ရာသီခွင်အရမိန်းမကိုအချစ်တတ်ဆုံးယောက်ျားများ
ဒီ(၄)ရာသီဖွားပုရိသတို့ရဲ့ ချစ်တတ်ပုံကတော့
Rin ယောင်းတို့ကို ဒီအပတ်ဗေဒင်ဟောပေးမယ်။ ဥာဏ်ပူဇော်ခပေးစရာမလိုတဲ့ ဗေဒင်ဆရာနော်။
အိမ်ထောင်ပြုတဲ့အခါ မိန်းမကိုအချစ်တတ်ဆုံးရာသီဖွားယောကျာ်းတွေ အကြောင်းဟောပါမယ်။ အဲ ကြိုပြောထားမယ်နော်။ ကိုယ်နဲ့လက်ထပ်မယ့်ချစ်သူက ဒီစာရင်းထဲ မပါလို့ပြသနာမရှာနဲ့နော် အမိတို့။ Rin ပြေးစရာ မြေမရှိဖြစ်နေမယ်။
ကဲ စဟောပါမယ်။
Scorpio ဗြိစ္ဆာရာသီ (အောက်တိုဘာ ၂၃- နိုဝင်ဘာ ၂၁)
ဗြိစ္ဆာသီဖွားအမျိုးသားတွေဟာ အမျိုးသမီးတွေရဲ့ အထင်ကြီးမှုကို အရရှိဆုံးသူတွေဖြစ်တယ်။ ဘာကြောင့်လဲသိလား။ သူတို့ဟာ စကားပြောကောင်းပြီး လျို့ဝှက်ချက်တွေနဲ့ ပြည့်နေလို့ပေါ့။ ကိုယ့်ရဲ့ ဇနီးသည်အတွက် တောက်ပတဲ့အနာဂတ်တစ်ခုကို ဖန်တီးပေးနိုင်တဲ့သူပေါ့။ ကိုယ့်ဇနီးသည်ရဲ့ လျို့ဝှက်ချက်တွေကို တစ်သက်လုံး ထိန်းသိမ်းပေးမယ့်သူပေါ့။ အပြန်အလှန်အနေနဲ့ သူတို့ရဲ့ ယုံကြည်မှုကို ယောင်းတို့ကလည်း အလွဲသုံးစားမလုပ်မိဖို့တော့အရေးကြီးပါတယ်။
Gemini မေထုန်ရာသီ (မေ၂၁- ဇွန် ၂၁)
ဟာသဥာဏ်ရှိတဲ့ ခင်ပွန်းတစ်ယောက်အနားမှာနေရတာ ကံကောင်းတာပေါ့။ ပင်ပန်းနွမ်းနယ်နေတဲ့ တစ်နေ့တာကို ရယ်မောသံတွေနဲ့ အဆုံးသတ်အောင်လုပ်ပေးနိုင်တဲ့ သူပေါ့။ မေထုန်ရာသီဖွားအမျိုးသားတွေဟာ ကိုယ့်ဇနီးသည်ကို ဖူးဖူးမှုတ်ပြီးအလိုလိုက်မယ့်သူတွေဖြစ်တယ်။ ကိုယ့်ဇနီးသည်ကို တခြားမိန်းကလေးတွေ အားကျလောက်အောင် ချစ်ပြနိုင်မယ့်သူလည်းဖြစ်တယ် ယောင်းတို့ရေ။ ကိုယ့်ကို ဦးစားမပေးမှာ၊ အချိန်မပေးနိုင်မှာတွေအတွက်လည်း ဘယ်တော့မှာ စိတ်ပူစရာမလိုဘူးနော်။
Readပုရိသတို့အရည်ပျော်သွားစေမယ့် စကားပြောနည်း
Cancer ကရကဋ်ရာသီ ( ဇွန်၂၂- ဇူလိုင် ၂၂)
ယောင်းတို့အတွက် ခင်ပွန်းကောင်းတစ်ယောက်၊ မွေးလာမယ့်ရင်သွေးအတွက် တာဝန်ကျေတဲ့ ဖခင်ကောင်းတစ်ယောက်ဖြစ်ပေးမယ့်ရာသီဖွားက ကရကဋ်။ သူတို့တွေဟာ မိသားစုကို ချစ်တတ်ပြီး ဖြောင့်မတ်စွာ ဦးဆောင်နိုင်မယ့် အိမ်ထောင်ဦးစီးတွေပေါ့။ အရာရာဆို ဇနီးသည်နဲ့သားသမီးတွေကို အရင်ဆုံးဦးစားပေးစဉ်းစားတတ်သူတွေ ဖြစ်တယ်။ ယောင်းတို့ရေ ခင်ပွန်းသည်ဟာ တာဝန်ကျေလွန်းလို့ အရင်ကရည်းစားတွေများခဲ့တာကိုတောင် နောင်တရပါလိမ့်မယ်။ (စန်းပွင့်ခဲ့ရင် ပြောပါတယ်။)
Libra တူရာသီ (စက်တင်ဘာ ၂၃- အောက်တိုဘာ ၂၂)
တူရာသီဖွားအမျိုးသားတွေဟာ ချစ်မိသွားတဲ့အခါ မယုံနိုင်လောက်အောင် စိတ်ကူးယဉ်ဆန်တဲ့သူတွေဖြစ်တယ်။ သူတို့ရဲ့ ဇနီးသည်ကတော့ နေ့တိုင်း surpriseတွေနဲ့ ပြည့်နေမှာအမှန်။ ဇနီးသည်ပျော်ရွှင်ဖို့အတွက် ဘာမဆိုလုပ်ပေးမယ့် ခင်ပွန်းလောင်းပေါ့။ Romantic ဆန်တဲ့ gentlemanတစ်ယောက် ကိုယ့်အနားမှာရှိနေချင်ရင်တော့ တူရာသီဖွားကိုသာ စဉ်စားလိုက်တော့။
ကဲ ယောင်းတို့ရေ… ဒီရာသီဖွား အမျိုးသားတွေက အချစ်တတ်ဆုံးလို့ ဗေဒင်အရဆိုထားပေမယ့် ချစ်သူနှစ်ဦးကြားက နားလည်မှုကသာ ပျော်ရွှင်မှုကို ဖန်တီးနိုင်တဲ့ စွမ်းအားလို့ မှတ်ထားစေချင်တယ်။
ယောင်းတို့ချစ်ချစ်နဲ့ ပျော်ရွှင်စွာပေါင်းဖက်နိုင်ကြပါစေရှင်။
Credit: Rin (For Her Myanmar)
ရာသီခွင်အရမိန်းမကိုအချစ်တတ်ဆုံးယောက်ျားများ
Reviewed by Naethit
on
Thursday, June 08, 2017
Rating:
Reviewed by Naethit
on
Thursday, June 08, 2017
Rating:

No comments