သစၥာရိွေသာ ေယာက္်ားေကာင္း

စားေသာက္ဆုိင္စားပဲြဝုိင္းတခုမွာ ေယာက်္ားတေယာက္နဲ့မိန္းကေလး တေယာက္ ထုိင္ေနၾကတယ္။
မိန္းကေလးက ဝုိင္ခြက္ကို လႈပ္ကစားရင္းနဲ့ စကားစေျပာလုိက္တယ္။

"ကြ်န္မ ရွင့္ကိုႀကိဳက္တယ္"
"ငါမွာမိန္းမရွိတယ္ေလ"

ေယာက်ာ္းက လက္မွာဝတ္ထားတဲ့လက္စြပ္ကို ပြတ္သပ္ရင္ျပန္ေျပာလုိက္တယ္
"ကြ်န္မ ဒါေတြဂရုမစုိက္ဘူး။ ရွင့္စိတ္ကိုပဲကြ်န္မသိခ်င္တယ္။

ရွင္ ကြ်န္မကုိႀကိဳက္လား"

ဒီအေျဖကို ႀကိဳေတြးမိၾကမွာပါ။ ေယာက်ာ္းက ေခါင္းေမာ့ၿပီးေကာင္မေလးကိုေသ ခ်ာၾကည့္လုိက္တယ္။
မိန္းကေလးက အသက္ (၂၄)ႏွစ္။ ငယ္ရြယ္ႏုပ်ဳိတယ္။ အရြယ္ေကာင္းတဲ့အသက္အရြယ္ပါ။
အသားအေရျဖဴစြတ္တယ္။ ဖ်တ္လတ္သန္စြမ္းတယ္။ အေရာင္ေတာက္ၿပီးစဲြေဆာင္မႈရွိတဲ့မ်က္ဝန္းတစုံ
ပိုင္ဆုိင္ထားတဲ့ မိန္းကေလးတေယာက္ပါပဲ။
ဒါေပမဲ့

"တကယ္လုိ့ ရွင္လည္းကြ်န္မက သေဘာက်တယ္ဆုိရင္ ကြ်န္မရွင္နဲ့ခ်စ္သူျဖစ္ခ်င္တယ္"

စိတ္မရွည္တဲ့အဆုံးမွာေကာင္မေလးက ဒီစကားကုိ ထပ္ေျပာလုိက္တယ္။
"ငါ့မိန္းမကိုငါခ်စ္တယ္" ေယာက်ာ္းက ျပတ္ျပတ္သားသားေျဖလုိက္တယ္။

"ရွင္ သူ ့ကိုခ်စ္တယ္? သူ ့ကိုဘယ္လုိခ်စ္တာလဲ? အခုလက္ရွိ သူ့အသက္အရြယ္က အုိေနၿပီ အရင္လုိၾကည့္မေကာင္းေတာ့ဘူးမလား? အဲဒါေၾကာင့္ကုမၸဏီက ပါတီပဲြကို ရွင္တခါမွ မေခၚလာရဲတာမလား ••••"

ေကာင္မေလးက ဆက္ေျပာသြားခ်င္တယ္။ ဒါေပမဲ့ ေယာက်ာ္းရဲ ့ေအးစက္စက္အၾကည္ ့ေတြေၾကာင့္ စကားကိုရပ္တန္ ့လုိက္တယ္။ ႏွစ္ေယာက္စလုံး အနည္းငယ္ ႏႈတ္ဆိတ္သြားၾကတယ္။

"မင္း ငါ့ကို ဘာေတြသေဘာက်တာလဲ" ေယာက်ာ္းကေမးလုိက္တယ္။
"ရင့္က်က္တယ္။ တည္ၿငိမ္တယ္။ အျပဳအမူေတြက ေယာက်ာ္းပီသတယ္။ ဂရုစိုက္တတ္တယ္။ အမ်ားႀကီးရွိေသးတယ္။ ဘယ္လုိပဲျဖစ္ျဖစ္ ကြ်န္မေတြ ့ခဲ့ဖူးတဲ့ ေယာက်ာ္းေတြ့နဲ့ မတူဘူး။ ရွင္ကထူးျခားတယ္ "

ေယာက်္ားက ေဆးလိပ္မီးညွိရင္းေမးလုိက္တယ္။
"လြန္ခဲ့တဲ့ (၃)ႏွစ္တုန္းက ငါဘယ္လုိပုံစံလဲဆုိတာ မင္းသိလား? "

"ကြ်န္မ မသိပါဘူး။ ဒါေပမဲ့ ကြ်န္မဂရုမစိုက္ဘူး။ ရွင္ ေထာင္က်ဖူးလည္း အေရးမႀကီးဘူး။"

"လြန္ခဲ့တဲ့ (၃)ႏွစ္က ငါလည္း မင္းေတြ့ခဲ့ဖူးတဲ့ေယာက်္ားေတြလုိပါပဲ"
ေကာင္မေလးကို ဂရုမစိုက္ပဲ ေယာက်ာ္းကဆက္ေျပာတယ္။
"သာမန္ တကၠသုိလ္ဘဲြ ့ရ။ အလုပ္လုပ္တာ အဆင္မေျပဘူး။ တေနကုန္ အရက္ေတြေသာက္ ေဒါသေတြခဏခဏထြက္။
ကုိယ့္ခ်စ္သူကိုလည္း ဂရုစုိက္ခ်င္မွစုိက္တယ္ "

"ဒါဆုိ ဘယ္လုိေျပာင္းလဲသြားတာလဲ" ေကာင္မေလးစိတ္ဝင္စားသြားတယ္
ဘယ္အရာက ဒီေယာက်ာ္းကိုေျပာင္းလဲသြားေစတာလဲဆုိတာ သူသိခ်င္လာတယ္။

"သူေၾကာင့္လား?"
"အင္း"

"သူက အၿမဲတမ္းကိစၥတုိင္းကို အတြင္းက်က် သိထားတဲ့အတုိင္းပဲ။ ငါ့ကိုအမ်ားႀကီးသင္ျပေပးခဲ့တယ္။ အရႈံးအျမတ္ကိုသိပ္အေလးမထားဖို႕။ မ်က္စိေရွ ့က ျပသာနာကိုအရမ္းအေလးမထားဖုိ ့။

လူေတြကိုေကာင္းေကာင္းဆက္ဆံတတ္ဖို႕ ငါကိုသင္ေပးတယ္။
အဲဒီအခ်ိန္တုန္းက ငါကသူေရွ့မွာဆုိ ဘာမွ နားမလည္ မသိတတ္ေသးတဲ့ကေလးတေယာက္လုိပဲ။ေျပာရရင္ အဲဒီအခ်ိန္တုန္းကမင္းငါကုိျမင္သလ ုိမ်ဳိးနဲ ့သိပ္မကြာဘူးလုိ ့ေျပာရမယ္။

အဲတုန္းကေတာ္ေတာ္ ထူးဆန္းတာက စိတ္ဆတ္ ေခါင္းမာတတ္တဲ့ငါက သူေျပာတာပဲနားေထာင္တယ္။
သူေျပာတဲ့အတိုင္း အျဖစ္မွန္ကုိလက္ခံႏုိင္ခဲ့တယ္။ ကုိယ့္ကိုကိုယ္ အသုံးမက်တာသိေတာ့ အလုပ္ကိုႀကိဳးၾကိဳးစားစားလုပ္ခဲ့တယ္။ အဲဒီ့ႏွစ္ ႏွစ္ကုန္မွာ အလုပ္က နည္းနည္း အဆင္ေျပလာခဲ့တယ္။

ငါတို႕လည္း လက္ထပ္လုိက္ၾကတယ္"
ေဆးလိပ္ျပာေခြ်ရင္း ေယာက်ာ္းကဆက္ေျပာတယ္။

"အဲဒီအခ်ိန္တုန္းက ေတာ္ေတာ္ ဒုကၡေရာက္ခဲ့တာ။ ႏွစ္ေယာက္ကုိ ကုတင္တစ္လုံးတည္းနဲ့အိပ္ခဲ့ရတယ္။
အိမ္ကပစၥည္းဆုိတာ နည္းလုိက္တာမွ သနားဖုိ ့ေတာင္ေကာင္းတယ္။ ၿပီးေတာ့မဂၤလာေဆာင္ၿပီး တစ္ႏွစ္ၾကာမွငါ သူ႕ကုိ ပထမဆုံးစိန္လက္စြပ္ (၁)ကြင္းဝယ္ေပးႏုိင္တာ။ ႏွစ္ဝက္ေက်ာ္ေလာက္ ပုိက္ဆံစုလုိက္ရတယ္။ဒါေတာင္ သူမသိေအာင္ခုိးစုရတာ။ သူသိရင္ ေပးဝယ္မွာ မဟုတ္ဘူး။ အဲ့တုန္းကလည္း ေဆးလိပ္ အရက္ေၾကာင့္က်န္းမာေရးက ဆုိးလာေသးတယ္။ ေဆာင္းတြင္းဖက္ၾကီးမွာလည္း ညမအိပ္ပဲ ငါ့အတြက္ သူစြပ္ျပဳတ္ လုပ္ေပးတယ္။ အဲဒီ့အရသာမ်ဳိးကို သူပဲလုပ္တတ္မယ္ ထင္တယ္"

ေယာက်ာ္းက အရင္ကအေၾကာင္းေတြကို ေျပာရင္းအခ်ိန္ကိုသတိမထားမိလုိက္ဘူး။ အတိတ္ကအေၾကာင္းေတြကိုမနားတမ္းေျပာေနမိတယ္။

မိန္းကေလးကလည္း စကားျဖတ္ခ်င္ပုံမရဘူး။ ေျပာသမွ်ကို ျငိမ္နားေထာင္ေနတယ္။
ေယာက်္ားက နာရီကို သတိထားမိတဲ့အခ်ိန္မွာ ည(၁၀)နာရီထုိးေနၿပီ။

"ဟား•• ေတာင္းပန္ပါတယ္ဗ်ာ။ ဒီေလာက္မုိးခ်ဳပ္သြားတာ သတိမထားမိလုိက္ဘူး"
ေယာက်ာ္းက အားနာနာနဲ ့ၿပဳံးလုိက္တယ္။

"အခုမင္းနားလည္ႏုိင္ၿပီလား?။ သူ ့အေပၚသစၥာေဖာက္တဲ့လုပ္ရပ္မ်ဳိး ငါလုပ္ဖုိ ့မျဖစ္ႏုိင္ဘူး။ လုပ္မွာလည္းမဟုတ္ပါဘူး"

"သိပါၿပီ။ ဒီလုိလူတေယာက္ကိအရႈံးေပးလုိက္ရတာ ကြ်န္မေက်နပ္ပါတယ္"
မိန္းကေလးက လက္ေလွ်ာ့လုိက္တဲ့ပုံစံနဲ ့ေခါင္းခါရင္း ေျပာလုိက္တယ္။
"ကြ်န္မလည္း သူလုိ အရြယ္ေရာက္ရင္ သူ့ထက္ပိုသာမွာပါ"

"အင္းေပါ့ အဲဒါဆုိ ဒီထက္ေကာင္းတဲ့ ေယာက်ာ္းမ်ဳိးရွာေတြ ့မွာေပါ့။ မဟုတ္ဘူးလား? အရမ္းမုိးခ်ဳပ္ေနၿပီ။ ငါလုိက္ပုိ့ေပးမယ္။" မိန္းကေလးကုိလုိက္ပုိ ့ေပးဖုိ ့သူထလုိက္တယ္။
"ရပါတယ္ ကြ်န္မဖာသာျပန္လုိက္ပါမယ္" ေကာင္မေလးက လက္ဟန္ျပၿပီးေတာ့
" ျပန္သြားေတာ့ေလ သူစိတ္ပူေနလိမ့္မယ္" လုိ ့ဆက္ေျပာလုိက္တယ္။
ေယာက်ာ္းက တခ်က္ၿပဳံးၿပီး လွည့္ထြက္လာခဲ့တယ္။

"သူကလွလား?"
"အင္းအရမ္းလွတယ္"
ညအေမွာင္ထဲမွာ ေယာက်ာ္းရဲ ့အရိပ္အေယာင္ေတြ တျဖည္းျဖည္းေပ်ာက္ကြယ္သြားခဲ့တယ္။
မိန္းကေလးတေယာက္တည္း စားပဲြဝုိင္းမွာ က်န္ရစ္ခဲ့တယ္။

ေယာက်ာ္းအိမ္ျပန္ေရာက္ေတာ့ တံခါးဖြင့္ၿပီး အိပ္ခန္းဆီကုိ တန္းသြားလုိက္တယ္။ မီးဖြင့္လုိက္တယ္။
ကုတင္နားကို ေလွ်ာက္သြားၿပီး ထိုင္လုိက္တယ္။

"မိန္းမေရ ဒါ(၄)ေယာက္ေျမာက္ရွိၿပီ။ ဘာျဖစ္လုိ ့ငါကို ဒီေလာက္ေကာင္းေအာင္လုပ္ေပးခဲ့တာလဲ?
အခု ငါ့ကို ၾကိဳက္ေနတဲ့သူေတြ အမ်ားႀကီးရွိေနၿပီ။ ေတာ္ၾကာငါစိတ္ေျပာင္းသြားႏုိင္တယ္ေနာ္။ ဘာျဖစ္လုိ ့ငါကို ဒီေလာက္ေကာင္းေအာင္ လုပ္ေပးျပီးေတာ့ တစ္ေယာက္တည္း အရင္ထြက္သြားရတာလဲ?
ငါ တစ္ေယာက္တည္း က်န္ေနခဲ့တာ အရမ္း အထီးက်န္ေနၿပီကြာ"


သူ မ်က္ရည္ေတြကို မ်ဳိသိပ္ရင္းေျပာေနတယ္။ ဒါေပမဲ့ ေနာက္ဆုံးေတာ့ မ်က္ရည္ေတြ မထိန္းႏုိင္ပဲစီးက်လာတယ္။
တစက္ၿပီး တစက္ ပါးျပင္ေပၚက စီးက်လာၿပီး လက္ထဲမွာကိုင္ထားတဲ့ ဓာတ္ပုံေဘာင္ေပၚ က်သြားခဲ့တယ္။
အလင္းေရာင္မျပည္ ့ဝတဲ့ မီးေရာင္ေအာက္မွာ ဓာတ္ပုံထဲမွာဆုံးသြားတဲ့ အမ်ဳိးသမီးရဲ့ၾကင္နာမႈေတြ ျပန့္ႏွံ့ေနခဲ့တယ္။

Translated by Ko AungYar Zar...

(webpageတခုက ဖတ္ခဲ့ရတဲ့တရုတ္ပုံျပင္ေလးပါ။အတတ္ႏုိင္ဆုံး ဘာသာျပန္ဆုိေပးထားပါတယ္။ တကယ္အခ်စ္စစ္မွန္တဲ့ခ်စ္သူေတြလည္း တသက္လုံးေပါင္းဖက္သြားႏုိင္ၾကပါေစ)


Unicode

စားသောက်ဆိုင်စားပွဲဝိုင်းတခုမှာ ယောကျ်ားတယောက်နဲ့မိန်းကလေး တယောက် ထိုင်နေကြတယ်။
မိန်းကလေးက ဝိုင်ခွက်ကို လှုပ်ကစားရင်းနဲ့ စကားစပြောလိုက်တယ်။

"ကျွန်မ ရှင့်ကိုကြိုက်တယ်"
"ငါမှာမိန်းမရှိတယ်လေ"

ယောကျာ်းက လက်မှာဝတ်ထားတဲ့လက်စွပ်ကို ပွတ်သပ်ရင်ပြန်ပြောလိုက်တယ်။
"ကျွန်မ ဒါတွေဂရုမစိုက်ဘူး။ ရှင့်စိတ်ကိုပဲကျွန်မသိချင်တယ်။

ရှင် ကျွန်မကိုကြိုက်လား"

ဒီအဖြေကို ကြိုတွေးမိကြမှာပါ။ ယောကျာ်းက ခေါင်းမော့ပြီးကောင်မလေးကိုသေ ချာကြည့်လိုက်တယ်။
မိန်းကလေးက အသက် (၂၄)နှစ်။ ငယ်ရွယ်နုပျိုတယ်။ အရွယ်ကောင်းတဲ့အသက်အရွယ်ပါ။
အသားအရေဖြူစွတ်တယ်။ ဖျတ်လတ်သန်စွမ်းတယ်။ အရောင်တောက်ပြီးစွဲဆောင်မှုရှိတဲ့မျက်ဝန်းတစုံ
ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတယောက်ပါပဲ။ 
ဒါပေမဲ့

"တကယ်လို့ ရှင်လည်းကျွန်မက သဘောကျတယ်ဆိုရင် ကျွန်မရှင်နဲ့ချစ်သူဖြစ်ချင်တယ်"

စိတ်မရှည်တဲ့အဆုံးမှာကောင်မလေးက ဒီစကားကို ထပ်ပြောလိုက်တယ်။
"ငါ့မိန်းမကိုငါချစ်တယ်" ယောကျာ်းက ပြတ်ပြတ်သားသားဖြေလိုက်တယ်။

"ရှင် သူ့ကိုချစ်တယ်? သူ့ကိုဘယ်လိုချစ်တာလဲ? အခုလက်ရှိ သူ့အသက်အရွယ်က အိုနေပြီ အရင်လိုကြည့်မကောင်းတော့ဘူးမလား? အဲဒါကြောင့်ကုမ္ပဏီက ပါတီပွဲကို ရှင်တခါမှ မခေါ်လာရဲတာမလား ••••"

ကောင်မလေးက ဆက်ပြောသွားချင်တယ်။ ဒါပေမဲ့ ယောကျာ်းရဲ့အေးစက်စက်အကြည့်တွေကြောင့် စကားကိုရပ်တန့်လိုက်တယ်။ နှစ်ယောက်စလုံး အနည်းငယ် နှုတ်ဆိတ်သွားကြတယ်။

"မင်း ငါ့ကို ဘာတွေသဘောကျတာလဲ" ယောကျာ်းကမေးလိုက်တယ်။
"ရင့်ကျက်တယ်။ တည်ငြိမ်တယ်။ အပြုအမူတွေက ယောကျာ်းပီသတယ်။ ဂရုစိုက်တတ်တယ်။ အများကြီးရှိသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတွေ့ခဲ့ဖူးတဲ့ ယောကျာ်းတွေ့နဲ့ မတူဘူး။ ရှင်ကထူးခြားတယ် "

ယောကျ်ားက ဆေးလိပ်မီးညှိရင်းမေးလိုက်တယ်။
"လွန်ခဲ့တဲ့ (၃)နှစ်တုန်းက ငါဘယ်လိုပုံစံလဲဆိုတာ မင်းသိလား? "

"ကျွန်မ မသိပါဘူး။ ဒါပေမဲ့ ကျွန်မဂရုမစိုက်ဘူး။ ရှင် ထောင်ကျဖူးလည်း အရေးမကြီးဘူး။"

"လွန်ခဲ့တဲ့ (၃)နှစ်က ငါလည်း မင်းတွေ့ခဲ့ဖူးတဲ့ယောကျ်ားတွေလိုပါပဲ"
ကောင်မလေးကို ဂရုမစိုက်ပဲ ယောကျာ်းကဆက်ပြောတယ်။
"သာမန် တက္ကသိုလ်ဘွဲ့ရ။ အလုပ်လုပ်တာ အဆင်မပြေဘူး။ တနေကုန် အရက်တွေသောက် ဒေါသတွေခဏခဏထွက်။
ကိုယ့်ချစ်သူကိုလည်း ဂရုစိုက်ချင်မှစိုက်တယ် "

"ဒါဆို ဘယ်လိုပြောင်းလဲသွားတာလဲ" ကောင်မလေးစိတ်ဝင်စားသွားတယ်။
ဘယ်အရာက ဒီယောကျာ်းကိုပြောင်းလဲသွားစေတာလဲဆိုတာ သူသိချင်လာတယ်။

"သူကြောင့်လား?"
"အင်း"

"သူက အမြဲတမ်းကိစ္စတိုင်းကို အတွင်းကျကျ သိထားတဲ့အတိုင်းပဲ။ ငါ့ကိုအများကြီးသင်ပြပေးခဲ့တယ်။ အရှုံးအမြတ်ကိုသိပ်အလေးမထားဖို့။ မျက်စိရှေ့က ပြသာနာကိုအရမ်းအလေးမထားဖို့။

လူတွေကိုကောင်းကောင်းဆက်ဆံတတ်ဖို့ ငါကိုသင်ပေးတယ်။
အဲဒီအချိန်တုန်းက ငါကသူရှေ့မှာဆို ဘာမှ နားမလည် မသိတတ်သေးတဲ့ကလေးတယောက်လိုပဲ။ပြောရရင် အဲဒီအချိန်တုန်းကမင်းငါကိုမြင်သလ ိုမျိုးနဲ့သိပ်မကွာဘူးလို့ပြောရမယ်။

အဲတုန်းကတော်တော် ထူးဆန်းတာက စိတ်ဆတ် ခေါင်းမာတတ်တဲ့ငါက သူပြောတာပဲနားထောင်တယ်။
သူပြောတဲ့အတိုင်း အဖြစ်မှန်ကိုလက်ခံနိုင်ခဲ့တယ်။ ကိုယ့်ကိုကိုယ် အသုံးမကျတာသိတော့ အလုပ်ကိုကြိုးကြိုးစားစားလုပ်ခဲ့တယ်။ အဲဒီ့နှစ် နှစ်ကုန်မှာ အလုပ်က နည်းနည်း အဆင်ပြေလာခဲ့တယ်။ 

ငါတို့လည်း လက်ထပ်လိုက်ကြတယ်"
ဆေးလိပ်ပြာချွေရင်း ယောကျာ်းကဆက်ပြောတယ်။

"အဲဒီအချိန်တုန်းက တော်တော် ဒုက္ခရောက်ခဲ့တာ။ နှစ်ယောက်ကို ကုတင်တစ်လုံးတည်းနဲ့အိပ်ခဲ့ရတယ်။
အိမ်ကပစ္စည်းဆိုတာ နည်းလိုက်တာမှ သနားဖို့တောင်ကောင်းတယ်။ ပြီးတော့မင်္ဂလာဆောင်ပြီး တစ်နှစ်ကြာမှငါ သူ့ကို ပထမဆုံးစိန်လက်စွပ် (၁)ကွင်းဝယ်ပေးနိုင်တာ။ နှစ်ဝက်ကျော်လောက် ပိုက်ဆံစုလိုက်ရတယ်။ဒါတောင် သူမသိအောင်ခိုးစုရတာ။ သူသိရင် ပေးဝယ်မှာ မဟုတ်ဘူး။ အဲ့တုန်းကလည်း ဆေးလိပ် အရက်ကြောင့်ကျန်းမာရေးက ဆိုးလာသေးတယ်။ ဆောင်းတွင်းဖက်ကြီးမှာလည်း ညမအိပ်ပဲ ငါ့အတွက် သူစွပ်ပြုတ် လုပ်ပေးတယ်။ အဲဒီ့အရသာမျိုးကို သူပဲလုပ်တတ်မယ် ထင်တယ်"

ယောကျာ်းက အရင်ကအကြောင်းတွေကို ပြောရင်းအချိန်ကိုသတိမထားမိလိုက်ဘူး။ အတိတ်ကအကြောင်းတွေကိုမနားတမ်းပြောနေမိတယ်။

မိန်းကလေးကလည်း စကားဖြတ်ချင်ပုံမရဘူး။ ပြောသမျှကို ငြိမ်နားထောင်နေတယ်။
ယောကျ်ားက နာရီကို သတိထားမိတဲ့အချိန်မှာ ည(၁၀)နာရီထိုးနေပြီ။

"ဟား•• တောင်းပန်ပါတယ်ဗျာ။ ဒီလောက်မိုးချုပ်သွားတာ သတိမထားမိလိုက်ဘူး"
ယောကျာ်းက အားနာနာနဲ့ပြုံးလိုက်တယ်။

"အခုမင်းနားလည်နိုင်ပြီလား?။ သူ့အပေါ်သစ္စာဖောက်တဲ့လုပ်ရပ်မျိုး ငါလုပ်ဖို့မဖြစ်နိုင်ဘူး။ လုပ်မှာလည်းမဟုတ်ပါဘူး"

"သိပါပြီ။ ဒီလိုလူတယောက်ကိအရှုံးပေးလိုက်ရတာ ကျွန်မကျေနပ်ပါတယ်"
မိန်းကလေးက လက်လျှော့လိုက်တဲ့ပုံစံနဲ့ခေါင်းခါရင်း ပြောလိုက်တယ်။
"ကျွန်မလည်း သူလို အရွယ်ရောက်ရင် သူ့ထက်ပိုသာမှာပါ"

"အင်းပေါ့ အဲဒါဆို ဒီထက်ကောင်းတဲ့ ယောကျာ်းမျိုးရှာတွေ့မှာပေါ့။ မဟုတ်ဘူးလား? အရမ်းမိုးချုပ်နေပြီ။ ငါလိုက်ပို့ပေးမယ်။" မိန်းကလေးကိုလိုက်ပို့ပေးဖို့သူထလိုက်တယ်။
"ရပါတယ် ကျွန်မဖာသာပြန်လိုက်ပါမယ်" ကောင်မလေးက လက်ဟန်ပြပြီးတော့
" ပြန်သွားတော့လေ သူစိတ်ပူနေလိမ့်မယ်" လို့ဆက်ပြောလိုက်တယ်။
ယောကျာ်းက တချက်ပြုံးပြီး လှည့်ထွက်လာခဲ့တယ်။

"သူကလှလား?"
"အင်းအရမ်းလှတယ်"
ညအမှောင်ထဲမှာ ယောကျာ်းရဲ့အရိပ်အယောင်တွေ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့တယ်။
မိန်းကလေးတယောက်တည်း စားပွဲဝိုင်းမှာ ကျန်ရစ်ခဲ့တယ်။

ယောကျာ်းအိမ်ပြန်ရောက်တော့ တံခါးဖွင့်ပြီး အိပ်ခန်းဆီကို တန်းသွားလိုက်တယ်။ မီးဖွင့်လိုက်တယ်။
ကုတင်နားကို လျှောက်သွားပြီး ထိုင်လိုက်တယ်။

"မိန်းမရေ ဒါ(၄)ယောက်မြောက်ရှိပြီ။ ဘာဖြစ်လို့ငါကို ဒီလောက်ကောင်းအောင်လုပ်ပေးခဲ့တာလဲ?
အခု ငါ့ကို ကြိုက်နေတဲ့သူတွေ အများကြီးရှိနေပြီ။ တော်ကြာငါစိတ်ပြောင်းသွားနိုင်တယ်နော်။ ဘာဖြစ်လို့ငါကို ဒီလောက်ကောင်းအောင် လုပ်ပေးပြီးတော့ တစ်ယောက်တည်း အရင်ထွက်သွားရတာလဲ?
ငါ တစ်ယောက်တည်း ကျန်နေခဲ့တာ အရမ်း အထီးကျန်နေပြီကွာ"

သူ မျက်ရည်တွေကို မျိုသိပ်ရင်းပြောနေတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ မျက်ရည်တွေ မထိန်းနိုင်ပဲစီးကျလာတယ်။
တစက်ပြီး တစက် ပါးပြင်ပေါ်က စီးကျလာပြီး လက်ထဲမှာကိုင်ထားတဲ့ ဓာတ်ပုံဘောင်ပေါ် ကျသွားခဲ့တယ်။
အလင်းရောင်မပြည့်ဝတဲ့ မီးရောင်အောက်မှာ ဓာတ်ပုံထဲမှာဆုံးသွားတဲ့ အမျိုးသမီးရဲ့ကြင်နာမှုတွေ ပြန့်နှံ့နေခဲ့တယ်။

Translated by Ko AungYar Zar...

(webpageတခုက ဖတ်ခဲ့ရတဲ့တရုတ်ပုံပြင်လေးပါ။အတတ်နိုင်ဆုံး ဘာသာပြန်ဆိုပေးထားပါတယ်။ တကယ်အချစ်စစ်မှန်တဲ့ချစ်သူတွေလည်း တသက်လုံးပေါင်းဖက်သွားနိုင်ကြပါစေ)
သစၥာရိွေသာ ေယာက္်ားေကာင္း သစၥာရိွေသာ ေယာက္်ားေကာင္း Reviewed by Naethit on Wednesday, May 03, 2017 Rating: 5

No comments