ညအခါကောင်းမွန်စွာအိပ်စက်နိုင်စေဖို့...
(၁) အိပ်ချိန်အတွက် အထူးပြင်ဆင်ထားပါ။
တစ်နေ့တာကြုံတွေ့ခဲ့သည့် လုပ်ငန်းဆောင်တာများက အိပ်ယာထက်မှာ အိပ်ပျော်ဖို့ကြိုးစားနေတဲ့သင့်ကို အနည်းနဲ့အများ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ကောင်းမွန်စွာအိပ်စက်နိုင်ဖို့ ကိုယ်စိတ်နှစ်ပါးလုံးကို ကြိုတင်ပြင်ဆင်ပါ။ မအိပ်ခင် သက်တောင့်သက်သာ ရေချိုးအပန်းဖြေခြင်း၊ အိပ်ခြင်းကိုကောင်းမွန်စေသည့် ဆေးဖက်ဝင်လက်ဖက်ရည်တစ်ခွက် သောက်သုံးခြင်း၊ သာယာငြိမ့်ညောင်းသောသီချင်းများ နားထောင်ခြင်း၊ တရားထိုင်ခြင်းနှင့် အခန်းထဲတွင် စိတ်ကိုကြင်လင်စေသည့် အမွှေးရနံ့များထားရှိခြင်း စသည်တို့ ပြုလုပ်နိုင်ပါတယ်။
(၂) မွေ့ရာကိုစစ်ဆေးပါ။
စိတ်ဖိစီးမှုများနဲ့ တစ်နေ့တာပင်ပန်းခဲ့သမျှကို မွေ့ရာကောင်းကောင်းတစ်ခုက ဖြေလျော့ပေးနိုင်ပါတယ်။ သင့်ကိုစိတ်ကျေနပ်စေမဲ့ သက်တောင့်သက်သာဖြစ်စေမဲ့ မွေ့ရာမျိုးကို ဂရုတစိုက်ရွေးချယ်ဝယ်ယူပါ။
(၃) ဖုန်းအသုံးပြုခြင်းကိုရှောင်ကြဉ်ပါ။
အိပ်ယာမဝင်ခင် ဖုန်းအသုံးပြုခြင်းက သင့်ရဲအိပ်စက်ခြင်းကို အဟန့်အတားဖြစ်စေပါတယ်။ ဖုန်းကို အလွယ်တကူလက်လှမ်းမမှီနိုင်သည့် အိပ်ယာနှင့်ဝေးသောနေရာတွင် ထားရှိပါ။
(၄) လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါ။
ဝိတ်ချဖို့၊ ကျန်းမာရေးကောင်းဖို့အတွက်တင် မဟုတ်ပါဘူး။ ကောင်းမွန်စွာအိပ်စက်နိုင်ဖို့ လေ့ကျင့်ခန်းပြုလုပ်ပေးပါ။ နေ့စဉ် လေ့ကျင့်ခန်းမိနစ်(၃၀) ပြုလုပ်ခြင်းက အိပ်စက်ခြင်းကို ကောင်းမွန်စေပါတယ်။
(၅) ပုံမှန်အိပ်ယာဝင်ချိန်ကို သတ်မှတ်ထားပါ။
အိပ်ယာဝင်ချိန်ကို သတ်မှတ်ထားပါ။ အချိန်ဇယားဖြင့်ထားရှိခြင်းက အလေ့အကျင့်ဖြစ်လာပြီး အလွယ်တကူအိပ်ပျော်စေပါတယ်။
ခမ်းမူး (ရွှေအင်းလေး)
ညအခါကောင်းမွန်စွာအိပ်စက်နိုင်စေဖို့...
Reviewed by Naethit
on
Sunday, June 11, 2017
Rating:
Reviewed by Naethit
on
Sunday, June 11, 2017
Rating:

No comments