အမျိုးသားတွေဟာ ညဘက်ထက် မနက်စောစောမှာ ချစ်တင်းနှောလိုရတဲ့ အကြောင်းအရင်း


အမျိုးသမီးတွေက ညဘက်မှာ လက်တွဲဖော်နဲ့ အတူနေရတာကို ပိုပြီး နှစ်သက်သဘောကျသော်လည်း အမျိုးသားများကတော့ မနက်အိပ်ရာနိုးနိုးချင်း ခပ်စောစောအချိန်မှာ အတူနေရတာကို ပိုကြိုက်ကြပါတယ်တဲ့ ။ အမျိုးသမီးဟာ အဲ့လိုအချိန်မှာ လက်တွဲဖော် အမျိုးသားကို နားမလည်နိုင်ဆုံးပါပဲတဲ့ ။

အမျိုးသားတွေဟာ အိပ်ရာမနိုးသေးခင်တွင် ကျားဟော်မုန်းဖြစ်တဲ့ testosterone level ဟာ သာမန်အချိန်တွေထက် ၂၀ မှ ၅၀ ရာခိုင်နှုန်းထိ ပိုပြီးမြင့်တက်နေပါတယ် ။ အမျိုးသားတွေအတွက် သာမန် testoerone level ရှိရဲ့နဲ့ ချစ်တင်းနှောနိုင်တဲ့ အခြေအနေ အနေအထားရှိပါတယ် ။ သာမန်ထက် ကျော်လွန်သွားတဲ့ level ဆိုရင်တော့ ပိုပြီး ဆက်ဆံလိုစိတ်ပြင်းပြကြပါတယ် ။ ဒါ့ကြောင် မနက်ခင်းတိုင်းမှာ အမျိုးသားတွေရဲ့ လိင်တံဟာ ထောင်မတ်နေခြင်း ဖြစ်ပါတယ် ။ ဒါဟာ ကျန်းမာသန်စွမ်းတဲ့ လက္ခဏာ တစ်ရပ်လို့လည်း ပြောလို့ရပါတယ် ။

အမျိုးသားများ အိပ်ရာနိုးတဲ့အချိန်မှာတော့ testoerone levelဟာ အမြင့်ဆုံးကို ရောက်နေပါပြီ ။ အဲ့လိုအချိန်ဟာ လက်တွဲဖော်နဲ့ ဆက်ဆံလိုစိတ် အပြင်းပြဆုံးအချိန်ပါ ။ အမျိုးသမီးများအတွက်တော့ မဟော်မုန်း အနည်းဆုံးအချိန်ပါ ။ ဒီလိုဆန့်ကျင်ဘက် အခြေအနေအချိန်အခါမှာ အမျိုးသားများအနေဖြင့် အမျိုးသမီးကို အရင်ဆုံး စိတ်ပါလာအောင် စွမ်းဆောင်သင့်ပါတယ် ။ ဒါမှသာလျှင် ပြည့်စုံတဲ့ အိမ်ထောင်မှုသုခကို ရရှိမှာဖြစ်ပါတယ် ။

Dean ( ရွှေအင်းလေး)
အမျိုးသားတွေဟာ ညဘက်ထက် မနက်စောစောမှာ ချစ်တင်းနှောလိုရတဲ့ အကြောင်းအရင်း အမျိုးသားတွေဟာ ညဘက်ထက် မနက်စောစောမှာ ချစ်တင်းနှောလိုရတဲ့ အကြောင်းအရင်း Reviewed by Naethit on Sunday, June 11, 2017 Rating: 5

No comments