ကိုယ့္ကိုယ္ကုိ တန္ဖိုးထားတဲ့စိတ္ လြန္ကဲတဲ့သူေတြဟာ တစ္ကိုယ္တည္းသမားေတြျဖစ္သြားတတ္
သင္ဟာ အျမဲတမ္း တစ္ကိုယ္တည္းဘ၀နဲ႕ အခ်ိန္ေတြကုန္ဆံုးေနရတယ္ဆုိရင္ သင္ေတြးထင္မိမွာက သင္နဲ႕သင့္ေတာ္တဲ့သူ၊ လိုက္ဖက္တဲ့ ဖူးစာရွင္မေပၚလာေသးလို႕ပဲဆုိျပီးေတာ့ေပါ့။ ဒါေပမယ့္ သင့္ေရွ႕မွာပဲ သင္နဲ႕တကယ့္ကိုလိုက္ဖက္တဲ့ လူေတြ၊ သင့္အတြက္ မွန္ကန္သင့္ေတာ္တဲ့လူေတြ ရွိေနလည္း သင္ဟာ သင့္ကိုယ္သင္ပဲ အာရံုစိုက္ေနမယ္၊ သင့္ကိုယ္သင္ပဲ အေကာင္းထင္ေနမယ္ ဆုိရင္ေတာ့ အဲ့ဒီလို သင့္ေတာ္တဲ့လူေတြနဲ႕လြဲေနဦးမွာပါပဲ။ ဒါဟာ သိပၸံပညာရွင္ေတြ ေဖာ္ျပလိုက္တဲ့ အခ်က္တစ္ခုပါ။
Generation Me ဆုိတဲ့ စာအုပ္ကို ေရးသားခဲ့တဲ့ PhD ဘြဲ႕ရ Jean Twenge ဆုိသူက ဘာေျပာထားသလဲဆုိေတာ့ ယေန႕ေခတ္လူငယ္ေတြဟာ ကုိယ့္ကိုကုိယ္ ယံုၾကည္မႈေတြတုိးလာၾကတယ္၊ ကိုယ့္ကိုကုိယ္ ပိုတန္ဖိုးထားတတ္လာၾကတယ္၊ သူမ်ားအတြက္ ထည့္ေတြးတာမ်ိဳး၊ သူမ်ားကို အာရံုစိုက္ရတာမ်ိဳးေတြ အရင္တုန္းကေလာက္ မလုပ္ေတာ့ဘူး။ အဆိုးဆံုးကေတာ့ ကိုယ္လုပ္တာမွ အေကာင္းလုိ႕ ျမင္လာတဲ့သူေတြ ပိုမ်ားလာတာပါပဲတဲ့။
ကုိယ့္ကိုကုိယ္ တန္ဖုိးထားတယ္ဆုိတဲ့စကားဟာ တကယ္ေတာ့ ဘယ္ေလာက္ေကာင္းသလဲလုိ႕သာ ေတြးမိပါလိမ့္မယ္။ ဒါေပမယ့္ ေသခ်ာထဲထဲ၀င္၀င္ စဥ္းစားရင္ေတာ့ ထင္သေလာက္ သေဘာက်စရာ မေကာင္းပါဘူး။ အေပၚမွာေျပာထားသလို ကိုယ့္အတြက္ပဲ ကုိယ္ေတြးျပီး ကိုယ္မွအေကာင္းလို႕ ထင္ျမင္လာေစတဲ့အရာပါပဲ။ အဲ့ဒီမွာပဲ ဘာေတြျဖစ္လာသလဲဆုိေတာ့ ကိုယ္ေပ်ာ္ဖုိ႕၊ ကိုယ္အဆင္ေျပဖုိ႕သာ ၾကည့္လာျပီး ခ်စ္သူရည္းစားမရွိလည္း ကိုယ့္ဘာသာကုိယ္ အဆင္ေျပေအာင္ ေနမယ္ ဆိုတဲ့အေတြးမ်ိဳးေတြ ျဖစ္လာပါတယ္။ ခ်စ္သူရည္းစားထားမယ္ဆုိရင္ေတာင္ တစ္ဖက္လူကို ထည့္မေတြးေပးတတ္သလို၊ သူဘာေတြ ျဖစ္ေနလဲ၊ အဆင္ေျပရဲ႕လား၊ သူလိုအပ္ေနတာဘာလဲ ဆုိတာမ်ိဳးေတြကို ျဖည့္မေတြးေပးတတ္ေတာ့ပါဘူး။ ဒီအရာကပဲ ေနာက္ဆံုးလမ္းခြဲျခင္းနဲ႕ အဆံုးသတ္ေစတာပါပဲ။
ကိုယ့္အားကုိယ္ကိုးျပီး ကိုယ့္ဘ၀ကိုယ္ေက်ာင္းတာ ေကာင္းပါတယ္။ ဒါေပမယ့္ ငါစြဲမ်ားေနရင္ေတာ့ အခ်စ္ေရးမွာ အဆင္ေျပဖို႕ အခြင့္အေရးနည္းပါလိမ့္မယ္။ ႏွစ္ဦးသားညႈိႏႈိင္းျပီး ယံုၾကည္မႈ၊ နားလည္မႈေတြနဲ႕ ေလ်ွာက္ရမယ့္ ခ်စ္ခရီးလမ္းမွာ ဘာမဟုတ္တဲ့ အေသးအဖြဲကစလို႕ ကုိယ့္ကို ဒီလိုေျပာသြားတာ၊ လုပ္သြားတာ ကိုယ့္မာနကို ထိခိုက္ေအာင္ လုပ္တာပဲ ဆုိတာမ်ိး၊ ဒါ ကိုယ့္အမွားမဟုတ္လုိ႕ ညႈိႏႈိင္းမေနႏိုင္ဘူး ဆုိတာမ်ိဳး၊ မေက်နပ္လည္းေန ကိုယ့္ဘာသာကုိယ္ ေအးေဆးေနႏိုင္တယ္ ဆုိတဲ့ အေျခအေနေတြဟာ အဲ့ဒီလို ကိုယ့္ကိုကိုယ္ တန္ဖိုးထားလြန္းအားၾကီးတဲ့ လူေတြရဲ႕ အခ်စ္ေရးမွာ အမ်ားဆံုးၾကံဳေတြ႕ရတဲ့ ျပသနာေတြပါ။
ဒါ့ေၾကာင့္ ခ်စ္သူရည္းစားမရွိသူ အမ်ားဆံုးဟာ ကုိယ့္ကိုကိုယ္ တန္ဖိုးထားတတ္လြန္းသူေတြျဖစ္ေနတတ္ၾကျပီး တစ္ခ်ိဳ႕ခ်စ္သူရသြားတဲ့သူေတြကလည္း ဒီလို လြန္ကဲတဲ့ စိတ္အေျခအေနေၾကာင့္ ခ်စ္သူမျမဲတတ္ၾကတာပဲ ျဖစ္ပါတယ္။
Ref:yourtango
Unicode
သင်ဟာ အမြဲတမ်း တစ်ကိုယ်တည်းဘဝနဲ့ အချိန်တွေကုန်ဆုံးနေရတယ်ဆိုရင် သင်တွေးထင်မိမှာက သင်နဲ့သင့်တော်တဲ့သူ၊ လိုက်ဖက်တဲ့ ဖူးစာရှင်မပေါ်လာသေးလို့ပဲဆိုပြီးတော့ပေါ့။ ဒါပေမယ့် သင့်ရှေ့မှာပဲ သင်နဲ့တကယ့်ကိုလိုက်ဖက်တဲ့ လူတွေ၊ သင့်အတွက် မှန်ကန်သင့်တော်တဲ့လူတွေ ရှိနေလည်း သင်ဟာ သင့်ကိုယ်သင်ပဲ အာရုံစိုက်နေမယ်၊ သင့်ကိုယ်သင်ပဲ အကောင်းထင်နေမယ် ဆိုရင်တော့ အဲ့ဒီလို သင့်တော်တဲ့လူတွေနဲ့လွဲနေဦးမှာပါပဲ။ ဒါဟာ သိပ္ပံပညာရှင်တွေ ဖော်ပြလိုက်တဲ့ အချက်တစ်ခုပါ။
Generation Me ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့တဲ့ PhD ဘွဲ့ရ Jean Twenge ဆိုသူက ဘာပြောထားသလဲဆိုတော့ ယနေ့ခေတ်လူငယ်တွေဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေတိုးလာကြတယ်၊ ကိုယ့်ကိုကိုယ် ပိုတန်ဖိုးထားတတ်လာကြတယ်၊ သူများအတွက် ထည့်တွေးတာမျိုး၊ သူများကို အာရုံစိုက်ရတာမျိုးတွေ အရင်တုန်းကလောက် မလုပ်တော့ဘူး။ အဆိုးဆုံးကတော့ ကိုယ်လုပ်တာမှ အကောင်းလို့ မြင်လာတဲ့သူတွေ ပိုများလာတာပါပဲတဲ့။
ကိုယ့်ကိုကိုယ် တန်ဖိုးထားတယ်ဆိုတဲ့စကားဟာ တကယ်တော့ ဘယ်လောက်ကောင်းသလဲလို့သာ တွေးမိပါလိမ့်မယ်။ ဒါပေမယ့် သေချာထဲထဲဝင်ဝင် စဉ်းစားရင်တော့ ထင်သလောက် သဘောကျစရာ မကောင်းပါဘူး။ အပေါ်မှာပြောထားသလို ကိုယ့်အတွက်ပဲ ကိုယ်တွေးပြီး ကိုယ်မှအကောင်းလို့ ထင်မြင်လာစေတဲ့အရာပါပဲ။ အဲ့ဒီမှာပဲ ဘာတွေဖြစ်လာသလဲဆိုတော့ ကိုယ်ပျော်ဖို့၊ ကိုယ်အဆင်ပြေဖို့သာ ကြည့်လာပြီး ချစ်သူရည်းစားမရှိလည်း ကိုယ့်ဘာသာကိုယ် အဆင်ပြေအောင် နေမယ် ဆိုတဲ့အတွေးမျိုးတွေ ဖြစ်လာပါတယ်။ ချစ်သူရည်းစားထားမယ်ဆိုရင်တောင် တစ်ဖက်လူကို ထည့်မတွေးပေးတတ်သလို၊ သူဘာတွေ ဖြစ်နေလဲ၊ အဆင်ပြေရဲ့လား၊ သူလိုအပ်နေတာဘာလဲ ဆိုတာမျိုးတွေကို ဖြည့်မတွေးပေးတတ်တော့ပါဘူး။ ဒီအရာကပဲ နောက်ဆုံးလမ်းခွဲခြင်းနဲ့ အဆုံးသတ်စေတာပါပဲ။
ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဘဝကိုယ်ကျောင်းတာ ကောင်းပါတယ်။ ဒါပေမယ့် ငါစွဲများနေရင်တော့ အချစ်ရေးမှာ အဆင်ပြေဖို့ အခွင့်အရေးနည်းပါလိမ့်မယ်။ နှစ်ဦးသားညှိုနှိုင်းပြီး ယုံကြည်မှု၊ နားလည်မှုတွေနဲ့ လျှောက်ရမယ့် ချစ်ခရီးလမ်းမှာ ဘာမဟုတ်တဲ့ အသေးအဖွဲကစလို့ ကိုယ့်ကို ဒီလိုပြောသွားတာ၊ လုပ်သွားတာ ကိုယ့်မာနကို ထိခိုက်အောင် လုပ်တာပဲ ဆိုတာမျိး၊ ဒါ ကိုယ့်အမှားမဟုတ်လို့ ညှိုနှိုင်းမနေနိုင်ဘူး ဆိုတာမျိုး၊ မကျေနပ်လည်းနေ ကိုယ့်ဘာသာကိုယ် အေးဆေးနေနိုင်တယ် ဆိုတဲ့ အခြေအနေတွေဟာ အဲ့ဒီလို ကိုယ့်ကိုကိုယ် တန်ဖိုးထားလွန်းအားကြီးတဲ့ လူတွေရဲ့ အချစ်ရေးမှာ အများဆုံးကြုံတွေ့ရတဲ့ ပြသနာတွေပါ။
ဒါ့ကြောင့် ချစ်သူရည်းစားမရှိသူ အများဆုံးဟာ ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်လွန်းသူတွေဖြစ်နေတတ်ကြပြီး တစ်ချို့ချစ်သူရသွားတဲ့သူတွေကလည်း ဒီလို လွန်ကဲတဲ့ စိတ်အခြေအနေကြောင့် ချစ်သူမမြဲတတ်ကြတာပဲ ဖြစ်ပါတယ်။
Ref:yourtango
ကိုယ့္ကိုယ္ကုိ တန္ဖိုးထားတဲ့စိတ္ လြန္ကဲတဲ့သူေတြဟာ တစ္ကိုယ္တည္းသမားေတြျဖစ္သြားတတ္
Reviewed by Naethit
on
Thursday, May 04, 2017
Rating:
Reviewed by Naethit
on
Thursday, May 04, 2017
Rating:

No comments