တဲ့ အသက် ၁၃ နှစ်အရွယ် ကျောင်းသူမိန်းကလေး ကျောင်းမှာ ရွယ်တူချင်းမှားမိလို့ ကိုယ်ဝန်ရခဲ့တဲ့ အသက် ၁၃ နှစ်အရွယ် ကျောင်းသူမိန်းကလေး Reviewed by Naethit on Thursday, July 13, 2017 Rating: 5

No comments