ဒူးရင်းသီးနှင့်တွဲဖက်မစားသုံးသင့်သောအစားစာ(၆)မျိုး


ဒူးရင်းသီးမြင်တာနဲ့ အငမ်းမရကြိုက်တဲ့လူလည်းရှိသလို (Hanaလိုပေါ့) ဒူးရင်းသီးဆို အနံ့တောင်မခံနိုင်တဲ့လူလည်းရှိပါတယ်။ ဒူးရင်းတကယ်ကြိုက်တဲ့သူတွေဆို ဒူးရင်းသီးကို တစ်ခါစား သုံးလုံးလောက်က အသာလေးပဲ။ ဒါပေမယ့်လည်း ဒူးရင်းသီးနဲ့ တွဲမစားသင့်တဲ့ အစားအစာတွေရှိတယ်နော် ယောင်းတို့ရေ ။ ဒူးရင်းချစ်သူ ယောင်းတွေ အစားအသောက် ဆင်ခြင်လို့ရအောင် ဒူးရင်းသီးနဲ့တွဲဖက်မစားသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်တယ်နော် ။

၁။အရက် ၊ ဘီယာ

ဒူးရင်းသီးစားရင်းနဲ့ သောက်တာက သေနိုင်လောက်တဲ့ထိ ဖြစ်နိုင်ပါတယ်။ ဒူးရင်းသီးမှာပါတဲ့ ဓာတ်တစ်မျိုးဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အရက်ပမာဏထိန်းချုပ်တာကို ကူညီပေးတဲ့ ဆဲလ်တွေကို ဟန့်တားပေးပါတယ်။ အဲဒါဟာ သေစေနိုင်တဲ့အထိ ဖြစ်စေပါတယ်။

၂။နို့

ဒူးရင်းသီးက သွေးထဲမှာရှိတဲ့ ကဖင်းဓာတ်ကို လျော့နည်းစေပါတယ်။ ကဖင်းဓာတ်ဆိုတာ လူကိုလန်းဆန်းစေတဲ့ ဓာတ်တစ်မျိုးပါ ။ ဒူးရင်းသီးအများကြီးစားတဲ့အခါ အိပ်ချင်တာတို့ ၊ ခေါင်းလေးနေတာတို့ ဖြစ်ဖူးတယ်မှတ်လား ။ အဲဒါ ကဖင်းဓာတ် လျော့သွားလို့ပါ။ ဒူးရင်းသီးကို နို့နဲ့တွဲစားရင် ကဖင်းဓာတ်ကို ပိုလျော့စေပြီး သွေးတိုးတာတွေဖြစ်တတ်ပါတယ်။ အခန့်မသင့်ရင် သေတဲ့အထိဖြစ်နိုင်ပါတယ်။

၃။ကိုကာကိုလာ

ကဖင်းဓာတ်အများကြီးပါတဲ့ ကိုကာကိုလာ နဲ့ ဒူးရင်းသီးကို တွဲစားတဲ့အခါ ရုတ်တရတ် နှလုံးရပ်တာ ၊ အသက်ရှူကြပ်တာတွေ ဖြစ်စေပါတယ်။


၎။ခရမ်းသီး

ခရမ်းသီးရော ဒူးရင်းသီးရောက အပူစာတွေပါ။ ဒီနှစ်ခုကိုရောစားလိုက်ရင် အပူတွေများပြီး နေမကောင်းဖြစ်စေပါတယ်။

၅။ဂဏန်း

ဂဏန်းက အအေးစာဖြစ်ပြီး ဒူးရင်းကအပူစာဆိုတော့ အဲဒီနှစ်ခုကို တွဲစားလိုက်ရင် ဗိုက်အောင့်ဗိုက်နာတာတွေ ဖြစ်တတ်ပါတယ်။

၆။အမဲသား
အမဲသားက ဒူးရင်းသီးလိုပဲ အပူစာပါ။ တွဲစားရင် အပူများပြီး နေမကောင်းဖြစ်စေပါတယ်။

ဒါဆိုရင် ယောင်းတို့ ဒူးရင်းသီးနဲ့ မစားသင့်တဲ့ အစားအစာတွေကို ရှောင်လို့ရသွားပြီပေါ့ ။ ဘယ်အရာမဆို ကြိုက်ပေမယ့်လည်း အလွန်အကျွံမစားတာ ကောင်းပါတယ် ။ တန်ဆေးလွန်ဘေး ဆိုတဲ့ စကားပုံတောင်ရှိသေး။ ယောင်းတို့လည်း ဒူးရင်းသီးစားတဲ့အခါ အရမ်းမစားပဲ ရှောင်သင့်တဲ့ အစားအစာတွေလည်း ရှောင်စားကြနော်။

Credit: Hana (For Her Myanmar)
ဒူးရင်းသီးနှင့်တွဲဖက်မစားသုံးသင့်သောအစားစာ(၆)မျိုး ဒူးရင်းသီးနှင့်တွဲဖက်မစားသုံးသင့်သောအစားစာ(၆)မျိုး Reviewed by Naethit on Monday, June 12, 2017 Rating: 5

No comments