ဒဂုံတက္ကသိုလ် ကျောင်းသားတွေ ပါဝင်တဲ့ YBS ယာဉ်တိမ်းမှောက်၊ အပြင်းအထန် ဒဏ်ရာရသူတွေရှိ


ယာဉ်မောင်းဖြစ်သူဟာထွက်ပြေးသွားတယ်လို့သိရှိရပါတယ်ဒဂုံတက္ကသိုလ်ကျောင်းသား၊ကျောင်းသူတွေနဲ့ ဆရာ၊ဆရာမတွေ ပါဝင်တဲ့  YBS 25 ယဉ်ဟာ တောင်မြောက်လမ်းဆုံအနီး မတော်တဆမူ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
play

အဆိုပါဖြစ်စဉ်မှာ ဆရာမ ၂ ဦးအပါအဝင် ကျောင်းသူအချို့ ဒဏ်ရာရရှိခဲ့ပြီး အပြင်းထန်ဒဏ်ရာရရှိခဲ့သူတွေကိုတော့  စံပြဆေးရုံသို့ ပို့ဆောင်ထားပါတယ်။ အဆိုပါဖြစ်စဉ်မှာ ယာဉ်မောင်းဖြစ်သူကတော့ ထွက်ပြေးသွားတယ်လို့ သိထားရပါတယ်။
play

ဇူလိုင် ၇ ရက်နေ့ကလည်း YBS ယာဉ်နှစ်စီး တိုက်မိခဲ့တာကြောင့် ခရီးသည် ၄၆ ဦး ထိခိုက်ပြီး သေဆုံးသူအမြောက်အများရှိခဲ့ပါတယ်။ အဆိုပါယာဉ်တိုက်မှုမှာ မှော်ဘီနည်းပညာတက္ကသိုလ်မှ ကျောင်းသူ၊ကျောင်းသားအချို့ ထိခိုက်ဒဏ်ရာရကာ သေဆုံးမှုတွေ ရှိခဲ့ပါတယ်။
(သင်စိတ်ဝင်စားနိုင်တဲ့သတင်း - ကြံ့ခိုင်မှုအားနည်းတဲ့ YBS ယာဉ်တွေကို ပြေးဆွဲခွင့်မပြုတော့ဟုဆို)
Photos & Source: Dagon University Students' Union - ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (Facebook)
ဒဂုံတက္ကသိုလ် ကျောင်းသားတွေ ပါဝင်တဲ့ YBS ယာဉ်တိမ်းမှောက်၊ အပြင်းအထန် ဒဏ်ရာရသူတွေရှိ ဒဂုံတက္ကသိုလ် ကျောင်းသားတွေ ပါဝင်တဲ့ YBS ယာဉ်တိမ်းမှောက်၊ အပြင်းအထန် ဒဏ်ရာရသူတွေရှိ Reviewed by Naethit on Thursday, July 13, 2017 Rating: 5

No comments