ဂျပန်နိုင်ငံ မှာ လုံးဝကိုမပြုလုပ်သင့်တဲ့အရာများ
ကျောင်းကိစ္စနဲ့ဖြစ်ဖြစ် အလုပ်ကိစ္စကြောင့်ဖြစ်ဖြစ် ဒါမှမဟုတ် အလည်အပတ်ပဲဖြစ်ဖြစ် ဂျပန်နိုင်ငံကို သွားရောက်တော့မယ်ဆိုရင် သူတို့နိုင်ငံရဲ့ဓလေ့စရိုက်နဲ့ အကျင့်လက္ခဏတွေကို သိရှိထားဖို့တော့ လိုအပ်ပါလိမ့်မယ်။ ဒါကြောင့် ဒီနေ့မှာ စာဖတ်သူများအတွက် ဂျပန်နိုင်ငံကိုရောက်ရင် လုံးဝကိုမလုပ်သင့်တဲ့အရာများအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။
( ၁ ) အမှိုက်တွေကို စည်းကမ်းမဲ့ လွှင့်ပစ်ခြင်း
ဂျပန်နိုင်ငံ ဟာ ကမ္ဘာပေါ်မှာ အသန့်ရှင်းဆုံးနိုင်ငံတွေထဲက တစ်ခုအပါအဝင်ဖြစ်ပြီး ပတ်ဝန်းကျင်သန့်ရှင်းမှုနဲ့ပတ်သက်ပြီး နာမည်ကောင်းရထားတဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံ မှာ အမှိုက်စွန့်ပစ်မှု တွေကို အသေးစိတ်နဲ့ စနစ်တကျ စီစဉ်ပေးထားတာဖြစ်ပါတယ်။ ဂျပန်နိုင် ငံမှာ အမှိုက်ပုံး များကို ပြန်လည်အသုံးပြုလို့ရတဲ့ပစ္စည်းများ စွန့်ပစ်နိုင်တဲ့ အမှိုက်ပုံး ၊ ဖျက်ဆီးလို့ရတဲ့အမှိုက်များ စွန့်ပစ်နိုင်တဲ့ အမှိုက်ပုံး နဲ့ ဖျက်ဆီးလို့မရတဲ့အမှိုက်များ စွန့်ပစ်နိုင်တဲ့ အမှိုက်ပုံးဆိုပြီး သီးသန့်ဆီ ခွဲခြားပေးထားပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဂျပန်နိုင်ငံကို ရောက်ရှိနေစဉ်မှာ အမှိုက်ပုံးတွေကို သေချာကြည့်ရှုပြီး အမှိုက်စွန့်ပစ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။
( ၂ ) ရထားပေါ်မှာ ကျယ်လောင်စွာ မပြုလုပ်ရခြင်း
ဂျပန်ပြည်သူပြည်သားများက လူကြားထဲ သွားလာတဲ့အခါမှာ ဆူညံမှု တွေကို နှစ်သက်လေ့မရှိကြပါဘူး။ အထူးသဖြင့် မြေအောက်ရထား စီးနင်းနေချိန်မှာ လက်ကိုင်ဖုန်းကို အကျယ်ကြီးသုံးနေခြင်းနဲ့ စကားကျယ်လောင်စွာ ပြောဆိုခြင်းတို့ကို ပြုလုပ်ခွင့်မပေးကြောင်း ကြေညာချက်တွေကို ရထားစီးတိုင်း ကြားနေရမှာဖြစ်ပါတယ်။ ရထားစီးတိုင်းလည်း သင်ရဲ့ဖုန်းကို အသံပိတ်ထားဖို့လိုပြီး ဖုန်းသံကျယ်လောင်စွာ ထမြည်ခဲ့မယ်ဆိုရင်တော့ အသံပိတ်ပြီး မက်ဆေ့ခ်ျပို့လိုက်တာပဲ အကောင်းဆုံးဖြစ်ပါတယ်။
( ၃ ) စက်လှေကားစီးရင် အလယ်မှာ ရပ်မနေရခြင်း
ဂျပန်နိုင်ငံ ရောက်တုန်း စက်လှေကား စီးနင်းနေချိန် ဂျပန်ပြည်သူပြည်သားများက စက်လှေကား ကို အလယ်တည့်တည့်ကနေ စီးလေ့မရှိဘူးဆိုတာကို သတိထားမိပါလိမ့်မယ်။ ဒါက အကြောင်းရှိပါတယ်။ တစ်စုံတစ်ရာက အလျင်လိုတဲ့ ကိစ္စတစ်ခုခုကြောင့် စက်လှေကားက ပြေးတတ်ပြေးဆင်း ပြုလုပ်ချင်တဲ့အခါ အဆင်ပြေလွယ်ကူစေဖို့ တစ်ဖက်ကိုကပ်ပြီး စီးနင်းတာဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အရေးတကြီး ကိစ္စမရှိဘူးဆိုရင် စက်လှေကား စီးတဲ့အခါ အလယ်မှာရပ်မနေဖို့ အထူးလိုအပ်ပါတယ်။
( ၄ ) စားသောက်ဆိုင်အတွင်း ပြင်ပအစားအစာများ ယူဆောင်လာခြင်း
ကျွန်တော်တို့နိုင်ငံအတွင်းက စားသောက်ဆိုင် တချို့မှ ပြင်ပအစားအစာတွေ ယူဆောင်လာခြင်းကို ကန့်ကွက်ကြတယ်ဆိုပေမယ့် ဂျပန်နိုင်ငံ ရှိ စားသောက်ဆိုင် အများစုကတော့ ဆိုင်အတွင်း ပြင်ပအစားအစာ ယူဆောင်လာခြင်းကို လုံးဝတားမြစ်ကြပါတယ်။ ဂျပန်လူမျိုး တွေဟာ အစားအသောက် ရဲ့အရည်အသွေးကို ထိန်းသိမ်းစေချင်တာကြောင့်ရယ် ဖီးဖိုချောင်အတွင်း သန့်ရှင်းလတ်ဆက်မှု ရှိစေချင်တာကြောင့်ရယ် အခုလို တားမြစ်ရတာဖြစ်ပြီး ပြင်ပအစားအစာကြောင့် ဖောက်သည်တစ်ဦးဦးက အစာအဆိပ်သင့်သွားပါက စားသောက်ဆိုင်ကိုပါ ယာယီပိတ်သိမ်းရမှာဖြစ်လို့ တားမြစ်ထားရခြင်းပဲဖြစ်ပါတယ်။
Credit : thithtoolwin
ဂျပန်နိုင်ငံ မှာ လုံးဝကိုမပြုလုပ်သင့်တဲ့အရာများ
Reviewed by Naethit
on
Thursday, July 06, 2017
Rating:
Reviewed by Naethit
on
Thursday, July 06, 2017
Rating:





No comments