သင့်မျက်ခုံးက သင်ဘယ်လိုလူမျိုးဆိုတာ ပြောပြပေးနိုင်
မျက်ခုံးတွေဟာ လူတစ်ဦးချင်းစီအလိုက် အလွန် ကွဲပြားခြားနားကြပါတယ်။ မိမိတို့မျက်ခုံးတွေ အသွင်ကွဲပြားမှု အမျိုးမျိုး ရှိပေမယ့် ဒီသုံးခုက ဘုံအတူညီဆုံးတွေ ဖြစ်ပါတယ်။
A. ဘိုးတံနဲ့တူသော မျက်ခုံး
ကိုယ့်ကိုယ်ကို မျှော်လင့်ချက်မြင့်မြင့်ထားပြီး တွန်းတွန်းထိုးထိုး လုပ်တတ်သူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ထွန်းပေါက်အောင်မြင်သူ တစ်ဦးဖြစ်လို့ ခြိမ်းခြောက်ခံနေရသည့် စိတ်ခံစားချက် ကိန်းအောင်းနေ တတ်ပါတယ်။ စေ့စပ်သေချာသူ တစ်ဦးဖြစ်ပြီး အုပ်စုလိုက်ထက် ကိုယ့်ဘာသာ လုပ်ကိုင်တတ်ပါတယ်။ ခိုင်မာအားကောင်းသော ပင်ကိုယ်စရိုက် ရရှိပိုင်ဆိုင်ထားသည့်တိုင် အဆင့်ပြေတယ်လို့ မဆိုနိုင်ပါ။
B. မျက်ခုံးဝိုင်းဝိုင်း
မိမိထက် တခြားသူကို ဦးစားပေးတတ်ပြီး စာနာတတ်သူအဖြစ် ရှုမြင်ခံရပါတယ်။ နှစ်ဦးနှစ်ဖက် အကျိုးရှိသော အခြေအနေ တစ်ရပ်ဖန်တီးဖို့ အလွန်အရေးကြီးပါတယ်။ အများကို ပျော်စေချင်တဲ့ စိတ်ဆန္ဒရှိကြပါတယ်။ ဒါကြောင့် လုက်ဖော်ကိုင်ဖက်များ၊ သူငယ်ချင်းများနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ပိုင်ဆိုင်ထားပါတယ်။ ယုံကြည်အားကိုးထိုက်ပြီး သူတပါးနဲ့ ဆက်ဆံရေး ပြေပြစ်သူတွေဖြစ်ပါတယ်။ နောက် အနီးနားရှိသူအား စိတ်ပျော်ရွှင်မှု ရစေပါတယ်။
C. မျက်ခုံးပြေပြေ
ပင်ကိုယ်အရ မိမိကိုယ်ကိုယ်ယုံကြည်မှုနဲ့ မိမိကိုယ်ကိုယ် ယုံကြည်လွန်းပေမယ့် ကျိုးကြောင်းဆီလျှော်မှုရှိမရှိ၊ ဆင်ခြင်တုံတရားပေါ် အခြေခံတဲ့၊ ဆုံးဖြတ်ချက်တွေ ချမှတ်တတ်တာကြောင့် စိတ်လှုပ်ရှားဖွယ် သိပ်မရှိပါဘူး။ အလုပ်တွေပြီးမြောက်အောင် လုပ်ဆောင်ခဲပြီး တစ်ခုခုဖြစ်ပါက လွယ်လင့်တကူ စိတ်ပျက်တတ်ပါတယ်။
Ref:shefinds
သင့်မျက်ခုံးက သင်ဘယ်လိုလူမျိုးဆိုတာ ပြောပြပေးနိုင်
Reviewed by Naethit
on
Sunday, July 09, 2017
Rating:
Reviewed by Naethit
on
Sunday, July 09, 2017
Rating:

No comments