မျက်နာမှာရှိတဲ့အညိုအမည်းစက်တွေနဲ့ဝက်ခြံအမာရွတ်တွေနဲ့၊အချိုင့်အခွက်ပျောက်ကင်းစေမယ့်သခွားသီးကုထုံး
Credit: Myawady Health
#Unicode Version#
မျက်နှာ အညိုအမည်းစက်တွေနဲ့ ဝက်ခြံအမာရွတ်၊ အချိုင့်အခွက် အပါအဝင် အရေးပြားရဲ့ အောက်ဆုံးလွှာဖြစ်တဲ့ dermis ဆိုတဲ့ တစ်သျှူးစပျက်စီးမှုတွေကို သဘာဝပစ္စည်းနဲ့ ပြန်လည် ပြုပြင်မယ်ဆို သခွားသီး ကုထုံးကိုပဲ လှပျိုဖြူတို့ ရွေးချယ်လိုက်ပါ။
(၁) သံပုရာသီး တစိတ်ကို ပန်းကန်ပြားထဲ အရည်ညှစ်ပါ။ ဂွမ်းလုံးလေးနဲ့ သံပုရာရည်ကို အမာရွတ်ပေါ် တို့လိမ်း၊ ၁၅ မိနစ်ထားပြီး ရေနဲ့ သန့်စင်ပါ။ ဒါဟာ ဘက်တီးရီးယားကို သေစေတဲ့ သဘာဝပိုးသတ်နည်းပါပဲ။
(၂) ဇလုံတစ်ခုမှာ မုန့်ဖုတ်ဆော်ဒါ ၂ ဇွန်းကို ရေ ၂ ဇွန်းနဲ့ သမအောင် ရောမွှေလို့ ရလာတဲ့ အနှစ်ကို လက်ဖျားလေးနဲ့ စက်ဝိုင်းပုံ နှိပ်ပြီး ဖိသိပ်ပေးပါ။ ၁၀မိနစ်ထားပြီး မျက်နှာသစ်ပါ။ အရေပြားကို ပြုပြင်ပေးပါတယ်။ နာမည်ကြီးဆိုင်တွေက ဘာမှုန့်တွေမှန်း ကိုယ်မသိလိုက်ပဲ ပြုလုပ်လိုက်တာ ဒီနည်းပါ။
(၃) သခွားသီးကို နုပ်နုပ်စင်းပြီး အရည်ထွက်အောင် ခြေပါ။ အရည်အဖတ်ရောတဲ့ အနှစ်ကို မျက်နှာပေါ် ဖွဖွလေး နှိပ်ထပ်တင်ပြီး မိနစ် ၂၀ ထားပါ။ ပြီးရင် ရေအေးနဲ့ ဆေးပါ။ ရောင်ရမ်းတာကို သက်သာစေတဲ့အပြင် အရေပြား တင်းရင်းသွားပြီး ပိုမိုဝင်းပလာပါမယ်။
(၄) နောက်ဆုံးအဆင့် Moisturizer အနေနဲ့ သံလွင်ဆီ ခပ်ပါးပါးကို စိမ့်ဝင်အောင် လိမ်းပါ။ သံလွင်ဆီက သန့်ရှင်းထားတဲ့ ချွေးပေါက်ထဲ့စိမ့်ဝင်ပြီး အပေါ်ယံ အရေပြားအလွှာကို ပြုပြင်ပေးပါတယ်။
ဒီလိုကာလမျိုးမှာ Beauty Sloon သွားချိန် ပေးစရာမလိုပဲ ငွေကုန် ကြေးကျလည်း အလွန် သက်သာတော့ ပျိုမေတို့ လှတစ်မျက်နှာအတွက် အကျိုးများတဲ့ Skin Care မို့ ဖော်ပြပေးလိုက်ပါတယ်…
https://www.facebook.com/myawadyhealth
ဖိုးသူတော် (www.phothutaw.com)
Credit: Myawady Health
မျက်နာမှာရှိတဲ့အညိုအမည်းစက်တွေနဲ့ဝက်ခြံအမာရွတ်တွေနဲ့၊အချိုင့်အခွက်ပျောက်ကင်းစေမယ့်သခွားသီးကုထုံး
Reviewed by Naethit
on
Thursday, July 06, 2017
Rating:
Reviewed by Naethit
on
Thursday, July 06, 2017
Rating:

No comments