ဖတ်ကြည့်ပါ ကျော်ခွမသွားစေပါ
တစ်ခါက…သင်္ချာဆရာ တစ်ယောက်ဆီမှာကျောင်းသားလေးနှစ်ယောက် ကျူရှင် ယူပြီး
စာသင်နေသတဲ့။ခက်တာက…ကျောင်းကြီး မှာ စာမေးပွဲ ဖြေတိုင်းတစ်ယောက်က သင်္ချာ အမှတ်ပြည့်ရပြီးနောက်တစ်ယောက်ကတော့ ၇၀ လောက်ပဲရတယ်။
ဒီတော့အမှတ်နည်းတဲ့ ကျောင်းသား က ကျူရှင်ဆရာ ကို မေးတယ်… …’ဆရာ… ကျနော်တို့ နှစ်ယောက် ဆရာ့ဆီမှာကျူရှင်ယူကြတယ်၊ သူအတန်းမှန်သလိုကျနော်လည်းမှန်တယ် သူ အိမ်စာ လုပ်သလို ကျနော် လည်းလုပ်တယ် သူကြိုးစားသလောက် ကျနော်လည်း ကြိုးစားတယ်၊ ဒါနဲ့များ စာမေးပွဲမှာ
ဘာလို့ ကျနော် က အမှတ်နည်းရတာလဲ ဆရာ၊ ကျနော် မသိအောင်များ သူ့ကိုတစ်ယောက်ထဲ ခွဲပြီးအချိန်ပိုသင်ပေးနေတာလား’ဆိုတော့… …
ဆရာက တပည့်မိုက် ကို ပြုံုးပြီးကြည့်ရင်း ပြောတယ်… …”သူ အမှတ်ပိုရအောင် ဆရာဘယ်တုံးကမှ ခွဲခြားပြီးမသင်ခဲ့ဘူး င့ါတပည့်”
“ဒါဆို သူကဘာလို့ ကျနော့် ထက် အမြဲတမ်းအမှတ်များနေတာလဲ ဆရာ”
“မင်းတို့ နှစ်ယောက်ဗိုက်ထဲက ချီး အလေးချိန်မတူလို့ကွ၊ ပိုလေးတဲ့ အီး ကို ပါနိုင်တဲ့ကောင်ကပိုပြီး စာတော်တယ်”
“ဗျာ…”
“ဟုတ်တယ်…. မယုံရင် မနက်ဖန်မနက် အိပ်ရာထလို့အီးပါတဲ့အခါ အဲဒီအီးကို ချိန်ခဲ့ကြ၊ ဘယ်သူကအီး ပိုများများပါနိုင်လဲ၊ ဘယ်သူ့ အီး က ပိုလေးလဲကြည့်ကြတာပေါ့၊ ဟုတ်ပြီလား”
“ဟုတ်ကဲ့…”ဆိုပြီး ကျောင်းသားနှစ်ယောက်ပြန်သွားတယ်။
နောက်ရက် ကျူရှင် လာတက်တော့ ဆရာကမေးတယ်… …”ပြောပါအုံး မင်းတို့ရဲ့ အီး အလေးချိန်တွေ”စာညံ့တဲ့ ကျောင်းသား က ဖြေတယ်… …
“ကျနော်ဟာကတော့ ဂရမ် ၁၅၀ လောက်ရှိတယ် ဆရာ”စာတော်တဲ့ ကျောင်းသား က ဖြေတယ်… …
“၈၅ ဂရမ် ရှိပါတယ်ဆရာ”
အဲဒီမှာ…စာညံ့တဲ့ ကျောင်းသား က ‘ဘယ့်နှယ့်ရှိစ’ ဆိုတဲ့ မျက်နှာပေးနဲ့ ဆရာကိုကြည့်ရင်း ပြောတယ်… …”ဆရာပြောတော့ စာတော်ရင် ပိုများမယ် ပိုလေးရမယ်ဆို၊ခု ဘယ့်နှယ့်လဲ”
ဆရာ က တပည့် ကို ခွင့်လွှတ်တဲ့ အပြုံးနဲ့ကြည့်ရင်း ဖြေတယ်… …”ငါ့တပည့်… မင်းရဲ့ အီးအလေးချိန် ၁၅၀ ဂရမ်ကိုသိရအောင် မင်းဘယ်လို ချိန်ခဲ့လဲ””ပလပ်စတစ်အိတ်ထဲ ပါချတယ်၊ ပြီးတော့
ချိန်ခွင်ပေါ်တင်ပြီး ချိန်လိုက်တာပဲလေ””အဲလိုလုပ်တော့ အဆင်ပြေရဲ့လား””နည်းနည်းတော့ ဟိုပေဒီပေနဲ့ ညစ်ပတ်တာပေါ့၊နံလည်း နံတာပေါ့ ဝေါ့ ပြောရင်း ရွံလာပြီ”
“ကဲ… ဟုတ်ပြီး နောက်တစ်ယောက်ကရော 85ဂရမ်ရအောင် ဘယ်လိုချိန်ခဲ့လဲ””ကျနော် က အီး မပါခင် ကိုယ့်အလေးချိန် ကိုချိန်လိုက်တယ်ဆရာ၊ အီးပါပြီး ပြန်ချိန်လိုက်တယ်၊အလေးချိန် ၂ ခု ခြားနားလိုက်တဲ့အခါ ထွက်သွားတဲ့ အီး အလေးချိန် ကို ရပါတယ်”
“အေး… ဆရာ ပြောချင်တာက အဲဒါပဲ၊ တကယ်တော့ အီး အလေးချိန် ကြောင့် စာညံ့စာတော် ဖြစ်တယ်ဆိုတာမဟုတ်ပါဘူး၊ ဒီ ညစ်ပတ် နံစော်နေတဲ့ မစင်တွေကိုလက်နဲ့ မကိုင်ပဲ၊ ဘာကရိကထမှ မများအောင်သူ့ အလေးချိန် ကို သိနိုင်တဲ့ စဉ်းစားတွေးခေါ်တတ်တဲ့ကိုယ်ပိုင်ဥာဏ်ကို သုံးတတ် မသုံးတတ်ဆိုတာထင်ရှားစေချင်လို့ ဆရာ က ခိုင်းလိုက်တာပါ၊ဘယ်သူက ပိုတော်တယ်ဆိုတာ သိဖို့ ဗိုက်ထဲက
အီးနဲ့ မဆိုင်ဘူး၊ အီးအလေးချိန် ကို အလွယ်တကူသိအောင် လုပ်နိုင်တဲ့ ခေါင်းထဲကဦးနှောက်နဲ့ပဲ
ဆိုင်တယ် င့ါတပည့်”ဆိုတော့… …
အမှတ်နည်းတဲ့ တပည့် ခေါင်းငိုက်စိုက်ကျပြီးဝန်ခံသွားတယ်… …”ကျနော်မှားပါတယ် ဆရာ…”
Credit : https://www.facebook.com/knowledgevillage11/
ဖတ်ကြည့်ပါ ကျော်ခွမသွားစေပါ
Reviewed by Naethit
on
Saturday, July 08, 2017
Rating:
Reviewed by Naethit
on
Saturday, July 08, 2017
Rating:

No comments