စိတ်မွန်းကြပ်မှုကိုဖြေလျှော့ပေးနိုင်တဲ့နည်းလမ်းကောင်းများ
(၁)သင်၏စိတ်ကိုရှုတ်ထွေးလေးလံနေစေတဲ့အရာတွေကို စာရွက်တစ်ရွက်ပေါ်မှာ ချရေးလိုက်ပါ။ ရေးပြီးရင်တော့ ထိုစာရွက်ကိုမီးရှို့လိုက်ပါ။ သင့်စိတ်ကိုရှုတ်ထွေးစေတဲ့ အရာအားလုံးကို လွှင့်ပစ်လိုက်တဲ့သဘောပါပဲ။
(၂)သင့်ဘ၀တစ်လျှောက် ပျော်ရွှင်ခဲ့ရသောနေ့ရက်များကို ပြန်လည်တွေးတောကြည့်ပါ။ သင်၏ ချစ်သူခင်သူများနှင့် မိသားစုများရဲ့ဓာတ်ပုံများ၊ ပျော်ရွှင်မှုမှတ်တမ်းများကိုလည်း ကြည့်ရှုနိုင်ပါတယ်။
(၃)ရှုတ်ထွေးနေတဲ့သင့်အိမ်ခန်းကြောင့် သင်၏စိတ်တွေကို ပိုမိုရှုတ်ထွေးနေစေတယ်ဆိုတာကို သင်သိပါသလား။ ဒါ့ကြောင့် တတ်နိုင်သမျှ အိမ်ကိုသန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်ဖြစ်နေအောင် လုပ်ဆောင်လိုက်ပါ။
(၄)သီချင်းနားထောင်ပြီး စိတ်အပန်းဖြေနိုင်ပါသေးတယ်။ ဂီတက သင့်ရဲ့စိတ်ကိုလန်းဆန်းတက်ကြွသွားစေမှာ အမှန်ပါပဲ။
(၅)ပရဟိတလုပ်ငန်းတွေမှာ တတ်အားသ၍ပါဝင်ကူညီပါ။ သူတစ်ပါးကို ကူညီတာဟာ တကယ့်ကိုမွန်မြတ်တဲ့အလုပ်ဖြစ်တာကြောင့် သင်၏စိတ်ကိုငြိမ်းချမ်းမှုတွေ ဆောင်ကြဉ်းပေးပါလိမ့်မယ်။
(၆)သင်၏ချစ်သူခင်သူတစ်ဦးတစ်ယောက်ကို ရင်ဖွင့်နိုင်ပါတယ်။ တစ်ခုမှတ်သားထားရမှာက ရင်ဖွင့်ပြောပြတဲ့အခါမှာ သင်ရိုးသားဖို့တော့လိုပါလိမ့်မယ်။ သင်ခံစားနေရတဲ့အကြောင်းအရာကို မှန်မှန်ကန်ကန်နဲ့ စိတ်ထဲရှိသမျှပြောပြနိုင်ဖို့ပါပဲ။
(၇)အိမ်ထဲမှာပဲ အိမ်တွင်းအောင်းမနေပါနဲ့။ အပြင်ထွက်ပြီး သဘာဝအလှတရားများကိုခံစားကြည့်လိုက်ပါ။ပန်းခြံတွေမှာ လမ်းလျှောက်ပြီး လေညင်းခံပါ။ စိမ်းလန်းစိုပြည်နေတဲ့ သဘာဝအလှအပတွေကလည်း သင့်စိတ်ကိုလန်းဆန်းစေပြီး ငြိမ်းချမ်းမှုပေးနိုင်ပါတယ်။
(၈)ဘုရားတရားကိုမမေ့ပါနဲ့။ သင်၏စိတ်ကိုပူလောင်နေစေတဲ့အရာအားလုံးကို အကောင်းမွန်ဆုံးငြိမ်းချမ်းမှုပေးနိုင်တာကတော့ ဘုရားရိပ်တရားရိပ်ပါပဲ။ စိတ်တည်ငြိမ်အောင် တရားထိုင်ပါ။ လောဘ၊ ဒေါသ၊ မောဟများကိုဖြေလျှော့ပြီး စိတ်ငြိမ်းချမ်းစွာနေထိုင်ပါ။
Credit-eစံပယ်(ရွှေအင်းလေး)
စိတ်မွန်းကြပ်မှုကိုဖြေလျှော့ပေးနိုင်တဲ့နည်းလမ်းကောင်းများ
Reviewed by Naethit
on
Saturday, June 10, 2017
Rating:
Reviewed by Naethit
on
Saturday, June 10, 2017
Rating:

No comments