မိမိဘဝကိုအမှန်တကယ် ပြောင်းလဲနိုင်မည့်အချက်(၇)
လူတိုင်းမှာ ကိုယ့် ဘ၀ ကိုယ် အားမရတဲ့အခိုက်အတန့် ၊ ကြိုးစားပြီးဖြစ်မလာတဲ့အချိန် ၊ စိတ်ပျက်အားငယ်ဆုံးအခြေအနေတွေကြုံတွေ့ဖူးကြမှာပါ ။ ဒီလိုအချိန်မှာ မိမိ ဘ၀ ကို အမှန်တကယ်ပြောင်းလဲချင်စိတ်တွေ ဖြစ်ပေါ်လာလေ့ရှိပါတယ် ။ ဒီလိုဆိုရင်တော့ အခုပြောမည့်အချက်တွေက သင့်ရဲ့ပြောင်းလဲမှု အတွက် အထောက်အကူပြုမှာပါ
အတိတ်ကိုအတိတ်မှာပဲ ထားခဲ့လိုက်ပါ…
အတိတ်ကိုအတိတ်မှာပဲ ထားခဲ့လိုက်ပါ…
အတိတ်ကရှုံးနိမ့်မှုတွေ ၊ကြေကွဲမှုတွေ ၊နာကျင်စရာအားလုံးကို မေ့လိုက်ပါ ။ မလွယ်ကူမှန်းသိပါတယ် ၊ အမှတ်ရစရာတွေ သတိရစရာတွေဖြစ်ပေါ်လာနိုင်တာသဘာဝပါ ။ ဒီလိုအတိတ်ကိုပြန်တွေးမိတိုင်း လက်ရှိဘ၀ကို တိုးတက်ပြောင်းလဲရမယ်ဆိုတဲ့ စိတ်ကို နှလုံးသွင်းထားသင့့််ပါတယ် ။ အတိတ်ဆိုတာ သင်ခန်းစာယူယုံကလွဲလို့ဘာများ အသုံးဝင်နိုင်မှာလဲ…။
အရာအားလုံး အတွက် တစ်ကပြန်စပါ…
ကိုယ်ဟာဘာမှမသိဘူးဆိုတာ လက်ခံပြီး အရာအားလုံး ကို သင်ယူခြင်းဖြင့်စတင်ပါ ၊ ကိုယ်သိကိုယ်တက်တာတွေရှိခဲ့လည်း ပိုင်နိုင်ကျွမ်းကျင်အောင်ကြိုးစားပါ ။ သင်ယူမှုဆိုတာ ပြီးဆုံးသွားတယ်လို့မရှိနိုင်ပါဘူး ။ ဘာမှမသိရင် သိအောင်လုပ်ရလွယ်ပါတယ် ။ သိသလိုလိုမသိသလိုလိုဖြစ်နေမှသာ သင်ယူဖို့အခက်အခဲရှိနိုင်တာပါ။
သူများကိုမှီဖို့ သူများထက်ပိုကြိုးစားရမယ်…
သူများထက် နောက်ကျနေပြီဆိုတဲ့စိတ်ဖြစ်ပေါ်ပြီးတဲ့နောက် သူများထက်ကျော်တက်နိုင်ဖို့ သူများထက်ပိုကြိုးစားရမှာဖြစ်ပါတယ် ။ ဘယ်လိုကြိုးစားမှာလည်း အချိန်ကို စနစ်တကျအသုံးချရပါမယ် ။ အချိန်တိုင်း ကိုအကျိုးရှိရှိ ကုန်လွန်သွားဖို့ လိုပါတယ် ။
မိမိကိုယ်မိမိ ဝေဖန်ရပါမယ်…
တစ်ပါးသူကိုဝေဖန်တာ ကိုယ့်အတွက်အချိန်ပုတ်နိုင်ပါတယ် ။ဒါ့ကြောင့် သူတစ်ပါးကိုဝေဖန်မည့်ဲ့အစား ကိုယ့်ကိုယ်ကိုသာဝေဖန်ပါ ။ဘယ်နားအားနည်းနေတယ် ၊ဘယ်အချက်တွေပြင်ရမယ် ၊ဘယ်လိုလုပ်ရင်တော့ပိုကောင်းနိုင်မယ် ။သူ့ကိုမှီဖို့ဘယ်လိုလုပ်သင့်တယ်စသဖြင့် ကိုယ့်ကိုယ်ကိုဝေဖန်နေသင့်ပါတယ် ။
အခက်အခဲ တွေကို စိန်ခေါ်မှုအဖြစ်ပြောင်းမယ်…
ဘ၀ ဆိုတာ ပျော်ရွှင်လိုက် ၊ ၀မ်းနည်းလိုက်ပါပဲ ။စိတ်ညစ်စရာတွေ ဆိုတာလည်းအချိန်မရွေးဖြစ်နိုင်တယ် ။ အခက်အခဲ ဆိုတာလည်း နေရာတိုင်းမှာကြုံနိုင်တယ် ။ ဒီလိုစိတ်ညစ်စရာတွေ ၊အခက်အခဲတွေကို ကိုယ့်ဘ၀အတွက် စိန်ခေါ်မှုလှေကားထစ်တွေလိြု့မင်ပြီး အားမလျော့ပဲကြိုးစားသင့်ပါတယ်။ ခက်ခဲလို့နောက်ပြန်ဆုတ်တယ်ဆိုတာမျိုးမလုပ်မိဖို့လိုပါတယ် ။ ကိုယ့်ရဲ့အမြင်တွေကို ယခုပဲပြောင်းလဲလိုက်ပါ ။
အနာဂတ်အိမ်မက်အတွက် ကြိုတင်ပြင်ဆင်မယ်…
ကိုယ့်မှာ ပန်းတိုင် ရှိရမယ် ၊ဘာဖြစ်ချင်တယ် ၊ ဘာလုပ်နိုင်ရမယ် စသဖြင့် ကြိုတင်တွေးဆပြီး လိုအပ်မယ်ထင်တဲ့ အရည်အချင်း ၊ အရင်းအနှီးနဲ့ အထောက်အပံ့တွေကို ကြိုတင်ပြင်ဆင်သင့်ပါတယ် ။အားလပ်ချိန်တိုင်းမှာ ဘ၀ ပန်းတိုင် အတွက် အကောင်းဆုံးနည်းလမ်းတွေကို တွေးတောကြံဆပြီး ပြင်ဆင်ထားသင့်ပါတယ် ။
လုပ်ရင်ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်မွေးပါ်…
ဘာမှမလုပ်ရင်တော့ ဘာမှမဖြစ်ပါဘူး ။အရှုံး လည်းမရှိဘူး ၊အနိုင် လည်းမရှိဘူး ၊တစ်စုံတစ်ခုလုပ်ပြီဆိုရင်တော့ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်ကိုမွေးမြုထားသင့့််ပါတယ် ။ ဒီစိတ်ကိုနှောက်ယှက်လာမဲ့ အားငယ်စိတ် ၊ သိမ်ငယ်စိတ်တွေကိုလည်း တွန်းလှန်ပြီး ငါလုပ်နိုင်တယ် I Can Do It ဆိုတဲ့စိတ်နဲ့သာ ရှေ့ကိုချီတက်ပါလေ။ အောင်မြင်မှုတွေက သင့်ကိုစောင့်ကြိုနေပါလိမ့့််မယ် ။ ။
Credit : လင်းမိုးစက် ( Smart Life )
Credit : လင်းမိုးစက် ( Smart Life )
မိမိဘဝကိုအမှန်တကယ် ပြောင်းလဲနိုင်မည့်အချက်(၇)
Reviewed by Naethit
on
Wednesday, May 03, 2017
Rating:
Reviewed by Naethit
on
Wednesday, May 03, 2017
Rating:

No comments