“ခွင့်ပြုမိန့်မရဘဲ အခြားနည်း အသုံးပြုနေသော လယ်ယာမြေများနှင့် ပတ်သက်၍ သိကောင်းစရာများ”


၁။ "လယ်ယာမြေကို ခွင့်ပြုမိန့်မရဘဲ အခြားနည်း အသုံးပြုပါက
အရေးယူမည်"

သီးနှံစိုက်ပျိုးရန်သာ ခွင့်ပြုထားသော လယ်ယာမြေများကို
ခွင့်ပြုမိန့်ရယူခြင်း မရှိဘဲ အခြားနည်းအသုံးပြုပါက
လယ်ယာမြေဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊
ဒုတိယ၀န်ကြီး ဒေါက်တာထွန်းဝင်းကပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး၊ဝေါမြို့နယ်မှ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးတင်ထွေး၏လယ်ယာမြေများအတွင်း
အခြားနည်း အသုံးပြုနေခြင်းနှင့် ပတ်သက်သည့်
မေးမြန်းချက်ကိုဖြေကြားရင်း ဒုတိယ၀န်ကြီးက အထက်ပါ
အတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

*** ၂၀၁၂ခုနှစ်ကပြဌာန်းခဲ့သော လယ်ယာမြေဥပဒေတွင်
လယ်ယာမြေကို အခြားနည်းဖြင့်အသွင်ပြောင်း
အသုံးပြုလိုပါက လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ
အဆင့်ဆင့်ကို တင်ပြပြီးခွင့်ပြုမိန့်ရယူရန် လိုအပ်မည်ဖြစ်ပြီး
ထိုကဲ့သို့ ခွင့်ပြုမိန့်ရယူခြင်း မရှိဘဲ ကျူးလွန်ပါကအရေးယူ
သွားမည်ဖြစ်ကြောင်း ***
၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

လယ်ယာမြေဥပဒေ၊ ပုဒ်မ ၁၉ အရ
လယ်ယာမြေကို ခွင့်ပြုမိန့် မရရှိဘဲ အခြားနည်းသုံးစွဲခွင့်
မပြုရဟု ပြဌာန်းထားသောကြောင့်
- လယ်ယာမြေကို စိုက်ပျိုးခြင်း မပြုဘဲ ကျောက်တိုင်များ
စိုက်ကာခြံစည်းရိုးကာရံခြင်း၊
- ကြိုတင်ကာ မြေဖို့အဆောက်အဦး ဆောက်လုပ်ထားခြင်း
များသည်
ပုဒ်မ ၁၉ အရ
- သတ်မှတ်သည့်ဒဏ်ကြေးပေးဆောင်စေခြင်း၊
- လယ်ယာမြေပေါ်မှ နှင်ထုတ်ထိုက်သူအားနှင်ထုတ်ခြင်း၊
- ခွင့်ပြုချက်မရှိဘဲ ဆောက်ထားသော အဆောက်အဦး
များအား ဖယ်ရှားခြင်းများ
ပြုလုပ်နိုင်ကြောင်း ဒုတိယ၀န်ကြီးက ပြောကြားခဲ့သည်။

(ထူးသန့် )

***
 
၂။ "လယ်မြေမှအပ ယာမြေကို အခြားနည်းလမ်း အသုံးပြုခွင့်
လျှောက်ပြီး လူနေထိုင်နိုင်"

လယ်ယာမြေတွေကိုခွင့်ပြုထားတဲ့ ပုံစံမျိုးမဟုတ်ပဲ
လက်တစ်လုံးခြားအသုံးပြုပြီး လူနေထိုင်နေတာတွေ၊လုပ်ငန်း
လုပ်ကိုင်နေကြတာတွေရှိနေပြီး ပုံစံတွေလွဲနေတာကို
စိစစ်သင့်တယ်လို့ အကျိုးဆောင်ရှေ့နေအချို့က
ပြောပါတယ်။

*** ဘယ်လိုလယ်မြေ၊ယာမြေတွေကိုမှ လူနေခွင့်
အိမ်ဆောက်ခွင့်မပြုထားပါဘူး။ ဥပဒေမှာ အတိအကျ ပြဌာန်း
ထားပေမဲ့ ပြုလုပ်နေကြတာတွေရှိနေပါတယ်။လယ်မြေတွေကို
အခြားနည်းခွင့်ပြုထားတာက လယ်မစိုက်ဘဲ အခြားသီးနှံ
စိုက်ပျိုးထားတာကိုပဲ ခွင့်ပြူတာမျိုး ဖြစ်တယ် ***
လို့ သိရပါတယ်။

အကျိုးဆောင်ရှေ့နေ ဦးကျော်စွာက
* ယာမြေကိုအိမ်ဆောက်ချင်တယ်ဆို လူနေမြေအဖြစ်
ပြောင်းလဲဖို့လိုပါတယ်၊လုပ်နည်းတွေတော့ရှိပါတယ်။
တချို့ကလယ်မလုပ်တော့ဘူး၊လိုအပ်ချက်အရ
ကျေးရွာတိုးချဲ့မြေအဖြစ် လျှောက်ကြတာတွေလည်းရှိတယ်၊
တချို့ကပုံစံ(၁၀၅)၊ပုံစံ(၇)တွေ လယ်မြေတွေကတော့
လူနေလို့ မရဘူးလို့ ပြောပါတယ်။
အပြင်မှာတချို့က လူနေဖို့နဲ့ အိမ်ဆောက်ခွင့်ရဖို့အတွက်
လယ်ယာမြေတွေကို လျှောက်ထားနေတဲ့ ပုံစံတွေက
အမျိုးမျိုးရှိတယ် * လို့ သိရပါတယ်။

ဥပဒေပိုင်းအရ လျှောက်ထားမယ်ဆို
မြို့နယ်မြေစာရင်းဦးစီးဌာနမှာ ပုံစံ (၁၄)လျှောက်ထားရမှာ
ဖြစ်တယ်။မြေစာရင်းဖြစ်တဲ့ ပုံစံ(၁၀၅)ကိုတောင်းယူရမှာ
ဖြစ်တယ်။ပုံစံ (၁၀၅)ကိုလျှောက်ထားတဲ့အခါမှာ
တခြားနည်းလမ်း အသုံးပြုခွင့်လျှောက်ထားဖို့ အတွက်
ဖြစ်ကြောင်းပါဝင်ရမှာပါ။

ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က
- ခွင့်ပြုတဲ့ အများစုပုံစံ ကတော့အိမ်ရာဆောက်တာတို့၊
ဆီဆိုင်ဖွင့်တာတို့တွေ များပါတယ်၊
- သူတို့သတ်မှတ်ထားချက်တွေနဲ့ ကိုက်ညီမှ ခွင့်ပြုတာ
များတယ်။
- ဈေးကွက်ထဲမှာရောင်းနေတဲ့ လယ်မြေတွေကတော့
လူနေလို့မရတာသေချာတယ်၊
- ကျေးရွာတိုးချဲ့ လျှောက်ထားတာ ကျပြီးသားတွေကတော့
စိတ်ချရပါတယ်လို့ ရှင်းပြပါတယ်။

အခြားနည်းအသုံးပြုခွင့်လျှောက်ထားတဲ့အခါ
- လျှောက်ထားသူရဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ
လိုပါတယ်။
- အကြောင်းပြချက်ခိုင်မာဖို့လည်း လိုအပ်တယ်လို့ သိရ
ပါတယ်။
- ရပ်/ကျေးအုပ်ချုပ်ရေးမှူးမြို့နယ်မြေစာရင်းဦးစီးဌာနတို့ရဲ့
ထောက်ခံချက်တွေ လိုအပ်တယ်လို့ သိရပါတယ်။
- တိုင်းဒေသကြီးအထိ တင်ရတာဖြစ်ပါတယ်။
- တိုင်းဒေသကြီးအစိုးရက ခွင့်ပြုချက်နဲ့ မြို့နယ်
မြေစာရင်းဌာနကနေ ခွင့်ပြုရမှာဖြစ်တယ်။
- လယ်မြေတွေကတော့ ဗဟိုလယ်မြေစီမံခန့်ခွဲမှုကိုပါ
တင်ရတာပါ။
- ဒါတွေကို ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊
အပိုဒ် ၃၀ (က) ပါ ပါဝင်တယ်လို့ ပြောပါတယ်။
- ယာမြေကတော့ အိမ်ဆောက်ခွင့်တင်လို့ရပြီး
လယ်မြေကိုတော့ ခွင့်ပြုတာမျိုးမရှိဘူးလို့ ပြောပါတယ်။

***

၃။ "လယ်ယာမြေ နှင့် ပုဒ်မ၈၀"

ကျေးလက်ဒေသ ဖွံ.ဖြိုးတိုးတက်ရေး ဆောက်ရွက်မည့်လုပ်ငန်း
စီမံချက် သို.မဟုတ် မြို.ပြဒေသ ဖွံ.ဖြိုးတိုးတက်ရေး
ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်များအရ

ကျေးလက်လူနေမူဘဝဖွံ.ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့်
စာသင်ကျောင်း၊ ကျန်းမာရေးဌာန၊ ဆေးရုံ၊ ဆေးပေးခန်း၊
စာကြည့်တိုက်၊ လမ်း၊တံတား၊ ကျေးလက်ဈေး၊
ဘာသာရေးအဆောက်အအုံ၊ သုသာန်နှင့် အခြားလိုအပ်သော
အဆောက်အအုံများအတွက် လယ်ယာမြေကို
အသုံးပြုရန်ရှိပါက
အောက်ပါအချက်များနှင့်ညီညွတ်လျှင် အသုံးပြုနိုင်ခွင့်ရှိသည်။

(က) စာသင်ကျောင်းအတွက်ဖြစ်ပါက ပြည်တောင်စုအဆင့်
ပညာရေးဝန်ကြီးဌာန၏လုပ်ငန်းဆိုင်ရာ ခွင့်ပြုချက်ရှိပြီး
ရန်ပုံငွေရရှိနိုင်မှု အခြေအနေရှိခြင်း

(ခ) ကျန်းမာရေးဌာန၊ ဆေးရုံနှင့် ဆေးပေးခန်းအတွက် ဖြစ်ပါက
ပြည်တောင်စုအဆင့် ကျန်းမားရေးဝန်ကြီးဌာန၏လုပ်ငန်းဆိုင်ရာ
ခွင့်ပြုချက်ရှိပြီး ရန်ပုံငွေရရှိနိုင်မှု အခြေအနေရှိခြင်း

(ဂ) ဘာသာရေးအဆောက်အအုံများအတွက် ဖြစ်ပါက
ပြည်တောင်စုအဆင့် သာသနာရေးဝန်ကြီးဌာန၏လုပ်ငန်းဆိုင်ရာ
ခွင့်ပြုချက်ရှိပြီး ရန်ပုံငွေရရှိနိုင်မှုအခြေအနေရှိခြင်း

(ဃ) အခြားကိစ္စရပ်အတွက်ဖြစ်ပါက သက်ဆိုင်ရာ
ပြည်တောင်စုအဆင့်ဝန်ကြီးဌာန၏လုပ်ငန်းဆိုင်ရာခွင့်ပြုချက်ရှိပြီး
ရန်ပုံငွေရရှိနိုင်မှု အခြေအနေရှိခြင်း

(ref: #Farmland_Law_2012)
credit: #The_Myanmar_Times / #The_Modern _&_Winning_Land
#KopyTaw (DG)

>>>>
“ခွင့်ပြုမိန့်မရဘဲ အခြားနည်း အသုံးပြုနေသော လယ်ယာမြေများနှင့် ပတ်သက်၍ သိကောင်းစရာများ”  “ခွင့်ပြုမိန့်မရဘဲ အခြားနည်း အသုံးပြုနေသော  လယ်ယာမြေများနှင့် ပတ်သက်၍ သိကောင်းစရာများ” Reviewed by Naethit on Monday, July 10, 2017 Rating: 5

No comments