ခင္ပြန္းသည္ေတြကိုတိုက္တဲ့ ေသမင္းက်ိန္စာ ဂ်ပန္ဇနီးသည္ေတြအၾကား ေရပန္းစား
“Death Note” ဆိုတဲ့စကားလံုးကိုၾကားရင္ ၂၀၀၃ ခုႏွစ္က စတင္ျဖန္႔ခ်ိခဲ့တဲ့ နာမည္ၾကီး ဂ်ပန္ဇာတ္လမ္းျဖစ္တဲ့ “Death Note” ကိုခ်က္ခ်င္းသတိရမိႏိုင္ပါတယ္။ သည္ရုပ္ရွင္ထဲမွာ ဇာတ္လိုက္ျဖစ္တဲ့ Light Yagami ဟာ ေသမင္းထံကေန စာအုပ္တစ္အုပ္ကို လက္ခံရရွိခဲ့ျပီး သည္စာအုပ္ထဲမွာ အမ်ိဳးသားတစ္ဦးဦး ဒါမွမဟုတ္ အမ်ိဳးသမီးတစ္ဦးဦးရဲ႕နာမည္ကိုေရးသားလုိက္တဲ့အခါ နာမည္ေရးသားခံရသူ ေသဆံုးသြားပါတယ္။
ထိတ္လန္႔စရာ လွည့္ကြက္သစ္တစ္ခုအျဖစ္ လက္ရွိအခ်ိန္မွာေတာ့ “ေယာက်္ားရယ္ ေသပါေတာ့” “ေယာက္်ား ေသပါေစ” လို႔ တိုက္ရိုက္အဓိပၸါယ္ရတဲ့ Danna Shine (shi-ne) လို႔ေခၚတဲ့ ဘေလာ့တစ္ခုထြက္ေပၚလာတာပဲ ျဖစ္ပါတယ္။ သည္ဘေလာ့က နာမည္သာမက အေၾကာင္းအရာေတြပါ ေတာ္ေတာ္ေလးဆိုးရြားပါတယ္။ သည္ဘေလာ့နဲ႔ ၎ရဲ႕တြစ္တာစာမ်က္ႏွာဟာ ၂၀၁၄ ခုႏွစ္ ဒီဇင္ဘာလကတည္းကရွိေနခဲ့တာျဖစ္ျပီး အမ်ိဳးသမီး ေတြအေနနဲ႔ သူတို႔ရဲ႕အမ်ိဳးသားေတြအေပၚခံျပင္းတဲ့ခံစားခ်က္ေတြနဲ႔ပတ္သက္ျပီး စိတ္သက္သာရာရေအာင္ ရင္ဖြင့္ႏိုင္မယ့္ ေနရာတစ္ခုျဖစ္တယ္လို႔ Rocket News ကေဖာ္ျပခဲ့ပါတယ္။
အခုခ်ိန္ထိ သည္ဝက္ဘ္ဆိုက္ကိုေပးပို႔လာတဲ့ က်ိန္စာတိုက္အမွာစကား ၁,၄၁၇ ေစာင္ရွိျပီ ျဖစ္ပါတယ္။ အမွာစကားတစ္ခုစီတိုင္းမွာ ဇနီးသည္ေတြက သူတို႔ခင္ပြန္းသည္ေတြရဲ႕ ရက္စက္တဲ့အျပဳအမူေတြ၊ အသံုးမက်မႈ ေတြအေၾကာင္းကို အေသးစိတ္ေရးသားထားပါတယ္။ စာရဲ႕အဆံုးသတ္ပိုင္းမွာ သူတို႔ရဲ႕စိတ္ပ်က္စရာ အျဖစ္အပ်က္ေတြကို အဆံုးသတ္ႏိုင္ေစဖို႔ ေသပါေစလို႔ စိတ္အားထက္သန္စြာ ဆုေတာင္းထားေလ့ရွိပါတယ္။ တကယ္လို႔ ကုိယ့္ရဲ႕ပို႕စ္က “likes” နဲ႔ “comments”ေတြအမ်ားအျပားရခဲ့မယ္ဆိုရင္ သည္ပို႔စ္ေတြက ဝက္ဘ္ဆိုက္မွာ ထိပ္ဆံုး ၁၀ ခုစာရင္းထဲကိုဝင္မွာျဖစ္ပါတယ္။ ပို႔စ္ေတြထဲကတစ္ခုကို ဥပမာအေနနဲ႔ေျပာရရင္ ပို႔စ္တစ္ခုမွာေရးသားတဲ့သူက သူ မိုးလင္းလာတိုင္း သူ႕ခင္ပြန္း ေသဆံုးသြားေစဖို႔ဆုေတာင္းေနမိတယ္လို႔ေရးသားထားပါတယ္။
အဲ့သည့္စာကိုေရးသားသူက သူ႔ခင္ပြန္းကို “အသံုးမက်တဲ့သူ” လို႔ေခၚေဝၚျပီး သူ႔ခင္ပြန္းနဲ႔ ခ်ိန္းေတြ႔ခဲ့ခ်ိန္တုန္းက ခင္ပြန္းသည္ရဲ႕သရုပ္မွန္ကိုမသိခဲ့တာက သူႏံုအခဲ့လုိ႔သာ ျဖစ္တယ္လို႔ ဆိုပါတယ္။ အဆိုပါအမ်ိဳးသမီးက ခင္ပြန္းသည္ကို ဘယ္ေတာ့မွ လူျပန္မျဖစ္ပါေစနဲ႔လို႔ဆုေတာင္းမိတယ္ဆိုတဲ့ စာသားနဲ႔ သူ႔ရဲ႕ပို႔စ္ကို အဆံုးသတ္ထားပါတယ္။
Credit: kumudra journal
Unicode
“Death Note” ဆိုတဲ့စကားလုံးကိုကြားရင် ၂၀ဝ၃ ခုနှစ်က စတင်ဖြန့်ချိခဲ့တဲ့ နာမည်ကြီး ဂျပန်ဇာတ်လမ်းဖြစ်တဲ့ “Death Note” ကိုချက်ချင်းသတိရမိနိုင်ပါတယ်။ သည်ရုပ်ရှင်ထဲမှာ ဇာတ်လိုက်ဖြစ်တဲ့ Light Yagami ဟာ သေမင်းထံကနေ စာအုပ်တစ်အုပ်ကို လက်ခံရရှိခဲ့ပြီး သည်စာအုပ်ထဲမှာ အမျိုးသားတစ်ဦးဦး ဒါမှမဟုတ် အမျိုးသမီးတစ်ဦးဦးရဲ့နာမည်ကိုရေးသားလိုက်တဲ့အခါ နာမည်ရေးသားခံရသူ သေဆုံးသွားပါတယ်။
ထိတ်လန့်စရာ လှည့်ကွက်သစ်တစ်ခုအဖြစ် လက်ရှိအချိန်မှာတော့ “ယောကျာ်းရယ် သေပါတော့” “ယောကျာ်း သေပါစေ” လို့ တိုက်ရိုက်အဓိပ္ပါယ်ရတဲ့ Danna Shine (shi-ne) လို့ခေါ်တဲ့ ဘလော့တစ်ခုထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။ သည်ဘလော့က နာမည်သာမက အကြောင်းအရာတွေပါ တော်တော်လေးဆိုးရွားပါတယ်။ သည်ဘလော့နဲ့ ၎င်းရဲ့တွစ်တာစာမျက်နှာဟာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလကတည်းကရှိနေခဲ့တာဖြစ်ပြီး အမျိုးသမီး တွေအနေနဲ့ သူတို့ရဲ့အမျိုးသားတွေအပေါ်ခံပြင်းတဲ့ခံစားချက်တွေနဲ့ပတ်သက်ပြီး စိတ်သက်သာရာရအောင် ရင်ဖွင့်နိုင်မယ့် နေရာတစ်ခုဖြစ်တယ်လို့ Rocket News ကဖော်ပြခဲ့ပါတယ်။
အခုချိန်ထိ သည်ဝက်ဘ်ဆိုက်ကိုပေးပို့လာတဲ့ ကျိန်စာတိုက်အမှာစကား ၁,၄၁၇ စောင်ရှိပြီ ဖြစ်ပါတယ်။ အမှာစကားတစ်ခုစီတိုင်းမှာ ဇနီးသည်တွေက သူတို့ခင်ပွန်းသည်တွေရဲ့ ရက်စက်တဲ့အပြုအမူတွေ၊ အသုံးမကျမှု တွေအကြောင်းကို အသေးစိတ်ရေးသားထားပါတယ်။ စာရဲ့အဆုံးသတ်ပိုင်းမှာ သူတို့ရဲ့စိတ်ပျက်စရာ အဖြစ်အပျက်တွေကို အဆုံးသတ်နိုင်စေဖို့ သေပါစေလို့ စိတ်အားထက်သန်စွာ ဆုတောင်းထားလေ့ရှိပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ပို့စ်က “likes” နဲ့ “comments”တွေအများအပြားရခဲ့မယ်ဆိုရင် သည်ပို့စ်တွေက ဝက်ဘ်ဆိုက်မှာ ထိပ်ဆုံး ၁၀ ခုစာရင်းထဲကိုဝင်မှာဖြစ်ပါတယ်။ ပို့စ်တွေထဲကတစ်ခုကို ဥပမာအနေနဲ့ပြောရရင် ပို့စ်တစ်ခုမှာရေးသားတဲ့သူက သူ မိုးလင်းလာတိုင်း သူ့ခင်ပွန်း သေဆုံးသွားစေဖို့ဆုတောင်းနေမိတယ်လို့ရေးသားထားပါတယ်။
အဲ့သည့်စာကိုရေးသားသူက သူ့ခင်ပွန်းကို “အသုံးမကျတဲ့သူ” လို့ခေါ်ဝေါ်ပြီး သူ့ခင်ပွန်းနဲ့ ချိန်းတွေ့ခဲ့ချိန်တုန်းက ခင်ပွန်းသည်ရဲ့သရုပ်မှန်ကိုမသိခဲ့တာက သူနုံအခဲ့လို့သာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါအမျိုးသမီးက ခင်ပွန်းသည်ကို ဘယ်တော့မှ လူပြန်မဖြစ်ပါစေနဲ့လို့ဆုတောင်းမိတယ်ဆိုတဲ့ စာသားနဲ့ သူ့ရဲ့ပို့စ်ကို အဆုံးသတ်ထားပါတယ်။
Credit: kumudra journal
ခင္ပြန္းသည္ေတြကိုတိုက္တဲ့ ေသမင္းက်ိန္စာ ဂ်ပန္ဇနီးသည္ေတြအၾကား ေရပန္းစား
Reviewed by Naethit
on
Wednesday, July 12, 2017
Rating:
Reviewed by Naethit
on
Wednesday, July 12, 2017
Rating:

No comments