အသားအရည်ကိုသဘာဝ အတိုင်းလှပစေမယ့် မှော်အစွမ်း


ခုတစ်ခါ အသားအရည်ကို သဘာဝအတိုင်းနုပျိုလှပစေမယ့် အိမ်တွင်းကုထုံးလေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။
ခရမ်းချဉ်သီး
ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီးချပ်လေးတွေက ငြိုးနွှမ်းပြီးခြောက်ကပ်နေတဲ့ အရေပြားကို ပြန်ပြီး လှပစေတယ်။ တစ်ပတ်ကိုတစ်ခါလောက် မိနစ် ၂၀ ကြာအောင် ခရမ်းချဉ်သီးနဲ့ပေါင်းတင်ပေးပါ။ အသားရည်လေး နုဖတ်ပြီး စိုပြေလာလိမ့်မယ်။ အသားဖြူချင်တယ်ဆိုရင်တော့ သံလွင်ဆီနဲ့ပါရောပြီးပေါင်းတင်ပေးပါ။
အာလူးသီး
အာလူးကတော့ အသားအရည်ကိုနုပျိုစေတဲ့ အရာတစ်ခုပါ။ အသားအရည်တောက်ပလာအောင် သုံးလို့ရတယ်။ ပြီးတော့ ကောင်းတာတစ်ခုက သူကအရေပြားတွန့်တာတွေကိုကာကွယ်ပေးတယ်။
နေ့တိုင်း အာလူးနဲ့ ၁၅ မိနစ်လောက်ကြာအောင် ပေါင်းတင်ပေးပါ။ အရည်ညစ်ပြီးလည်းသုံးပေးလို့ရသလို  အားလူးချပ်လေးတွေကိုလည်း သုံးလို့ရပါတယ်။
သံပုရာသီး
အသားဖြူဖို့နဲ့ ဝက်ခြံတွေကုဖို့အတွက်ဆို သံပုရာသီးကအကောင်းဆုံးပါ။ ပြီးတော့ သူက အသားအရည်ချောမွေ့စေပြီး  ဖြူစင်ဝင်းပစေသေးတယ်။
နေ့တိုင်းသံပုရာရည်ကို Lotion သဖွယ်လိမ်းပေးရင်တော့ မှော်အစွမ်းကိုအသုံးပြုလိုက်သလို လှပသွားမှာနော်။
Credit-(ရွှေအင်းလေး)
အသားအရည်ကိုသဘာဝ အတိုင်းလှပစေမယ့် မှော်အစွမ်း အသားအရည်ကိုသဘာဝ အတိုင်းလှပစေမယ့် မှော်အစွမ်း Reviewed by Naethit on Saturday, June 10, 2017 Rating: 5

No comments