ကိုယ္ဝန္ေၾကာင့္မဟုတ္ဘဲအမ်ိဳးသမီးမ်ား ဓမၼတာလာခ်ိန္ေနာက္က်ရျခင္းအေၾကာင္းရင္းမ်ား


ကိုယ္၀န္ရိွေနျခင္းေၾကာင့္ မဟုတ္ဘဲ ရာသီေနာက္က်ႏိုင္တဲ့ အျခားအေၾကာင္းရင္းေတြ ရိွပါတယ္။ ကၽြမ္းက်င္ပညာရွင္မ်ား ရဲ႕ ေျပာျပခ်က္အရ ဓမၼတာေနာက္က်ရတဲ့ အေၾကာင္းရင္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

စိတ္ဖိစီးမႈ

ဟိုက္ပိုသက္လမက္စ္ (Hypothalamus) လို႔ေခၚတဲ့ ဦးေႏွာက္အတြင္းပိုင္းက ေနရာတစ္ခုဟာ ရာသီေသြးမွန္ကန္ေစ မယ့္ ေဟာ္မုန္းအေျမာက္အမ်ား ထုတ္လုပ္ပါတယ္။ သို႔ေပမယ့္လည္း စိတ္ဖိစီးမႈေၾကာင့္ ၄င္းေဟာ္မုန္းေတြကို လည္ပတ္ ေစတဲ့အခါ ရာသီေနာက္က်တာမိ်ဳး ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ခ်စ္သူနဲ႔ လမ္းခြဲရတာလိုမ်ိဳး၊ မိသားစု၀င္ထဲက တစ္ေယာက္ေယာက္ ဆုံးပါးသြားတာလိုမ်ိဳး ႀကီးမားတဲ့ စိတ္ထိခိုက္၊ ၀မ္းနည္းမႈေတြ ခံစားရတဲ့အခ်ိန္ ရာသီေနာက္က်တာ၊ ဒါမွမဟုတ္ ရာသီေပ်ာက္တာေတြ ျဖစ္ခဲ့ရင္ စိတ္ဖိစီးမႈက တရားခံျဖစ္ပါတယ္။

သိုင္းရြိဳက္ဂလင္း ေရာင္ရမ္းျခင္း။

သိုင္းရြိဳက္ဂလင္း ေရာင္ရမ္းျခင္းနဲ႔ အျခားေသာ သိုင္းရိြဳက္ဂလင္းဆိုင္ရာ ျပႆနာအခ်ိဳ႕နဲ႔ ႀကံဳေတြ႕ရတဲ့အခါမွာလည္း ရာသီေနာက္က်ႏိုင္ပါတယ္။ ဒါေၾကာင့္ သင့္သိုင္းရြိဳက္ဂလင္းမွာ တစ္ခုခုမွားေနတယ္လို႔ သံသယရိွရင္၊ သို႔မဟုတ္ ခံစားမိ ရင္ နီးစပ္ရာ ဆရာ၀န္နဲ႔ သြားေရာက္ျပသ ေဆြးေႏြးသင့္ပါတယ္။

နာတာရွည္ေရာဂါမ်ား

အလိုေလ်ာက္ ကိုယ္ခံအား ကေမာက္ကမျဖစ္တဲ့ေရာဂါကဲ့သို႔ အျခားေသာ နာတာရွည္ေရာဂါမ်ားဟာ ေသခ်ာစြာ မစစ္ေဆး၊ မကုသဘဲ ထားမယ္ဆုိရင္ ခႏၶၶာကိုယ္ရဲ႕ လုပ္ေဆာင္ခ်က္အားလုံးကို ထိခိုက္မႈျဖစ္ေစႏိုင္ၿပီး လစဥ္ဓမၼတာ ကိုလည္း ေနာက္က်ေစႏိုင္ပါတယ္။

ကုိယ္၀န္တားေဆးမ်ား

ရာသီေနာက္က်ျခင္း၊ သို႔မဟုတ္ ေပ်ာက္ျခင္းဟာ သင္ေသာက္သုံးေနတဲ့ ကိုယ္၀န္တားေဆးေတြရဲ႕ ေဘးထြက္ဆိုးက်ိဳး ေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ ဒီဆိုးက်ိဳးဆက္ဟာ တားေဆးေသာက္သုံးျခင္းနည္းနဲ႔ သားဆက္ျခားသူမ်ားမွာတင္ မဟုတ္ဘဲ ေဟာ္မုန္းနည္းနဲ႔ တားတဲ့ IUD သုံးသူမ်ား၊ လက္ေမာင္းထဲ implant ထည့္သူမ်ားမွာပါ သက္ေရာက္မႈ ရိွပါ တယ္။

အရြယ္မတိုင္ခင္ ေသြးဆုံးကိုင္ျခင္း။

ဒါဟာ အျဖစ္နည္းလြန္းလွတဲ့ အေၾကာင္းရင္းျဖစ္ေသာ္လည္း အခ်ိဳ႕ေသာ အသက္ေလးဆယ္ေအာက္ အမ်ိဳးသမီးမ်ားဟာ အရြယ္မတိုင္ခင္ ေသြးဆုံးၾကၿပီး ေစာစီးစြာ သားအိမ္စြမ္းေဆာင္ရည္ က်ဆင္းတတ္ၾကပါတယ္။ အရြယ္မတိုင္ခင္ ေသြးဆုံး မယ့္လကၡဏာေတြကေတာ့ ရာသီေပ်ာက္ျခင္းနဲ႔အတူ ညဘက္ေခၽြးေစးထြက္ျခင္း၊ မိန္းမကိုယ္ေျခာက္ေသြ႕ျခင္းနဲ႔ ကိုယ္ အပူခ်ိန္လြန္ကဲျခင္းတို႔ပဲ ျဖစ္ပါတယ္။

PCOS

PCOS ဆိုတာဟာ ေဟာ္မုန္းမညီမွ်ျခင္းျဖစ္ၿပီး ၄င္းဟာ ရာသီမမွန္ျခင္းကို ျဖစ္ေစႏိုင္ပါတယ္။ အျခားေသာ PCOS ရဲ႕ လကၡဏာေတြကေတာ့ မ်က္ႏွာနဲ႔ ရင္ဘတ္မွာ အေမြးအမွ်င္မ်ား ထြက္လာျခင္း၊ ကိုယ္အေလးခ်ိန္ခ်ရန္ ခက္ခဲျခင္းနဲ႔ သေႏၶ ေအာင္ရန္အခက္အခဲရိွျခင္းစတာေတြ ျဖစ္ပါတယ္။

Ref: thehealthsite
ဖိုးသူေတာ္ (www.phothutaw.com)
Credit: auntymay

#Unicode Version#
ကိုယ်ဝန်ရှိနေခြင်းကြောင့် မဟုတ်ဘဲ ရာသီနောက်ကျနိုင်တဲ့ အခြားအကြောင်းရင်းတွေ ရှိပါတယ်။ ကျွမ်းကျင်ပညာရှင်များ ရဲ့ ပြောပြချက်အရ ဓမ္မတာနောက်ကျရတဲ့ အကြောင်းရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

စိတ်ဖိစီးမှု

ဟိုက်ပိုသက်လမက်စ် (Hypothalamus) လို့ခေါ်တဲ့ ဦးနှောက်အတွင်းပိုင်းက နေရာတစ်ခုဟာ ရာသီသွေးမှန်ကန်စေ မယ့် ဟော်မုန်းအမြောက်အများ ထုတ်လုပ်ပါတယ်။ သို့ပေမယ့်လည်း စိတ်ဖိစီးမှုကြောင့် ၎င်းဟော်မုန်းတွေကို လည်ပတ် စေတဲ့အခါ ရာသီနောက်ကျတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ချစ်သူနဲ့ လမ်းခွဲရတာလိုမျိုး၊ မိသားစုဝင်ထဲက တစ်ယောက်ယောက် ဆုံးပါးသွားတာလိုမျိုး ကြီးမားတဲ့ စိတ်ထိခိုက်၊ ဝမ်းနည်းမှုတွေ ခံစားရတဲ့အချိန် ရာသီနောက်ကျတာ၊ ဒါမှမဟုတ် ရာသီပျောက်တာတွေ ဖြစ်ခဲ့ရင် စိတ်ဖိစီးမှုက တရားခံဖြစ်ပါတယ်။

သိုင်းရွိုက်ဂလင်း ရောင်ရမ်းခြင်း။

သိုင်းရွိုက်ဂလင်း ရောင်ရမ်းခြင်းနဲ့ အခြားသော သိုင်းရွိုက်ဂလင်းဆိုင်ရာ ပြဿနာအချို့နဲ့ ကြုံတွေ့ရတဲ့အခါမှာလည်း ရာသီနောက်ကျနိုင်ပါတယ်။ ဒါကြောင့် သင့်သိုင်းရွိုက်ဂလင်းမှာ တစ်ခုခုမှားနေတယ်လို့ သံသယရှိရင်၊ သို့မဟုတ် ခံစားမိ ရင် နီးစပ်ရာ ဆရာဝန်နဲ့ သွားရောက်ပြသ ဆွေးနွေးသင့်ပါတယ်။

နာတာရှည်ရောဂါများ

အလိုလျောက် ကိုယ်ခံအား ကမောက်ကမဖြစ်တဲ့ရောဂါကဲ့သို့ အခြားသော နာတာရှည်ရောဂါများဟာ သေချာစွာ မစစ်ဆေး၊ မကုသဘဲ ထားမယ်ဆိုရင် ခန္ဓ္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်အားလုံးကို ထိခိုက်မှုဖြစ်စေနိုင်ပြီး လစဉ်ဓမ္မတာ ကိုလည်း နောက်ကျစေနိုင်ပါတယ်။

ကိုယ်ဝန်တားဆေးများ

ရာသီနောက်ကျခြင်း၊ သို့မဟုတ် ပျောက်ခြင်းဟာ သင်သောက်သုံးနေတဲ့ ကိုယ်ဝန်တားဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီဆိုးကျိုးဆက်ဟာ တားဆေးသောက်သုံးခြင်းနည်းနဲ့ သားဆက်ခြားသူများမှာတင် မဟုတ်ဘဲ ဟော်မုန်းနည်းနဲ့ တားတဲ့ IUD သုံးသူများ၊ လက်မောင်းထဲ implant ထည့်သူများမှာပါ သက်ရောက်မှု ရှိပါ တယ်။

အရွယ်မတိုင်ခင် သွေးဆုံးကိုင်ခြင်း။

ဒါဟာ အဖြစ်နည်းလွန်းလှတဲ့ အကြောင်းရင်းဖြစ်သော်လည်း အချို့သော အသက်လေးဆယ်အောက် အမျိုးသမီးများဟာ အရွယ်မတိုင်ခင် သွေးဆုံးကြပြီး စောစီးစွာ သားအိမ်စွမ်းဆောင်ရည် ကျဆင်းတတ်ကြပါတယ်။ အရွယ်မတိုင်ခင် သွေးဆုံး မယ့်လက္ခဏာတွေကတော့ ရာသီပျောက်ခြင်းနဲ့အတူ ညဘက်ချွေးစေးထွက်ခြင်း၊ မိန်းမကိုယ်ခြောက်သွေ့ခြင်းနဲ့ ကိုယ် အပူချိန်လွန်ကဲခြင်းတို့ပဲ ဖြစ်ပါတယ်။

PCOS

PCOS ဆိုတာဟာ ဟော်မုန်းမညီမျှခြင်းဖြစ်ပြီး ၎င်းဟာ ရာသီမမှန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အခြားသော PCOS ရဲ့ လက္ခဏာတွေကတော့ မျက်နှာနဲ့ ရင်ဘတ်မှာ အမွေးအမျှင်များ ထွက်လာခြင်း၊ ကိုယ်အလေးချိန်ချရန် ခက်ခဲခြင်းနဲ့ သန္ဓေ အောင်ရန်အခက်အခဲရှိခြင်းစတာတွေ ဖြစ်ပါတယ်။

Ref: thehealthsite

ဖိုးသူတော် (www.phothutaw.com)
Credit: auntymay
ကိုယ္ဝန္ေၾကာင့္မဟုတ္ဘဲအမ်ိဳးသမီးမ်ား ဓမၼတာလာခ်ိန္ေနာက္က်ရျခင္းအေၾကာင္းရင္းမ်ား ကိုယ္ဝန္ေၾကာင့္မဟုတ္ဘဲအမ်ိဳးသမီးမ်ား ဓမၼတာလာခ်ိန္ေနာက္က်ရျခင္းအေၾကာင္းရင္းမ်ား Reviewed by Naethit on Sunday, July 09, 2017 Rating: 5

No comments