အႀကိမ္ႀကိမ္ဓားျပတုိက္ခံရေပမဲ့ ဘ၀ကုိ လက္ေျမွာက္ အရႈံးမေပးတဲ့ ဒုကိၡတ ေစ်းသည္

ဖိလစ္ပုိင္ႏုိင္ငံ ကြီဇုန္ျပည္နယ္ တုိင္ေအာင္ျမိဳ႕(Tiaong) တြင္ ေနထုိင္သူ ကူရာေဂ်ာ့ ဘယ္လာမီနုိဆုိတဲ့မသန္စြမ္း လူတစ္ေယာက္ဟာ သူရဲ႕ သုံးဘီး ဆုိင္ကယ္ေလး နဲ႕ ဟင္းသီးဟင္းရြက္ေတြကုိ လုိက္လံ ေရာင္းခ်တဲ့ သူ တစ္ေယာက္ျဖစ္ပါတယ္။ မသန္မစြမ္းတဲ့သူတစ္ေယာက္ ျဖစ္ေပမဲ့ ဘယ္လာမီနုိိဟာ မိသားစုကုိ တက္ႏုိင္သ ေလာက္ ေစ်းေရာင္းခ်ျပီးရွာေကၽြးေနတဲ့ သူတစ္ေယာက္ လည္းျဖစ္ပါတယ္။မသန္မစြမ္းျဖစ္ေနတဲ့ လူမ်ားဟာ သာမန္လူေကာင္းေတြထက္ အခက္အခဲနဲ႕ ပုိရင္းနွီၾက ျပီး သူတုိ႕ဘ၀ရဲ႕ အခက္အခဲေတြကုိ အမႈ မထားဘဲ ဘ၀ရပ္တည္ဖုိ႕ အတြက္ အပတ္တကုတ္ ႀကဳိးစာတဲ့ သူမ်ားျဖစ္ၾကပါတယ္။

သုိ႕ေပမဲ့ ေငြရဖုိ႕အတြက္ ဒုကၡိတမ်ားကိုပင္ ဓားျပတုိက္ တဲ့ သူေတြရွိၾကျပီး ၂၀၁၄ ခုႏွစ္တုန္းက ဘယ္လာမီႏုိ ကုိ လူ ၃ ေယာက္က ေစ်း၀ယ္မည့္ဟန္ႏွင့္သုံးဘီးဆုိင္ကယ္ ကုိ တားခဲ့ျပီး ဓားျပတုိက္ခဲ့ၾကတဲ့ အျပင္ ေဆးရုံေရာက္ ေအာင္ ရုိက္ႏွက္ထားခဲ့ပါတယ္။ သူရဲ႕ ဒုကၡေရာက္ခဲ့ပုံကုိ ၾကားသိခဲ့ရတဲ့ ပါတ္၀န္းက်င္မွ လူမ်ားက ဘယ္လာမီႏုိရဲ႕ ေဆးဖုိးမ်ားအတြက္ ေငြမ်ား လွဴဒါန္းေပးခဲ့ၾကျပီး ေစ်း ျပန္လည္ ေရာင္းႏုိင္ဖုိ႕အတြက္ အရင္းအႏွီး ျပန္လည္ မတည္ေပးခဲ့ၾကပါတယ္။

ဒါေပမဲ့ ကံဆုိးမသြားရာ မုိးလုိက္လုိ႕ရြာခံေနရတဲ့ ဘယ္လာမီႏုိဟာ ၂၀၁၅ ခုႏွစ္မွာလည္း သူခုိး ခုိးခံခဲ့ရ ပါေသးတယ္။ကံဆုိးမႈေတြ ဆက္တုိက္ ဆက္ေနေပမဲ့ ဘယ္လာမီႏုိဟာ သူဘ၀ရဲ႕ အခက္အခဲ မ်ားအားလုံးကုိ ေက်ာ္ျဖတ္ျပီး ေစ်းျပန္ေရာင္းခ်လ်က္ ရွိေနဆဲ ျဖစ္ပါတယ္။

ဘယ္လာမီႏုိရဲ႕ ဒူေပနာေပခံႏိုင္မႈ ဟာ ဖိလစ္ပုိင္ ဆုိရွယ္မီဒီယာ အသုံးျပဳသူမ်ားကုိ အံ့အားသင့္ေစခဲ့ျပီး ဆုိရွယ္မီဒီယာ အသုံးျပဳသူမ်ားက ဘယ္လာမီႏုိကုိ ေလးစားေၾကာင္း ေျပာဆုိခဲ့ၾကပါတယ္။” ဘယ္လာမီႏုိရဲ႕ ဘ၀ဟာ ကၽြန္ေတာ္တုိ႕အတြက္ စိတ္ဓာတ္ခြန္အား ယူစရာျဖစ္ျပီး မသန္စြမ္းျဖစ္မႈ က ဘ၀ရဲ႕ ပန္းတုိင္ေတြ ဆီ သုိ႕ သြားတဲ့ လမ္းကုိ အတားအဆီးမျဖစ္ေစႏုိင္ပါဘူး ” လုိ႕ဆုိရွယ္မီဒီယာ အသုံးျပဳသူမ်ားက ဆုိခဲ့ၾကပါတယ္။

#From_Shwemom

Unicode

အကြိမ်ကြိမ်ဓားပြတိုက်ခံရပေမဲ့ ဘဝကို လက်မြှောက် အရှုံးမပေးတဲ့ ဒုကိ္ခတ ဈေးသည်

ဖိလစ်ပိုင်နိုင်ငံ ကွီဇုန်ပြည်နယ် တိုင်အောင်မြို့(Tiaong) တွင် နေထိုင်သူ ကူရာဂျော့ ဘယ်လာမီနိုဆိုတဲ့မသန်စွမ်း လူတစ်ယောက်ဟာ သူရဲ့ သုံးဘီး ဆိုင်ကယ်လေး နဲ့ ဟင်းသီးဟင်းရွက်တွေကို လိုက်လံ ရောင်းချတဲ့ သူ တစ်ယောက်ဖြစ်ပါတယ်။ မသန်မစွမ်းတဲ့သူတစ်ယောက် ဖြစ်ပေမဲ့ ဘယ်လာမီနိိုဟာ မိသားစုကို တက်နိုင်သ လောက် ဈေးရောင်းချပြီးရှာကျွေးနေတဲ့ သူတစ်ယောက် လည်းဖြစ်ပါတယ်။မသန်မစွမ်းဖြစ်နေတဲ့ လူများဟာ သာမန်လူကောင်းတွေထက် အခက်အခဲနဲ့ ပိုရင်းနှီကြ ပြီး သူတို့ဘဝရဲ့ အခက်အခဲတွေကို အမှု မထားဘဲ ဘဝရပ်တည်ဖို့ အတွက် အပတ်တကုတ် ကြိုးစာတဲ့ သူများဖြစ်ကြပါတယ်။

သို့ပေမဲ့ ငွေရဖို့အတွက် ဒုက္ခိတများကိုပင် ဓားပြတိုက် တဲ့ သူတွေရှိကြပြီး ၂၀၁၄ ခုနှစ်တုန်းက ဘယ်လာမီနို ကို လူ ၃ ယောက်က ဈေးဝယ်မည့်ဟန်နှင့်သုံးဘီးဆိုင်ကယ် ကို တားခဲ့ပြီး ဓားပြတိုက်ခဲ့ကြတဲ့ အပြင် ဆေးရုံရောက် အောင် ရိုက်နှက်ထားခဲ့ပါတယ်။ သူရဲ့ ဒုက္ခရောက်ခဲ့ပုံကို ကြားသိခဲ့ရတဲ့ ပါတ်ဝန်းကျင်မှ လူများက ဘယ်လာမီနိုရဲ့ ဆေးဖိုးများအတွက် ငွေများ လှူဒါန်းပေးခဲ့ကြပြီး ဈေး ပြန်လည် ရောင်းနိုင်ဖို့အတွက် အရင်းအနှီး ပြန်လည် မတည်ပေးခဲ့ကြပါတယ်။

ဒါပေမဲ့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာခံနေရတဲ့ ဘယ်လာမီနိုဟာ ၂၀၁၅ ခုနှစ်မှာလည်း သူခိုး ခိုးခံခဲ့ရ ပါသေးတယ်။ကံဆိုးမှုတွေ ဆက်တိုက် ဆက်နေပေမဲ့ ဘယ်လာမီနိုဟာ သူဘဝရဲ့ အခက်အခဲ များအားလုံးကို ကျော်ဖြတ်ပြီး ဈေးပြန်ရောင်းချလျက် ရှိနေဆဲ ဖြစ်ပါတယ်။

ဘယ်လာမီနိုရဲ့ ဒူပေနာပေခံနိုင်မှု ဟာ ဖိလစ်ပိုင် ဆိုရှယ်မီဒီယာ အသုံးပြုသူများကို အံ့အားသင့်စေခဲ့ပြီး ဆိုရှယ်မီဒီယာ အသုံးပြုသူများက ဘယ်လာမီနိုကို လေးစားကြောင်း ပြောဆိုခဲ့ကြပါတယ်။” ဘယ်လာမီနိုရဲ့ ဘဝဟာ ကျွန်တော်တို့အတွက် စိတ်ဓာတ်ခွန်အား ယူစရာဖြစ်ပြီး မသန်စွမ်းဖြစ်မှု က ဘဝရဲ့ ပန်းတိုင်တွေ ဆီ သို့ သွားတဲ့ လမ်းကို အတားအဆီးမဖြစ်စေနိုင်ပါဘူး ” လို့ဆိုရှယ်မီဒီယာ အသုံးပြုသူများက ဆိုခဲ့ကြပါတယ်။

#From_Shwemom
အႀကိမ္ႀကိမ္ဓားျပတုိက္ခံရေပမဲ့ ဘ၀ကုိ လက္ေျမွာက္ အရႈံးမေပးတဲ့ ဒုကိၡတ ေစ်းသည္ အႀကိမ္ႀကိမ္ဓားျပတုိက္ခံရေပမဲ့ ဘ၀ကုိ လက္ေျမွာက္ အရႈံးမေပးတဲ့ ဒုကိၡတ ေစ်းသည္ Reviewed by Naethit on Friday, May 05, 2017 Rating: 5

No comments