အမျိုးသမီးများ ချစ်တင်းနှောပြီးတာနဲ့ ချက်ချင်း ဆီးသွားသင့်ကြောင်း တိုက်တွန်း


လင်မယားဖြစ်စေ ၊ ချစ်သူဖြစ်စေ အတူနေတဲ့ ကဏ္ဍတွေ ရှိကြပါတယ် ။ ဒီလိုအတူနေပြီးတိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် ထွေးပွေ့ဖက်ထားခြင်းက နှစ်ဦးစလုံးအတွက် တကယ်ကို စိတ်ကြည်နူးစေပါတယ် ။ လက်တွေ့ကျကျ လေ့လာမှုများအရလည်း ဒီလိုအနေအထားရှိတဲ့ စုံတွဲတွေဟာ ပိုပြီး ခိုင်မာလေ့ ရှိကြတယ်လို့ ဆိုပါတယ် ။ သို့သော်လည်း မိန်းကလေးတွေအနေနဲ့ လိင်ဆက်ဆံပြီးတိုင်း ချက်ချင်း ဆီးသွားသင့်တယ်လို့ ဆရာဝန်များက တိုက်တွန်းထားပါတယ် ။

ဒီလို လိင်ဆက်ဆံမှု ပြီးမြောက်သွားတိုင်း ချက်ချင်းထပြီး ဆီးသွားတာက ရိုမက်တစ်တော့ မဆန်ဘူးပေါ့နော် ။မိန်းကလေးအများစုက အတူနေပြီးတိုင်းမှာ သူတို့ရဲ့ လက်တွဲဖော်အပေါ် မှီနွဲ့တာ ၊ ဖက်လှဲတကင်းနေတတ်ကြတာ မျိုးတွေ လုပ်လေ့ရှိပါတယ် ။ ဒီလိုနေတာက စိတ်ကို ပြန်လည်အနားပေးတဲ့ သဘောမျိုးပါပဲ ။ စိတ်ပိုင်းဆိုင်ရာ ခံစားမှုအတွက် ကောင်းသော်လည်း ကျန်းမာရေးအတွက်တော့ မကောင်းပါဘူး ။ လိင်ဆက်ဆံပြီးချိန်မှာ မလိုလားအပ်တဲ့ ပိုးမွှားတွေကူးစက်နိုင်ဖို့ အခွင့်အရေး ပိုများပါတယ်။

ဘက်တီးရီးယားတွေဟာ လိင်ဆက်ဆံမှု ပြုလုပ်နေစဉ်အတွင်းမှာ ဆီးလမ်းကြောင်းမှာ အများအပြား ဝင်ရောက်နေမှာ သေချာပါတယ်။ ထိုဆီးလမ်းကြောင်းမှတဆင့် ဆီးအိမ်ထဲသို့ ရောက်ပြီး ဖြစ်လေ့ဖြစ်ထရှိတဲ့ ပိုးကူးခြင်းတွေ ၊ ဆီးနဲ့ပတ်သတ်တဲ့ ရောဂါတွေ

ဖြစ်နိုင်ပါတယ် ။ ဒ့ါကြောင့် ဆရာဝန်တွေ ၊ နားလည်တတ်ကျွမ်းသူတွေဟာ အမျိုးသမီးတွေကို လိင်ဆက်ဆံပြီးတာနဲ့ ဆီးသွားတတ်တဲ့အကျင့်ကို မမွးမြူခိုင်းကြတာပါ ။ ဆီးသွားပြီး အမျိုးသမီးအင်္ဂါကို ရေဖြင့် သေချာစင်ကြယ်အောင် ဆေးကြောဖို့လည်း လိုအပ်ပါတယ် ။ အမွှေးဆပ်ပြာနဲ့ ဆေးကြောခြင်းကိုတော့ ရှောင်ကြဉ်သင့်ပြီး အခြားသော အမျိုးသမီးဆိုင်ရာ ရောဂါပိုးတွေ မဝင်ရောက်နိုင်ဖို့ အမျိုးသမီးအင်္ဂါ အနီးတဝိုက်ကို

ရေနွေးနွေးဖြင့် ဆေးကြောပေးတာမျိုးလည်း ပြုလုပ်ပေးနိုင်ပါတယ်။

အမျိုးသမီးတွေအနေနဲ့ လိင်ဆက်ဆံပြီးပြီးချင်းမှာ ဆီးသွားဖို့ ဝန်မလေးသင့်ပါဘူး ။ ဒါဟာ ကျန်းမာရေးအတွက်သာမက မိမိရဲ့ လိင်မှုဘဝအတွက်လည်း ရေရှည်ကောင်းမွန်စေမှာ ဖြစ်ပါတယ် ။ လိင်ဆက်ဆံပြီးပြီးချင်း ဆီးသွားတာဟာ ပိုးကူးစက်မှုအတွက် အထိရောက်ဆုံး အလေ့အကျင့်တော့ မဟုတ်ပါဘူး ။ ထိရောက်တဲ့ ကာကွယ်မှုကတော့ ကွန်ဒုံးအသုံးပြုခြင်းပဲ ဖြစ်ပါတယ် ။သင့်ရဲ့ လက်တွဲဖော် အမျိုးသားကတော့ ဒီနည်းလမ်းကို ကြိုက်မှာမဟုတ်ပါဘူး။

CHAN (ရွှေအင်းလေး)
အမျိုးသမီးများ ချစ်တင်းနှောပြီးတာနဲ့ ချက်ချင်း ဆီးသွားသင့်ကြောင်း တိုက်တွန်း အမျိုးသမီးများ ချစ်တင်းနှောပြီးတာနဲ့ ချက်ချင်း ဆီးသွားသင့်ကြောင်း တိုက်တွန်း Reviewed by Naethit on Sunday, June 11, 2017 Rating: 5

No comments