ဖုန်းအသုံးပြုရာကနေပြီးတော့ တစ်ရွာလုံးကပ်ရောဂါဆိုးကြုံတွေ့ 


” ဟဲ့ .. ကမ .. နင်ကြားပြီးပြီလား ”
” ဘာတုန်း ”
” ဒို့ ရွာထိပ်က .. ကိုဗလ ဆုံးပြီတဲ့ ”
” ဟယ် .. အကောင်းကြီးကနေ ဘာဖြစ်လို့လား ”
” မနေ့ညက ချမ်းချမ်းအေးအေးနဲ့ မှန်ရှေ့မှာ အကျီချွတ်ပြီး ဓာတ်ပုံ ရိုက်နေရင်းကနေ ရုတ်တရက် လေဖြတ်ပြီး အသက်ပါထွက်သွားတာတဲ့ ”
” အယ် .. နှမြောစရာ ..”
အဲဒါကျုပ်တို့ရွာ .. တစ်နေ့ထက်တစ်နေ့ အဲဒီဘာမှန်းမသိတဲ့ ရောဂါကြောင့် ကျုပ်တို့ရွာကြီးဟာ
တဖြည်းဖြည်းနဲ့ကပ်ဆိုက်လာတယ် .. မြို့က အတတ်ပညာရှင်တွေလာပြီး ရောဂါပိုး ရှာကြည့်တော့လည်း ရှာမတွေ့တဲ့အပြင် ရောဂါပိုးကူးစက်ခံရသွားတာတွေလည်းရှိတယ်
” ဟဲ့ .. ဟဲ့ လုပ်ကြပါအုံး ခလိန်းပါးစပ်ရွဲ့ သွားပြီ ”
ကွီး တို့ မွီး တို့ .. ကယ်ကြပါအုံး ဒီမှာ ခလိန်း ပါးစပ်ရွဲ့သွားပြီ ”
အသံကြားလို့ ပြေးကြည့်တော့ လူတွေအုံနေကြပြီ ဘယ်သူမှ အနားမကပ်ရဲကြဘူး
ရောဂါပိုး ကူးစက်ခံရမှာ စိုးတာကိုး သူတို့ပြောတဲ့ ခလိန်း ကလည်း ပါးစပ်သာရွဲ့နေတာ လက်ထဲက ဖုန်း နဲ့ ဓာတ်ပုံ ရိုက်ကောင်းတုန်း အုံကြည့်နေတဲ့ ရွာသူရွာသားတွေကလည်း ထင်ကြေး အမျိုးမျိုး ပေးကြတယ်
” ဟယ် .. ငယ်ငယ်ရွယ်ရွယ်နဲ့ သနားစရာဟယ် ”
” ဘာလိုဖြစ်တာတဲ့လည်း ” မသိပါဘူးတော် .. အဲလိုဖုန်းတစ်လုံးနဲ့ ဓာတ်ပုံရိုက်ရင်းကနေ ပါးစပ်ရွဲ့သွားတာတဲ့ ”
” ဖြစ်မှာပဲလေ.. တနေ့တနေ့ နခမ်းဆူလိုက် ပါးဖောင်းလိုက်နဲ့ အမျိုးမျိုးလုပ်နေတာကိုး ”
အဲဒီလိုနဲ့ အခြေနေတွေဟာ တနေ့ထက်တနေ့ ပိုဆိုးရွားလာတာကြောင့် နောက်ဆုံးမှာ ကျုပ်တို့ရွာကြီးကို အစိုးရက တားမြစ်နယ်မြေအဖြစ်သတ်မှတ်လိုက်တယ် စားသောက်ကုန်ကလွဲလို့ အဓိက
ကုန်ဖြစ်တဲ့ ဖုန်းဘေကို ဖြတ်တောက်လိုက်တယ် ဒါပေမယ့်လည်း မှောင်ခိုသွင်းတဲ့လူတွေကတော့
ရှိသေးတယ် .. အစိုးရ ကလည်း ဒါတွေကို သိတော့ ရွာပတ်ပတ်လည်ကို အုတ်တံတိုင်း အမြင့်ကြီးတွေ ခတ်ပစ်လိုက်တယ် ဝင်ပေါက်ထွက်ပေါက်ကို တစ်ခုတည်းထားတယ် ဂိတ်ပေါက်မှာလည်း စစ်သားတွေ အလှည့်ကျစောင့်ပြီး ထွက်ပြေးတဲ့ လူမှန်သမျှ ပစ်မိန့် ပေးထားတယ် ရွာထဲမှာလည်း ရုန်းရင်းဆန်ခတ်ဖြစ်ကုန်ကြပြီ ဖုန်းဘေပြတ်တောက်ပြီး လမ်းပေါ်မှာ ဂယောင်ခြောက်ခြားနဲ့ ထွက်ပြေးနေတဲ့ လူတွေလည်းရှိသေးတယ် ..
” ပေး ပေး မပေးပေး ပေး ငါ့ ဖုန်းဘေ ပြန်ပေး.. တူနယ်တဲ့နယ် ပြောင် ”
” ဟဲ့ကလေးတွေ အိမ်ထဲဝင်စမ်း .. ဟိုမှာ အရူးတွေ့လား နင်တို့ကို ဖမ်းသွားလိမ့်မယ် ”
” ဟုတ်ကဲ့ .. မေမေ ”
အဲဒီလို သွက်သွက်ခါရူးနေတဲ့ အရူးတွေလည်းရှိသလို ဓမြ တွေရဲ့ရန်ကိုလည်း ကြောက်ရတယ်
” ဟိတ် .. ဆယ်လီမ ရပ်စမ်း ”
” စင် .. စမီး ဆယ်လီမ ဟုတ်ပါဘူး ”
” ဘာမဟုတ်ဘူးလည်း ..နင့်ပို့စ်တွေ ငါအကုန်မြင်တယ် .. နင့်မှာ ဖုန်းဘေ ရှိတယ်မလား ပြော ”
” ၁၁၅၂ကျပ်ပဲ ကျန်ပါတော့တယ်စင် ”
” အာ့ဆို ငါ့ဖုန်းထဲ ၁ထောင် လွဲလိုက်စမ်း ”
” မလုပ်ပါနဲ့စင်.. လူကိုသတ်ရင် သတ်သွားပါ ဖုန်းဘေ တော့ချမ်းသာပေးပါ ”
” ဟင် ”
အဲလိုတွေဆိုတော့ .. တဖြည်းဖြည်းနဲ့ ရွာထဲမှာလည်း လူတွေမရှိကြတော့ဘူး အိမ်ထဲမှာပဲ နေကြတော့တယ် .. ။ ရောဂါကြောင့် သေတဲ့ လူတွေကလည်း သေနေသလို .. မှုခင်းတွေကလည်း နေ့စဉ်နဲ့အမျှဖြစ်နေတော့ သတင်းဖတ်တိုင်း စိတ်မကောင်းစရာတွေပဲ မြင်နေရတယ် ပိုကီမွန် ဖမ်းရာမှ မောင်မောင်ဇေဆိုသူအား လမ်းကြိတ်စက်တိုက်၍ ခြေနှစ်ချောင်း ပေါင်အရင်းမှပြတ်
”ဟယ် .. အရှိန်ပြင်းလို့နေမှာ”
ဖုန်းဘေ ခြိမ်းခြောက်တောင်းခံမှုကြောင့် ရာဇဝတ်သား မောင်ရာဟု အား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇နှစ်
”ကောင်းတယ် .. နည်းတောင်နည်းသေးတယ်”
မောင်ဇေယျာဆိုသော TU ကျောင်းသားတစ်ဦး စာပေများတွင် အဆိပ်ထည့်၍ သေကြောင်းကြံစည်မှု
”ဟင် .. ဘယ်လိုကြီးတုန်း”
”ဖုန်းဘေများ မဆပ်နိုင်သောကြောင့် မောင်မောင်စ ဆိုသူ ထွက်ပြေးတိမ်းရှောင်နေ”
(ဇာတ်ကားတွေ မတရားဒေါင်းတာကိုး)
စသဖြင့် အဲဒီလို သတင်း တွေကလည်း နေ့တိုင်းဆိုသလို ဖတ်နေရတယ် .. ကျုပ်ကတော့ အိမ်ထဲမှာပဲ အဲဒီလိုသတင်းတွေဖတ်ပြီး ရောဂါပိုး ကူးစက်ခံနေရတဲ့ လူတစ်ယောက်ပေါ့ ရောဂါပိုး ကူးစက်ခံရပြီးနောက်ပိုင်း အကုန်အကျတွေများလာတယ် .. ဖုန်းဘေမရှိရင် အမောဖောက်လာတယ် .. နှုတ်ခမ်းတွေပြာလာတယ် ခေါင်းတွေမူးလာတယ် .. အခြေနေက ကြာလေ ဆိုးလေဖြစ်လာလို့ ကျုပ်ကို အိမ်ကလက်လျှော့ ထားရတဲ့ အခြေနေကို ရောက်နေပြီ .. ဖုန်းဘေ လည်း မထည့်ပေးကြတော့ဘူး
အခု ကျုပ်ဒီ စာ ကို ရေးနေတဲ့အချိန်မှာ ဖုန်းဘေ ၂၈ကျပ်ပဲ ကျန်ပါတော့တယ် .. ချေးစရာလည်း
မရှိတော့တဲ့အတွက်ကြောင့် ဒီစာဟာ ကျုပ်ရဲ့ နောက်ဆုံးစာလည်း ဖြစ်သွားနိုင်တယ် .. အဲဒါကြောင့်
ဒီစာကို ဖတ်ပြီးသွားတဲ့အခါမှာကျုပ်တို့ ရွာ အခြေအနေကို အများသူငှါ သိအောင် ပြောပြပေးကြပါ .. ဖြန့်ဝေကြပါ .. ရောဂါပိုးကူးစက် မခံရအောင်လည်း ဂရုတစိုက် နေကြပါလို့ အကြံပြုရင်း ..
Credit -ဖိုးသူတော်
ဖုန်းအသုံးပြုရာကနေပြီးတော့ တစ်ရွာလုံးကပ်ရောဂါဆိုးကြုံတွေ့  ဖုန်းအသုံးပြုရာကနေပြီးတော့ တစ်ရွာလုံးကပ်ရောဂါဆိုးကြုံတွေ့  Reviewed by Naethit on Saturday, July 15, 2017 Rating: 5

No comments