ထိုင်ခုံမှာ ကြာကြာထိုင်၍ အလုပ်လုပ်ခြင်းက တင်ပါးပြားနိုင်


ရုံးလုပ်ငန်းကဲ့သို့ လုပ်ငန်းခွင်မှာအချိန်ကြာကြာထိုင်၍ အလုပ်လုပ်နေရသော အမျိုးသမီးတွေအတွက်တော့ ဒီသတင်းကအနည်းငယ် လန့်စရာပါပဲ ။ ဟုတ်ပါတယ် .. ထိုင်ခုံမှာ အချိန်ကြာကြာထိုင်နေခြင်းကသင့်တင်ပါးကိုပျော့တွဲအိကျပြီး ပြားစေနိုင်ပါတယ်။ အခုလိုပြောလိုက်လို့ ချက်ချင်းမတ်တပ်ထရပ်ရမလိုတွေတောင် ဖြစ်သွားမှာပါ ။ မပူပါနဲ့ ။ နည်းလမ်းကောင်းတွေကိုပြောပြပေးသွားပါ့မယ်။

၁။စက္ကန့် ၃၀ လမ်းလျှောက်ပါ

နာရီဝက်ကြာ (သို့) တစ်နာရီကြာတစ်ခါလောက် မတ်တပ်ရပ်ပါ ။ ပြီးရင် အနီးတဝိုက် ရေထသောက်တာဖြစ်စေ ၊ toilet ဝင်တာဖြစ်စေစက္ကန့် ၃၀ ခန့် လမ်းလျှောက်လျှောက်ပေးပါ ။ ဒီလိုလုပ်ပေးခြင်းအားဖြင့် သင့်တင်ပါးတဝိုက်ရှိ သွေးလည်ပတ်မှုအားကောင်းစေပြီး တင်ပါး

 ပျော့အိပြားခြင်းကိုလည်း လျော့နည်းစေနိုင်သလို ဦးနှောက်ကိုလည်း ခဏအနားပေးရာရောက်ပါတယ် ။ 

၂။မတ်တပ်ရပ်၍ အလုပ်လုပ်ပါ

အချိန်ကြာကြာထိုင်နေခြင်းထက် တခါတလေမှာမတ်တပ်ရပ်၍ အလုပ်လုပ်ခြင်းကသင့်အတွက် ပိုမိုကောင်းမွန်မှာပါ ။ မတ်တပ်ရပ်ပြီးဖုန်းပြောခြင်း ၊ စာရေးခြင်း ၊ လပ်တော့ဖြင့် အလုပ်လုပ်ခြင်းစသည်တို့ကိုလုပ်ဆောင်နိုင်ပါသည် ။ မိမိကိုယ်ကို balance ညီအောင်နေပါ။

၃။လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါ။

အကယ်၍ အထက်ပါအချက်တွေကိုမလိုက်နာနိုင်လျှင့် အိမ်မှာဖြစ်စေ ၊ fitness center မှာဖြစ်စေလေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါ ။ အထူးသဖြင့် မိန်းကလေးများအနေဖြင့် မိမိကိုယ်ခန္ဓာအလှကိုဦးစားပေးသောအောက်ပိုင်းလေ့ကျင့်ခန်းမျိုးတွေကို ပြုလုပ်ပေးသင့်ပါသည် ။

CHAN (ရွှေအင်းလေး)
ထိုင်ခုံမှာ ကြာကြာထိုင်၍ အလုပ်လုပ်ခြင်းက တင်ပါးပြားနိုင် ထိုင်ခုံမှာ ကြာကြာထိုင်၍ အလုပ်လုပ်ခြင်းက တင်ပါးပြားနိုင် Reviewed by Naethit on Sunday, June 11, 2017 Rating: 5

No comments