သွားဝါသူများ နှင့် သွားမည်းသူများအတွက် လွယ်ကူထိရောက်တဲ့ မီးသွေးအသုံးပြုနည်း


ကော်ဖီကြိုက်သူများ ၊ ဆေးလိပ်သောက်သူများအတွက် ကြုံရလေ့ရှိတဲ့ သွားဝါခြင်း၊ မည်းခြင်းတွေကို ဖြေရှင်းပေးမယ့် နည်းလမ်းတွေများစွာ ရှိပါတယ် ။ အဲ့ဒိထဲကမှ မီးသွေးသုံးတဲ့နည်းလမ်းက တကယ်လည်း ထိရောက်ပြီး လွယ်ကူရိုးရှင်လှပါတယ် ။

လိုအပ်သောပစ္စည်းများ

သန့်ရှင်းသောမီးသွေးမှုန့်
ရေ
သွားပွတ်တံ

အသုံးပြုပုံ
– ပထမဦးစွာ ပုံမှန်သွားတိုက်နေကြအတိုင်း သွားပွတ်တံဖြင့် သွားတိုက်ပါ ။ ပြီးလျှင်ရေကျင်းပါ ။ သွားပွတ်တံကို ခြောက်သွေ့သန့်စင်သွားအောင် အဝတ်ဖြင့်သုတ်ပါ ။ ထို့နောက် မီးသွေးမှုန့်ကို သွားပွတ်တံပေါ်တင်ကာ မိနစ်အနည်းငယ်ကြာ တိုက်ပေးပါ ။ မီးသွေးကြောင့် သွားကတော့ ခဏတာမည်းနေပါလိမ့်မယ် ။ ရေဖြင့် သေချာအနှံ့ ဆေးကြောပလုတ်ကျင်းလိုက်လျှင် ပျောက်သွားမှာပါ။ ထိုအတိုင်း မနက်တိုင်းဖြစ်စေ ၊ ညအိပ်ရာဝင်တိုင်းဖြစ်စေ ပြုလုပ်ပေးနိုင်ပါသည်။

– မီးသွေးမှုန့် မသုံးချင်ဘူးဆိုလျှင်တော့ မီးသွေးတုံးလေးကိုပဲ သွားမှာလိုက်ပွတ်ပေးလျှင် ရပါတယ်။

သတိပေးချက် ။ ။ အကယ်၍ သင့်တွင် သွားရောဂါပြဿနာ (သို့ ) ခံတွင်းပြဿနာဖြစ်နေလျှင် သွားဆရာဝန်နှင့် သေချာဆွေးနွေးတိုင်ပင်ပြီးမှ ဒီနည်လမ်းကို အသုံးပြုပေးပါ ။

CHAN ( ရွှေအင်းလေး)
သွားဝါသူများ နှင့် သွားမည်းသူများအတွက် လွယ်ကူထိရောက်တဲ့ မီးသွေးအသုံးပြုနည်း သွားဝါသူများ နှင့် သွားမည်းသူများအတွက် လွယ်ကူထိရောက်တဲ့ မီးသွေးအသုံးပြုနည်း Reviewed by Naethit on Sunday, June 11, 2017 Rating: 5

No comments