ကျွန်မရွေးချယ်ပန်ဆင်မယ့်ပန်း(ရည်းစားတွေထားခဲ့ဖူးတဲ့(sis)လေးတွေအတွက်ပါ)


**ရည်းစား တထောင် လင်ကောင်းတယောက်** တဲ့…။

စကားပုံမှာတောင်ဘ၀အတွက် လင်ယောက်ျား အကောင်းဆုံး တစ်ယောက်ကိုရွေးချယ်ဖို့ ရည်းစား
အယောက် တစ်ထောင် ခွင့်ပြုထားခဲ့တာကို….၁၀ပုံ ၁ပုံ တောင် မရှိတဲ့ ကျွန်မ
ရည်းစားတွေ နာမည်ကို အလွှတ်ကျက်ပြီး အတင်းတုတ် အပင်ပန်း မခံချင်ကျပါနဲ့။

**လူအကြောင်း ပေါင်းမှ သိ** တဲ့…။

ပေါင်းသင်းကြည့်လို့ ကျွန်မ
မနှစ်သက်တဲ့ ရလဒ်ကြောင့်
ကျောခိုင်းခဲ့တာ အပြစ်လား။👋👋

တော်တန်ရုံ ဘယ် မိန်းကလေးမှ
ယောက်ျား တယောက်ကို အပျော်ဆိုပြီး
မတွဲပါဘူး။👎👎

**သာ လို့ ပါတယ်** တဲ့….။

အဲ့စကားကို ဟားတိုက်လိုက်ချင်ပါတယ်😂😂

မိန်းမသား ဆိုတာကလေ …ယောက်ျားတယောက်ကို
ချစ်မိပြီဆို ..ရွှေမလို ငွေမလိုဘူး
ယောက်ျား ညောင်းတယ် ဆိုရင်တောင်
ကုန်းပိုးပြီး ကမ္ဘာပတ် စီးပွားရှာ လိုက်မယ်။
မချစ်တော့ဘူး ဆိုရင် လဲ ကမ္ဘာပဲကျော် နေနေ
ဘီလီယံနာပဲ ဖြစ်နေပါစေ
ကျောခိုင်းပြီးပြီဆို ဇာတ်ညောင်းခံပြီး
ပြန်လှည့်ကို မကြည့်တာ။

**မိန်းမကောင်း ပန်းကောင်းပန်**တဲ့…။

စိတ်ကျေနပ်မူ မရတဲ့ ပန်းတွေကို
ရိုးသားစွာ လွှင့်ပစ်ခဲ့ပါတယ်။
ဒါကလဲ ကျွန်မ ဘ၀အတွက်
ဖြစ်နေလို့ပါ။

အယောင်ဆောင် ပန်းတွေကြောင့်
ဆံနွယ် ထက်မှာ အနံဆိုး ကျန်ခဲ့နိုင်ပေမယ့်
ကျွန်မ ၀မ်းမနည်းပါဘူး။
အဲ့ပန်း ကို အောင်မြင်စွာ
စွန့်လွှတ် နိုင်ခဲ့တဲ့ အတွက်
ဂုဏ်ယူမဆုံးတာ အမှန်ပါ။

**လူတွေရဲ့ မကောင်းတတ်လို့** ဆိုတဲ့

စကားတွေနောက်မှာ ကျွန်မရဲ့ ကံကြမ္မာ
ပါသွားနိုင်တာမို့မသိချင်ယောင်တွေလဲ
ဆောင်ခဲ့ဖူးပါတယ်။

သူတို့တွေရဲ့ အကြောင်းမသိ
အသနား လွန်မူတွေကြောင့်
ကျွန်မ ဗီလိန် ကြီးလဲ ဖြစ်ခဲ့ဖူးပါတယ်။

ကျွန်မ ဦးခေါင်း ထက်မှာ နေရာယူမယ့်
တပွင့်တည်းသော ပန်းကို
ကျွန်မ ကိုယ်တိုင် ရွေးချယ်ရတဲ့အခါမှာ

အကြံဥာဏ် ပေးပါ။👈👈
မတိုက်တွန်းပါနဲ့

အားပေးပါ။💪💪
မကဲ့ရဲ့ပါနဲ့။

ရပ်ကြည့်လို့ရပါတယ်။👀👀👀
မထူရင်နေပါ။
အခွင့်ကြုံရင် မတွန်းချပါနဲ့။

တစ်ခုလောက် တောင်းဆိုခွင့်ရှိရင်….🙏🙏🙏

အားနည်းချက် မဟုတ်ခဲ့တဲ့ ကျွန်မရဲ့
အတိတ်ကို ရှင်တို့ အားသာချက် အဖြစ်
ညစ်ညမ်းတဲ့ စကားလုံးတွေနဲ့
မပုတ်ခတ် ရင်ပဲ ကျေးဇူးတင်နေပါပြီ…။

Credit: Eaint Hnine Han
ကျွန်မရွေးချယ်ပန်ဆင်မယ့်ပန်း(ရည်းစားတွေထားခဲ့ဖူးတဲ့(sis)လေးတွေအတွက်ပါ) ကျွန်မရွေးချယ်ပန်ဆင်မယ့်ပန်း(ရည်းစားတွေထားခဲ့ဖူးတဲ့(sis)လေးတွေအတွက်ပါ) Reviewed by Naethit on Friday, June 09, 2017 Rating: 5

No comments