အိပ်စက်ခြင်းနှင့်လိင်ပိုင်းဆိုင်ရာကျန်းမာရေး


အိပ်စက်အနားယူခြင်းသည် ခန္ဓာကိုယ်အား အားအင်ပြန်လည်ဖြည့်တင်းပေးရာ ရောက်ပြီး အထွေထွေ ကျန်းမာရေးအတွက် အကျိုးများစွာ ဖြစ်ထွန်းစေ ပါတယ် ။ အိပ်စက်ချိန် လုံလောက်ရန်လိုအပ်သကဲ့သို့ အိပ်စက်အနားယူရာ၌ နှစ်ခြိုက်မှုရှိရန် အရေးကြီးပါတယ်။ ကောင်းမွန်နှစ်ခြိုက်စွာ အိပ်စက် အနားယူ ခြင်း သည် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှုအတွက်လည်း လိုအပ်မည်ဖြစ်သည် ။

ဆေးပညာရှင်တချို့က အိပ်စက်အနားယူခြင်းကို အားကုန်သွားသော ဘက်ထရီအား အားပြန်လည်ဖြည့် သွင်းပေးခြင်းနှင့် အလားတူသည်ဟု တင်စားပြောဆိုလေ့ရှိသည် ။ အိပ်စက်ခြင်းသည် ကျန်းမာခြင်း ၊ ပျော်ရွှင်ခြင်းနှင့် လိင်ဆက်ဆံခြင်းတို့အတွက် အရေးကြီးကြောင်းနှင့် လူအများစုမှာ အိပ်စက်မှု လုံလောက်ခြင်း မရှိသဖြင့် ပြဿနာအခက်အခဲများ ကြုံတွေ့နေရကြောင်း ကျွမ်းကျင်သူများက ထုတ်ဖော်ပြော ကြားခဲ့သည် ။ လူတစ်ယောက်အတွက် အိပ်စက်ချိန် ရှစ်နာရီခန့် လိုသည်။ ကလေးငယ်များအတွက် အိပ်စက်ချိန် ပိုမိုလိုအပ်မည်ဖြစ်၏ ။

အိပ်စက်ချိန်လုံလောက်မှု မရှိပါက ရုပ်ပိုင်းနှင့် စက်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေပြီး လိင်ဆန္ဒတက်ကြွမှုနှင့် ဆန္ဒပြီးမြောက်မှုတို့အတွက် အခက်အခဲများ ဖြစ်စေနိုင်သည် ။ စိတ်ပိုင်းဆိုင်ရာ ဂနာမငြိမ်ဖြစ်ခြင်း၊ စိတ်အပြောင်းအလဲမြန်ခြင်း၊ စိတ်ဝင်စားမှုနည်းခြင်း၊ ဆုံးဖြတ်ချက်ချရန် ခက်ခဲခြင်း၊ ဆုံးဖြတ်ချက် မှားယွင်းခြင်း၊ စိတ်ဓာတ်ကျဆင်းခြင်းတို့သည် အိပ်ချိန် မလုံလောက်မှု၏ နောက်ဆက် တွဲ ဖြစ်လာဖွယ်ရာများ ဖြစ်သည် ။ လိင်ဆက်ဆံရာ ၌လည်း နာကျင်ကိုက်ခဲမှု ဝေဒနာနှင့် မောပန်းမှုတို့ကို ခံစားရတတ်သည် ။

Dr.Dement က လူတစ်ယောက်အတွက် နိုးထချိန်နှစ်နာရီအတွက် အိပ်စက်ချိန် တစ်နာရီရှိရန် လိုအပ် သည်ဟု ဆိုသည် ။ တစ်နေ့တာအတွက် အိပ်စက် အနားယူချိန် ၈ နာရီလိုအပ်သည်ဟု ဆိုလိုခြင်း ပင် ဖြစ်သည် ။ လူတစ်ယောက်နှင့်တစ်ယောက် အိပ်စက်ချိန်လိုအပ်မှုချင်း မတူညီပေ ။ အချို့အတွက် ပိုမိုလိုအပ်၍ တချို့အတွက်မူ အနည်းငယ်လျော့နည်းနေတတ်ပါသည် ။

နေ့ခင်းနေ့လည်၌ မောပန်းခြင်း၊ မူးဝေခြင်း၊ အိပ်ငိုက်ခြင်း စသည်တို့ဖြစ်ပါက အိပ်ချိန်လုံလောက်မှု မရှိကြောင်း သိသာသည် ။ အိပ်စက်ချိန်၌ ဦးနှောက် အတွင်းရှိ အာရုံကြောကလာပ်စည်းများတွင် Neurotransmitters ခေါ် အာရုံကြောများ ဆက်သွယ်ရာတွင် လိုအပ်သည့် ပစ္စည်းများ တည်ဆောက် ဖြည့် တင်း ပေးနေကြောင်း တွေ့ရသည် ။ နော်အက်ဒွီနယ်လင်တို့သည် လိင်ဆန္ဒဖြစ်ပေါ်မှုနှင့် တက်ကြွမှုတို့ အတွက် အရေးကြီးကြသည် ။

ယောက်ျားလေးများတွင် ညအိပ်စက်စဉ် လိင်အင်္ဂါတောင့်တင်းမှု အလိုအလျောက် ဖြစ်ပေါ်လေ့ရှိသည် ။ ထို့ပြင် အိပ်မက်မက်၍ သုက်လွှတ်ခြင်းလည်း ဖြစ်တတ်သည် ။ အလားဖြစ်စဉ်မျိုးကို အမျိုးသမီးများတွင် လည်း တွေ့ရနိုင်သည် ။ သားမွေးလမ်းကြောင်းသို့ သွေးဝင်စီးဆင်းမှုမြင့်မားပြီး အရည်များ ထွက်ခြင်းကို ညအိပ်နေစဉ်ဖြစ်ပေါ်ကြောင်း တွေ့ရသည်။ Wet dreams ခေါ် အိပ်ပျော်စဉ် ဆန္ဒပြည့်ဝပြီးမြောက်သွားမှု (ယောက်ျားလေးများ သုက်လွှတ် ခြင်းကဲ့သို့) လည်း ဖြစ်နိုင်ကြသည် ။

ဖိုးသူတော် (www.phothutaw.com)
Credit:Mg Mandalay
အိပ်စက်ခြင်းနှင့်လိင်ပိုင်းဆိုင်ရာကျန်းမာရေး အိပ်စက်ခြင်းနှင့်လိင်ပိုင်းဆိုင်ရာကျန်းမာရေး Reviewed by Naethit on Monday, June 12, 2017 Rating: 5

No comments