Single ဖြစ်ပေမယ့် ကမ္ဘာကျော်တဲ့အထိ အောင်မြင်ခဲ့တဲ့ အမျိုးသမီး(၈)ဦး


မိန်းမသား တစ်ယောက်တည်း Single ဘ၀နဲ့ရပ်တည်ရတာ ခက်တော့ ခက်ခဲကောင်း ခက်ခဲနိုင်ပါတယ်။ဒါပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ လက်မထပ်ပဲ တစ်ယောက်တည်း Single ဘ၀နဲ့နေလာတဲ့ ကမ္ဘာကျော် Single အမျိုး သမီးတွေ အများကြီးရှိပါတယ်။သူတို့ရဲ့ ရပ်တည်ချက်၊ကိုယ်ပိုင်ခံ ယူချက်နဲ့ Single life ကို ကျေကျေနပ်ကြီး၊ဂုဏ်ယူဝံ့ကြွားစွာ လက်ခံနေထိုင် ခဲ့ကြတာပါ။ကမ္ဘာကျော် Single အမျိုးသမီးတွေနဲ့ သူတို့ရဲ့ ရပ်တည်ချက်နဲ့ အတွေးအခေါ်တွေကို Shwemom စာဖတ်သူတွေအတွက် ဝေမျှပေးချင်ပါ တယ်။

#1 Jane Austen
သူကတော့ နာမည်ကျော်စာရေးဆရာမပါ။( 1775 )ခုနှစ်မှာ မွေးဖွားခဲ့ပြီး (၁၈၁၇)ခုနှစ်၊သူမအသက်(၄၁)နှစ်အရွယ်မှာကွယ်လွန်ခဲ့သူပါ။(၁၇)ရာစုကုန်ပိုင်းနဲ့(၁၈)ရာစုနဲ့ နာမည်ကျော် စာရေးဆရာမတစ်ယောက်ပါ။Single life ကို ဘယ်လောက် ဂုဏ်ယူတယ်ဆိုတာကို သူမရဲ့Quotes တွေကို ကြည့်ရင် သိနိုင်ပါတယ်။” A large income is the best recipe for happiness I ever heard of.”သူမအတွက်ကတော့ ၀င်ငွေကောင်းကောင်းရတာကသာ ပျော်စရာအကောင်းဆုံးလို့ လက်ခံထားပုံရပါတယ်။
#2 Queen Elizabeth I
virgin queen လို့ နာမည်ကြီးခဲ့တဲ့ အင်္ဂလန်ရဲ့ ဘုရင်မကြီးပါ။1533 မှာ မွေးပြီး 1603 မှာကွယ်လွန်ခဲ့သူပါ။Tudor မင်းဆက်ရဲ့ နောက်ဆုံး မျိုးဆက်ပါ။ မင်းဆက်ရဲ့ မင်းမျိုးမင်းနွယ်ကျန်ရှိဖို့အတွက် အားလုံးက အိမ်ထောင်ပြုဖို့ တော င်းပန်ခဲ့ပေမယ့် ငြင်းဆိုပြီး Single ဘ၀ကို ရွေးခဲ့သူပါ။ခြေချုပ်မိပြီး မလွ တ်လပ် တဲ့ အိမ်ထောင်သည်ဘ၀ကို ဘုရင်မကြီး ကမလိုချင်ခဲ့ပုံပါ။သူမရဲ့ နာမည်ကျော် Quotes ကတော့ “ I would rather be a beggar and single than a queen and married” ပါ။
#3  Condoleezza Rice
1954 ခုနှစ်မှာ မွေးပြီး အသက်(၆၂)နှစ်ပါ။2005 မှ 2009 ခုနှစ်အထိ အမေ ရိကန် နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့ပြီး(၆၆)ယော က်မြောက် နိုင်ငံခြားရေးဝန်ကြီးပါ။Single ဘ၀နဲ့ နေလာတဲ့ သူမက သူမဘ၀မှာ လက် ထပ်ချင်လောက်တဲ့ သူမတွေ့ဘူးလို့ ပြတ်ပြတ်သား သားပြောခဲ့သူပါ။
#4 Florence Nightingale
မီးအိမ်ရှင်မလေးဖြစ်တဲ့ သူမကိုတော့ လူတိုင်းသိလောက်မှာပါ။(၁၈၂၀- ၁၉၁၀) ပါ။
#5 Diane Keaton
သူမကတော့ နာမည်ကျော် မင်းသမီးကြီး၊ဒါရိုက်တာ၊ပရိုဂျူဆာတစ်ယောက်ပါ။ အခုဆိုရင်တော့ အသက်(၇၁)ပါ။
#6 Susan B. Anthony
သူမကတော့ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူပါ။(1820 မှ 1906) ၊အသက်(၈၆)နှစ်အရွယ်မှာ ကွယ်လွန်ခဲ့သူပါ။သူမပြောခဲ့တဲ့ စကားတွေကို ကြည့်ခြင်းအားဖြင့် အရမ်းကို Strong ဖြစ်တဲ့ အမျိုးသမီးဆိုတာကို သိနိုင် ပါတယ်။”I declare to you that woman must not depend upon the protection of man, but must be taught to protect herself, and there I take my stand.”
#7 Mary Cassatt
အမေရိကန်ရဲ့ နာမည်ကျော် ပန်းချီဆရာမ၊printmaker တစ်ယောက်ပါ။ (1844 မှ 1926)၊ အသက်(၈၂)နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။”I am independent! I can live alone and I love to work.” လို့ ကြွေးကြော်ခဲ့သူပါ။
#8 Kristin Davis
အမေရိကန်ရဲ့ နာမည်ကျော်မင်းသမီးပါ။1965 ခုနှစ်မှာ မွေးဖွားခဲ့ပြီး အသက် (၅၂)နှစ်ပါ။”I’m perfectly happy [with] my single self.” လို့ ကြွေးကြော်ခဲ့သူပါ။သူမရဲ့နာမည်ကျော် Quotes တွေ အများကြီးထဲက တစ်ခုကတော့ “It’s nice to be with someone, but I don’t think you need to be in a relationship to feel complete. That would be really sad.”
Ref;buzzfeed
Single ဖြစ်ပေမယ့် ကမ္ဘာကျော်တဲ့အထိ အောင်မြင်ခဲ့တဲ့ အမျိုးသမီး(၈)ဦး Single ဖြစ်ပေမယ့် ကမ္ဘာကျော်တဲ့အထိ အောင်မြင်ခဲ့တဲ့ အမျိုးသမီး(၈)ဦး Reviewed by Naethit on Saturday, July 01, 2017 Rating: 5

No comments