ခန္ဓာကိုယ်မှအဆိပ်တောက်များကို သဘာဝအတိုင်းရှင်းထုတ်ရမည့်နည်းလမ်းများ
လန်းဆန်းစေပြီး ခန္ဓာကိုယ်အလေးချိန်လျှော့ချရန် အထောက်အကူပြုသော သစ်သီးများနှင့် အစေ့အဆန်များ ပါဝင်သည့် ရေသည် အရသာကောင်းသလောက် ကျန်းမာရေးအတွက် ကောင်းကျိုးများလည်း ပေးစွမ်းနိုင်သည်။
ယင်းရေကို သောက်ခြင်းဖြင့် အစာလမ်းကြောင်းထဲရှိ အဆိပ် အတောက်များနှင့် ဇီဝဖြစ်စဉ်ကို နှေးကွေးစေသော အားအင်ကုန် ခန်းစေသော၊ နာမကျန်းဖြစ်စေနိုင်သော အခြားအရာများကို ရှင်း ထုတ်ပေးနိုင်သည်။
အသီးတစ်မျိုးမျိုးနှင့် ရောစပ်ထားသော ရေတွင် ကယ်လိုရီလုံးဝမပါဝင်ဘဲ ကျန်းမာရေးအကျိုးကျေးဇူးများစွာပေးစွမ်းနိုင်သည်။
ဇီဝဖြစ်စဉ်အားကောင်းစေရန် ပန်းသီးတစ်လုံးနှင့် နာနတ်ပွင့် တစ်ပွင့်၊ သစ်ကြံပိုးခေါက်တို့ကို ဆားအနည်းငယ်ထည့်၍ ရေနှင့် ရောပြီး သောက်ပေးနိုင်သည်။
အစာချေဖျက်မှုကို အထောက်ကူဖြစ်စေရန် သံပရာသီးကို နှစ် ခြမ်းခွဲပြီး ချင်းစိမ်းတစ်လက်မ
အရွယ်ထည့်ကာ ပင်စိမ်းရွက် လတ်လတ်ဆတ်ဆတ် လက်တစ်ဆုပ်ခန့်ကို ရေနှင့်ရော၍ သောက်သုံးနိုင်သည်။
ခန္ဓာကိုယ်ရေဓာတ် ပြည့်ဝစေရန် သခွားသီးကို ပါးပါးလှီးပြီး ဖရဲသီးကို သေးငယ်သော အစိတ်ကလေးများလှီးကာ ပူဒီနာရွက်အနည်းငယ်ထည့်၍ သောက်ပေးပါ။
ယင်းကဲ့သို့သော ဖျော်ရည်များကို သောက်သုံးခြင်းဖြင့် ခန္ဓာ ကိုယ်ထဲမှ အဆိပ်အတောက်များကင်းစင်ကာ ဇီဝဖြစ်ပျက်မှုကို အားကောင်းစေသည်။
ထို့အပြင် ယင်းဖျော်ရည်များသောက်ခြင်းကြောင့် အခြားသော ကျန်းမာရေးနှင့်မညီသည့် အသင့်စားသုံးနိုင်သော အစားအစာများ မစားဖြစ်စေရန် အထောက်အကူဖြစ်စေသည်။ ခန္ဓာကိုယ်ကို သဘာဝအလျောက် ရေဓာတ်ပြည့်စေပြီး အထူးသဖြင့် လေ့ကျင့်ခန်း လုပ်သူများအတွက် အထူးသင့်လျော်သည်။
—Ref: TOI
Credit: 7Day Daily
ခန္ဓာကိုယ်မှအဆိပ်တောက်များကို သဘာဝအတိုင်းရှင်းထုတ်ရမည့်နည်းလမ်းများ
Reviewed by Naethit
on
Monday, June 12, 2017
Rating:
Reviewed by Naethit
on
Monday, June 12, 2017
Rating:

No comments