ဘွဲ့ရ ပြီးတာနဲ့ FREELANCE လုပ်သင့်တဲ့ အကြောင်းအရင်း (၄)ရပ်


ဘွဲ့ရ ပြီးကတည်းက တစ်နှစ်လောက်အထိ freelance လုပ်ငန်းတွေနဲ့ အချိန်ကုန်ခဲ့သူ တစ်ယောက်အနေနဲ့ freelence လုပ်ဖို့ဆုံးဖြတ်လိုက်ခြင်းဟာ မှန်ကန်သင့်လျော်မှုရှိတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်တယ်ဆိုတာတော့ အတည်ပြုပေးချင်ပါတယ်။

ပြောရမယ်ဆိုရင် ဘွဲ့ဒီဂရီ တွေ စတင်ရရှိလာတဲ့အချိန်ဟာ အကြောင်းပေါင်းများစွာအတွက် စိုးထိတ်စရာ ကောင်းတဲ့ အချိန်တစ်ချိန်ပါ။ များသောအားဖြင့် ဒါဟာ ကိုယ် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကျက်စားခဲ့တဲ့ နေရာတစ်ခုကနေ ခွဲထွက်သွားတဲ့ အဓိပ္ပာယ်လည်း သက်ရောက်စေတယ်။


တစ်နည်းအားဖြင့်တော့ ကိုယ့်ဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့တဲ့ လူတွေကို နှုတ်ဆက်ခွဲခွာလိုက်တဲ့ အဓိပ္ပာယ်ပေါ့။ ပြီးတော့ ပညာရေးဆိုတာကို ထားခဲ့လိုက်ပြီး လက်တွေ့ကမ္ဘာကြီးထဲကို ခြေစုံပစ်ဝင်လိုက်တာပဲ။ ဒါဟာဆိုရင် ဘွဲ့ဒီဂရီတွေနဲ့ပတ်သက်ပြီး အခြောက်လှန့်ဆုံးအရာတွေထဲက တစ်ခုပေါ့။
ဒါကြောင့် သင့်အနေနဲ့ ဘာလုပ်ချင်တယ်၊ ဘယ်လိုလူမျိုးဖြစ်ချင်တယ်၊ ဘယ်လိုဘဝမျိုးမှာ နေချင်တယ်၊ ရှေ့ရေးအတွက် ရှေးရှူလျှောက်လှမ်းလာတဲ့အခါ ကိုယ်စိတ်ဝင်တစားနဲ့ မက်ခဲ့တဲ့ အလုပ်မျိုးကို ရအောင် ဘယ်လိုလိုက်ရမယ် ဆိုတာတွေကို စတင်စဉ်းစားဖို့ လိုလာမယ်။

ဒီမေးခွန်းတွေအတွက် အဖြေကိုပေးပါဆိုရင်တော့ အကောင်းဆုံးနည်းလမ်းကတော့ ဘွဲ့ရပြီးပြီးချင်း freelance လုပ်ဖို့ပဲဖြစ်ပါတယ်။ ဘွဲ့ရပြီးကတည်းက တစ်နှစ်လောက်အထိ freelance လုပ်ငန်းတွေနဲ့ အချိန်ကုန်ခဲ့သူ တစ်ယောက်အနေနဲ့ freelence လုပ်ဖို့ဆုံးဖြတ်လိုက်ခြင်းဟာ မှန်ကန်သင့်လျော်မှုရှိတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်တယ်ဆိုတာတော့ အတည်ပြုပေးချင်ပါတယ်။ ဘာကြောင့် အဲဒီလိုထောက်ခံအားပေးရသလဲဆိုရင် အောက်မှာ ဖော်ပြထားတဲ့ အကြောင်းအချက်လေးတွေကိုသာ ဖတ်ကြည့်ကြည့်လိုက်ပါ။


၁။ အနာဂတ် အခွင့်အလမ်း
Freelancing လုပ်ခြင်းက သင့်ကို မတူညီတဲ့ နယ်ပယ်တွေအများကြီးနဲ့ အဆက်အသွယ်ရလာအောင် အနာဂတ် အခွင့်အလမ်းတွေ ပေးနိုင်ပြီး ဘာတွေလုပ်နိုင်သလဲဆိုတာ ပြပါလိမ့်မယ်။
၂။ အတွေ့အကြုံ
အတွေ့အကြုံ ဆိုတာ လိုအပ်ပါတယ်။ အတွေ့အကြုံ ဆိုတဲ့ စကားလုံးဟာ ဘွဲ့ရပြီး အလုပ်ရှာနေသူတွေ အတွက်တော့ စိတ်ပျက်ဒေါသထွက်စရာ တစ်ခုပဲဖြစ်ပါတယ်။ ဘာကြောင့် freelence လုပ်သင့်လဲဆိုတာ တစ်အကြောင်းပြချက်တစ်ခုတင်ကို လုံလောက်သလောက် ဖြစ်နေပါပြီ။

၃။ career အတွက်
ကျောင်း ပြီးသွားသူအများစုဟာ သူတို့ဘာလုပ်ချင်လဲ၊ ဘာလုပ်သင့်လဲဆိုတာ သိဖို့အတွက် အခက်အခဲ ရှိပါတယ်။ အနာဂတ်အတွက် career ရွေးချယ်သတ်မှတ်ဖို့အတွက် ဒါဟာ ကြီးမားတဲ့ ဖိအား တစ်ခုလည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အားလုံးက လမ်းမှားရွေးမိမှာကို ကြောက်ကြတဲ့သူတွေချည်းပဲလေ။
Freelancing အလုပ်က သင့်အတွက် အလုပ် တွေကို မြည်းစမ်းခွင့်ရမယ်။ ကိုယ်ဘာကိုလုပ်မယ်ဆိုတာ သေသေချာချာ မချမှတ်ရသေးခင်မှာ ဒါဟာ စမ်းသပ်ကာလပဲဖြစ်ပါတယ်။ ပြီးတော့ ဘယ်လိုအလုပ်မျိုးတွေက သင်နဲ့ကိုက်ညီမှု ရှိလဲဆိုတာပါ သိလာရလိမ့်မယ်။ ဒါဆို သင့်အနေနဲ့လည်း career ရွေးချယ်ချမှတ်တဲ့အခါ မှားမှာ ပူနေဖို့ မလိုအပ်တော့ပါဘူး။

၎။ ပိုပြီးလွတ်လပ်မှုရှိ
ကျောင်းပြီးတာနဲ့ freelance လုပ်ဖို့ ရွေးချယ်လိုက်ခြင်းဖြင့် ငွေ နဲ့ ဝါသနာ နှစ်ခုစလုံးကို အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ လွတ်လွတ်လပ်လပ် ရှိလာပါလိမ့်မယ်။
Reference: Lifehack
Credit : Duwun
ဘွဲ့ရ ပြီးတာနဲ့ FREELANCE လုပ်သင့်တဲ့ အကြောင်းအရင်း (၄)ရပ် ဘွဲ့ရ ပြီးတာနဲ့ FREELANCE လုပ်သင့်တဲ့ အကြောင်းအရင်း (၄)ရပ် Reviewed by Naethit on Sunday, July 09, 2017 Rating: 5

No comments