တစ်ကိုယ်ကောင်းဆန်တဲ့ချစ်သူကိုပိုင်ဆိုင်ထားရတာလား
အောက်ဖော်ပြပါအချက်တွေနဲ့ကိုက်ညီနေရင် သင်ဟာတစ်ကိုယ်ကောင်းဆန်တတ်တဲ့သူကို ချစ်သူတော်ထားရတာပါ။
(၁)သင့်အကြောင်းတွေကိုစိတ်မ၀င်စားခြင်း
တွေ့တဲ့အချိန်တွေဆိုရင် သူ့ရဲ့အကြောင်းတွေကိုပဲဇွတ်ပြောနေမယ်။ သင့်ရဲ့တစ်နေ့တာလုပ်ငန်းဆောင်တာများ၊ သင်အဆင်ပြေလား၊ မပြေလားဆိုတာတွေကို စိတ်ဝင်တစားမေးလေ့မရှိပါဘူး။ သင်ပြောပြရင်တောင် ပျင်းရိတဲ့အမူအရာတွေနဲ့ နားထောင်ပေးပါလိမ့်မယ်။ တစ်ခါတရံ စကားလမ်းလွှဲတာမျိုးတွေတောင် ပြုလုပ်တတ်ပါတယ်။
(၂)သင့်ခံစားချက်ကိုလျစ်လျူရှုခြင်း
ရန်ဖြစ်စကားများသည့်အခါတိုင်း သူ့အမှားကိုအမြဲဖုံးကွယ်ပြီး သင့်ကိုဝေဖန်အပြစ်တင်ပြောဆိုမယ်။ “အကြောင်းမရှိပြဿ နာရှာတယ်၊ ရစ်တယ်၊ နားမလည်ပေးတတ်တဲ့သူ” ဆိုပြီး သင့်ကိုသာအပြစ်တွေပုံချပြီး ဆင်ခြေအမျိုးမျိုးပေးပါလိမ့်မယ်။
(၃)သင့်ဖက်ကပဲအမြဲတောင်းပန်နေရခြင်း
ဘယ်တော့မှ သူ့ရဲ့အမှားကိုဝန်မခံတဲ့အပြင် သူ့ဘက်ကပဲစပြီးတောင်းပန်စကားဆိုမယ့်သူမျိုးလည်း မဟုတ်ဘူးပါဘူး။ သင့်ဘက်ကဘယ်လောက်ပဲ စင်းလုံးချောအပြစ်ကင်းနေသော်လည်း သင့်ကိုသာအပြစ်မရှိအပြစ်ရှာတတ်သူမျိုးဟာ တစ်ကိုယ်ကောင်းဆန်လွန်းလှတဲ့သူပါ။
(၄)သင့်အပေါ်သ၀န်မတိုခြင်း
သူမပါပဲအပြင်သွားတဲ့အခါ “ဘယ်ရောက်နေလဲ၊ ဘာလုပ်နေလဲ၊ ဘယ်သူတွေနဲ့လဲ” စတဲ့မေးခွန်းတွေမေးဖို့မေ့နေပါလိမ့်မယ်။ သင့်ယောကျာ်းလေးသူငယ်ချင်းများနှင့်လည်း သ၀န်တိုနေမှာမဟုတ်ပါဘူး။ “ဘယ်လိုဝတ်ရမယ်၊ ဘယ်လိုနေရမယ်၊ ဒါတွေမလုပ်နဲ့” ဆိုပြီးလည်း သင့်ကိုထိန်းချုပ်ပေးနေမှာမဟုတ်ပါဘူး။ သင့်အတွက်စိတ်မပူပဲနေနိုင်တာဟာ သူ့ရဲ့တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ကို ပေါ်လွင်စေပါတယ်။
(၅)သင်စိတ်ဆိုးလို့လမ်းခွဲစကားပြောရင်တောင်ချက်ချင်းခေါင်းငြိမ့်သူ
သင့်ကိုမချော့တဲ့အပြင် ရှင်းပြခွင့်လည်းမပေးသလို သူကိုယ်တိုင်လည်းရှင်းပြချက်တွေမပေးချင်တဲ့သူပါ။ ပြီးပြီးရောဆုံးဖြတ်ချက်ချပြီး လက်ခံခေါင်းငြိမ့်ပါလိမ့်မယ်။ ဒါဟာ သင့်အချစ်ကိုတန်ဖိုးမထား အလေးမထားတတ်တဲ့ တစ်ကိုယ်ကောင်းသမားတွေရဲ့ စိတ်ဓာတ်တွေပါ။
စံပယ်(ရွှေအင်းလေး)
တစ်ကိုယ်ကောင်းဆန်တဲ့ချစ်သူကိုပိုင်ဆိုင်ထားရတာလား
Reviewed by Naethit
on
Sunday, June 11, 2017
Rating:
Reviewed by Naethit
on
Sunday, June 11, 2017
Rating:

No comments