ကလေး ကို မလိုလားအပ်တဲ့ အန္တရာယ် ရန်က ကာကွယ်နိုင်ဖို့ မိဘ တိုင်း သိထားသင့်တဲ့ အချက်များ



သက်ငယ်မုဒိမ်းမှု တွေ၊ ကလေး တွေကို ဖမ်းပြီး ကျောက်ကပ် ထုတ် ရောင်းတဲ့ ဖြစ်ရပ်တွေ များနေတဲ့ ဒီနေ့လို ခေတ်ကြီးမှာ သင့်ရင်သွေးကို ဘယ်လိုမျိုး ကာကွယ်ရမလဲဆိုတာကို အကြံပြုချင်ပါတယ်။ မိဘ တွေ ကလည်း ကလေး ရဲ့ အနားမှာ အချိန်ပြည့်(၂၄)နာရီ နေပေးနိုင်ဖို့ကေ တာ့ မဖြစ်နိုင်ပါဘူး။မနက်မိုးလင်းရင် ကလေးကို ကျာင်းရှေ့ရောက် အောင် ပို့ပြီး ကိုယ်စီအလုပ်သွားနေရတဲ့ မိဘတွေက ပိုများပါတယ်။ ဒီတော့ သင့် ကလေး ဆီကို မလိုလားအပ်တဲ့ အန္တရာယ်တွေ မကျေ ရာက် ဒီလိုမျိုး ကာကွယ်ပေးလို့ရပါတယ်။
(၁)ကလေး ရဲ့ နာမည် ကို ထုတ်ဖော်တာမျိုး မလုပ်ပါနဲ့
ကလေး ရဲ့ ကျောပိုးအိတ်၊ထမင်းချိုင့်အစရှိတဲ့ နေရာတွေမှာ နာမည် ရေးတာတွေ မလုပ်ပါနဲ့။ပျောက်မှာ စိုးလို့ပဲ ဖြစ်ဖြစ် တခြားအကြောင်း အရင်းကြောင့်ပဲ ဖြစ်ဖြစ် အဲ့ဒီလို နာမည်တွေ ရေးပေးတတ်ကြပါတယ်။ မိဘ တွေက တခြားကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ရေးတာဆိုပေမယ့် တခြားတစိမ်းတစ်ယောက်က ဒါကို မြင်သွားရင် ကလေး အတွက် အန္တရာယ်ဖြစ်လာနိုင်ပါတယ်။နာမည်ခေါ်ပြီး ရင်းနှီးတဲ့ ပုံဖမ်းပြရင် ကလေး ရဲ့ စိတ်ထဲမှာ ငါ့ကို သိတဲ့ သူဆိုပြီး အယုံလွယ်ကာ မလို လားအပ် တာတွေ ဖြစ်လာနိုင်ပါတယ်။ကလေးရဲ့နာမည်အစား သင့်ရဲ့ ဖုန်းနံပါတ် ကို ရေးထားတာ ပိုသင့်တော်ပါတယ်။နာမည်ရေးချင် ရင် လည်း အတိုကောက်ရေးပါ။
(၂)တစိမ်း နဲ့ ကား ကြုံမလိုက်ဖို့ သတိပေးပါ
ကျောင်းအပြန် အိမ် က လာခေါ်မယ် ပြောရင် အိမ်က လာအခေါ်ကို စောင့်ဖို့၊တစိမ်းနဲ့ လမ်းကြုံလိုက်မလာဖို့(တစိမ်းမဟုတ်ပဲ လူရင်းဆိုရ င်တောင် အိမ် ကလာခေါ်မယ်ဆိုရင် စောင့်ဖို့)သတိပေးပါ။တစိမ်း တစ်ယောက်ရဲ့ ကား ကို မစီးဖို့ သေချာ သတိပေးပါ။တကယ်လို့ အ တင်းခေါ်နေရင် ကားနဲ့ မျက်နှာချင်းဆိုင် ဆန့်ကျင်ဘက် အရပ်ကို ပြေး ဖို့၊ကား ရဲ့ ရှေ့ကနေ မပြေးဖို့ သင်ပေးထားပါတယ်။
(၃)မိသားစု တွေပဲ သိတဲ့ လျှို့ဝှက်စကား ထားပါ
တစ်စုံတစ်ယောက် သားကို(သို့)သမီး ကို လာခေါ်ရင် ဒီလို မေးခွန်း ကို အရင်မေးဆိုပြီး မိသားစု တွေပဲ သိတဲ့ လျှို့ဝှက် စကား တစ်ခုထားပါ။ ကလေးလည်း မှတ်မိလွယ်မယ့် စကားလုံးမျိုး သတ်မှတ်ထားပါ။ ဒါပေမယ့် အပြင်တစိမ်း အလွယ်တကူ ခန့်မှန်းမိနိုင်တဲ့ စကားမျိုး မဖြ စ်ဖို့ အရေးကြီးပါတယ်။
(၄)ခြေရာခံတဲ့ Apps ကိုသုံးပါ
လူတိုင်းလည်း ဖုန်း ကိုင်နိုင်ပြီဖြစ်တဲ့ ဒီနေ့လို အချိန်မှာ လူတိုင်း အတွက် ဒီနည်းကို သုံးဖို့ မခက်တော့ပါဘူး။ဖုန်း မှာဆိုရင် GPS ပါ တာကြောင့်ဘယ်ရောက်နေလဲ အလွယ်တကူသိနိုင်ပါတယ်။ကလေး ရဲ့ လှုပ်ရှားမှုတွေကို သိနိုင်တဲ့ ခြေရာခံ App တွေလည်း အ များကြီး ပေါ်နေပါပြီ။စမတ်ဖုန်းနဲ့ ချိတ်ဆက်နိုင်တဲ့ button watch ကို ကလေးရဲ့ လက်မှာ ၀တ်ပေးထားတာမျိုးလည်း လုပ်လို့ရပါတယ်။ အေ ရးကြုံရင် ဒါလေးကို ကလေးက နှိပ်လိုက်ရုံနဲ့ မိဘက တန်းသိနိုင် ပါတယ်။
(၅)တစိမ်း နဲ့တွေ့ရင် ဘယ်လို ဆက်ဆံရမလဲ သင်ပေးထားပါ
တစိမ်း က အတင်းခေါ်ဖို့ ကြိုးစားနေရင် အော်ဟစ်ပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်းခိုင်းပါ။ကိုယ်နဲ့မသိတဲ့ တစိမ်းတစ်ယောက်နဲ့ (၇)စက္ကန့်(၈)စက္ကန့်လောက် ထက်ပိုပြီး စကားမပြောရဘူးလို့ သင်ပေးထားပါ။တစိမ်းရဲ့ အနားကို မကပ်ဖို့ ခပ်ဝေးဝေးကနေ နေဖို့ ပြောပြ ထားပါ။
(၆)ဓါတ်လှေကား အတူ မစီးခိုင်းပါနဲ့
မသိတဲ့ တစိမ်းနဲ့နှစ်ယောက်တည်း ဓါတ်လှေကား အတူစီးတာမျိုး မလုပ်ဖို့ သတိပေးပါ။
(၇)အွန်လိုင်းပေါ်က လူတွေကို အယုံမလွယ်ဖို့ သတိပေးပါ
ဒါကတော့ ကလေး တွေတင်မဟုတ်ပါဘူး။အရွယ်အားလုံးနဲ့ သက် ဆိုင်ပါတယ်။ဖုန်းတွေ ပေါနေတော့ လူတိုင်းကိုင်နိုင်ပြီး ဆိုရှယ်မီ ဒီယာကို အရွယ်ပေါင်းစုံက သုံးနေကြတာပါ။ဒါကြောင့် အွန်လိုင်း ပေါ် က လူတွေကို အယုံမလွယ်ဖို့၊အပြင်မှာ တွေ့တာတွေ မလုပ်ဖို့ ကလေး ကို သတိပေးထားပါ။ ကလေးက (၁၈)မပြည့်သေးရင်တော့ ကလေးရဲ့ ဆိုရှယ်မီဒီယာအကောင့် password ကို မိဘ ကပါ သိထားတာ၊ မိဘရဲ့ ထိန်းကွပ်မှု အောက်မှာ အသုံးပြုခိုင်းတာ အကောင်းဆုံးပါ။
Ref;brightside
Credit : Shwemom
ကလေး ကို မလိုလားအပ်တဲ့ အန္တရာယ် ရန်က ကာကွယ်နိုင်ဖို့ မိဘ တိုင်း သိထားသင့်တဲ့ အချက်များ ကလေး ကို မလိုလားအပ်တဲ့ အန္တရာယ် ရန်က ကာကွယ်နိုင်ဖို့ မိဘ တိုင်း သိထားသင့်တဲ့ အချက်များ Reviewed by Naethit on Thursday, July 06, 2017 Rating: 5

No comments