သင့်ရဲ့ ကိုယ်ပိုင်ပန်းတိုင်ဆီသို့ အရောက်သွားနိုင်မယ့် လမ်းညွှန်ချက်များ


လူအများစုမှာ စိတ်ကူး ၊ အိပ်မက် ၊ ပန်းတိုင် စသဖြင့် ရှိကြတယ် ။ ဒါပေမယ့် တကယ့်လက်တွေ့မှာကျ အနည်းစုကသာ တကယ်အကောင်အထည်ဖော်နိုင်ကြတယ် ။ အရယူနိုင်ကြတယ် ။ တချို့တွေကတော့ ဝေလေလေ ဖြစ်သွားကြတယ် ။ သူများတွေ ရသလို ကိုယ်ကဘာလို့မရတာလဲ ။ ကိုယ်က ဘာတွေချို့ယွင်းနေလို့လဲ ။လျှောက်နေတဲ့လမ်းကများ မှားနေပြီလား စသဖြင့် တွေးကြမှာပါ။ မိမိအလိုရှိတာကို အရယူနိုင်မယ့် နည်းလမ်းတွေကို အခု လမ်းပြပေးသွားမှာပါ ။လိုက်နာခြင်း ၊ မလိုက်နာခြင်းကတော့ မိမိအပိုင်းပါ။

၁။အာရုံစိုက်ပါ ၊ စိတ်အလွန်တက်ကြွနေစရာမလိုဘူး
သင်ဘာလုပ်ချင်တာလဲ ၊ သင်လိုချင်တာကဘာလဲ ၊ သင်လိုချင်တာဘာလဲ ဆိုတာကို အရင်သိအောင် လုပ်ပါ။ အကယ်၍ သင်တကယ်လုပ်ချင်တာကို သိပြီဆိုလျှင်တော့ စိတ်ပိုင်းဆိုင်ရာ တက်ကြွမှုတွေက သူ့အလိုလို လိုက်ပါလာပါလိမ့်မယ်။

၂။ ရလဒ်ကိုသာအာရုံမစိုက်ပါနဲ့
အကယ်၍သင်ဟာ ရလဒ်အပေါ်မှာပဲ အာရုံစိုက်နေမယ်ဆိုလျှင် သင့်ရဲ့စိတ်ဓါတ်တက်ကြွမှုတွေကပါ လိုက်ပြီး အချိုးညီနေပါလိမ့်မယ် ။ ရလဒ်ကောင်းရင် စိတ်ဓါတ်တက်ကြွမယ် ။ မကောင်းရင် ကျမယ် ။ အဲ့လို မဖြစ်ပါစေနဲ့ ။ ရလဒ်ထက် ကိုယ်လုပ်ခဲ့အရာတွေ အပေါ်မှာ စဉ်းစားတွေးခေါ်ပြီး ဗဟုသုတယူပါ ။ ပြီးလျှင် ဘယ်လိုတိုးတက်အောင် လုပ်မယ်ဆိုတာကို စဉ်းစားပါ။

၃။အပျော်ခရီးထွက်ပါ
လေးလွန်းတဲ့ ဝန်ထုပ်ဝန်ပိုးတွေကြောင့် ထွက်ပေါက်မရှိ ၊ မစဉ်းစား မတွေးခေါ်နိုင်ဖြစ်ပြီိဆိုရင်တော့ ခရီးထွက်လိုက်ပါ ။ စိတ်ထွက်ပေါက် ဖွင့်ပေးလိုက်ပါ ။ ပြီးမှ အစကပြန်စပါ။

၎။အတွေးမများပါနဲ့
လုပ်ချင်တာတွေ ၊ အတွေးတွေများတဲ့အခါ တကယ်လုပ်သင့်လုပ်ထိုက်တဲ့ အရာနဲ့ ဝေးကွာသွားတတ်ပါတယ် ။ ထို့ကြောင့် လုပ်ချင်တဲ့အရာ တစ်ခုကိုသာ အဓိကထား တွေးပါ။

၅။အကောင်းမြင်စိတ်မွေးပါ
အကောင်းမြင်စိတ်မွေးသလို တစ်ဖက်က အဆိုးမြင်စိတ်တွေကို လျှော့နိုင်သမျှ လျှော့ပစ်ရမှာပါ ။ လုပ်ငန်းတစ်ခုဟာ စစချင်းမှာပင် အောင်မြင်တယ်ဆိုတာ ရာခိုင်နှုန်းနည်းပါတယ်။ ရှုံးလည်း ရှုံးနိမ့်နိုင်ပါတယ်။ အောင်မြင်မှုကို အသင့်ရှိနေသလို ရှုံးနိမ့်မှုကိုလည်း ရင်ဆိုင်နိုင်မှဖြစ်မှာပါ ။ တခါမအောင်မြင်တိုင်း စိတ်ဓါတ်ကျ ၊ မကောင်းမြင်မယ်ဆိုလျှင်တော့ အောင်မြင်မှုနဲ့
ဝေးကွာသွားပါလိမ့်မယ်။

၆။ကိုယ့်ကိုကိုယ်သိပ်အလိုမလိုက်ပါနဲ့
တခါတလေမှာ သင့်အပြုအမူတွေကလည်း သင့်ကို ပန်းတိုင်နဲ့ ဝေးကွာစေနိုင်ပါတယ်။ တခါတလေမှာ ခက်ခဲမှုတွေ ၊ စိန်ခေါ်မှုအသစ်တွေကို ကြောက်ရွံ့မနေဘဲ ရင်ဆိုင်ပစ်ပါ ။ မိမိကိုယ်ကို မညှာပါနဲ့။

၇။အချိန်မဖြုန်းပါနဲ့
တခါတလေမှာ အဓိပ္ပါယ်မရှိတဲ့အရာတွေနဲ့ အချိန်ကုန်ဆုံးသွားတတ်ကြပါတယ် ။ ဗျာများနေပြီး ဟိုမရောက် ဒီမရောက် ဖြစ်နေတတ်ပါတယ်။ အကယ်၍ ဘယ်အရာကိုစလုပ်ရမလဲဆိုတာ မသိဘူးဆိုလျှင် စာအုပ်ထဲမှာ အကုန်ချရေးပါ ။ ပြီးသွားလျှင် ပြန်စစ်၍ ကိုယ်အလုပ်ချင်ဆုံးတစ်ခုကနေ စတင်လုပ်ပါ။

၈။မမှီခိုပါနဲ့
သင့်ရဲ့ အောင်မြင်မှု ၊ ပျော်ရွှင်မှု အစရှိသည်တို့သည် သင့်မိဘ ၊သင့်ချစ်သူ၊ သင့်သူငယ်ချင်း ၊ သင့်သူဌေး ဘယ်သူ့အပေါ်ကိုမှ မှီတည်မနေပါဘူး ။ သင့်အပေါ်မှာသာ မှီတည်နေတာပါ။

၉။အစီအစဉ်ဆွဲပါ
သင့်ရဲ့ အလုပ်အကိုင်အတွက်သာမက ဘဝအတွက်ပါ အစီအစဉ်ဆွဲတတ်ဖို့ လိုပါတယ် ။ ဘယ်နေရာမဆို ဘာပြီးရင်ဘာလုပ်မယ်ဆိုတာကို အစီအစဉ်ကြိုဆွဲတတ်တဲ့ အကျင့်ကို မွေးမြူပါ။

၁၀။ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ
ကိုယ့်ကိုကိုယ် အလွန်အကျွံကြီး ဖိအားမပေးပါနဲ့ ။ အနားယူသင့်တဲ့အချိန်မှာ အနားယူပါ ။ ကျန်းမာရေး ဂရုစိုက်ပါ ။ မိမိအတွက်လည်း ကိုယ်ပိုင်အချိန်ပေးပါ ။ သင်အလိုရှိသော အောင်မြင်မှု ၊ ပန်းတိုင်ဆိုတာတွေက သင့်လောက် အရေးမကြီးပါဘူး ။ သင်ကိုယ်တိုင် ကိုယ်ခန္ဓာရော စိတ်ခန္ဓာပါ ကျန်းမာသန်းစွမ်းနေမှ ထိုအရာတွေကို ရယူနိုင်မှာ ဖြစ်ပါတယ် ။

CHAN (ရွှေအင်းလေး)
သင့်ရဲ့ ကိုယ်ပိုင်ပန်းတိုင်ဆီသို့ အရောက်သွားနိုင်မယ့် လမ်းညွှန်ချက်များ သင့်ရဲ့ ကိုယ်ပိုင်ပန်းတိုင်ဆီသို့ အရောက်သွားနိုင်မယ့် လမ်းညွှန်ချက်များ Reviewed by Naethit on Sunday, June 11, 2017 Rating: 5

No comments