စိတ်ဓာတ်ကျချိန်မှာ ဒါတွေကိုလုပ်ကြည့်ပါ


၁)သီချင်းနားထောင်ပါ။
 ဂီတက စိတ်ကိုလန်းဆန်းစေမှာအမှန်ပါပဲ။ စိတ်ဓာတ်ကျချိန်မှာ တေးဂီတနားဆင်ခြင်းက သင့်ကိုနှစ်သိမ့်ပေးနေတဲ့ အဖော်ကောင်းတစ်ယောက် သင့်ဘေးရောက်ရှိလာသလိုပါပဲ။
၂)ခေတ္တခဏမှေးစက်ပါ။

မိနစ်၂၀ခန့် ခေတ္တအိပ်စက်လိုက်ပါ။ သင်နိုးလာချိန်မှာ ခွန်းအားအပြည့်နဲ့လန်းဆန်းနေစေမှာပါ။
၃)ပြုံးပါ။

ဘ၀ဟာမည်မျှပင်ခက်ခဲကြမ်းတမ်းသော်လည်း အပြုံးဖြင့်ရင်ဆိုင်ပါ။ ဟန်ဆောင်ပြုံးဖြစ်နေစေကာမူ ပြုံးတတ်အောင်ကြိုးစားပါ။ အပြုံးတစ်ပွင့်က သင့်ကိုခွန်အားတွေပေးပါတယ်။
၎)မိမိကိုယ်ကိုအားပေးပါ။

‘လဲရင်ပြန်ထ ဒါဘ၀’ဆိုသည့်အတိုင်း ကျရှုံးသွားရင်တောင် စိတ်ဓာတ်မကျ အားမလျှော့ပဲ လောကဓံကိုကြံ့ကြံ့ခံနိုင်အောင် ကြိုးစားနေထိုင်ပါ။ သင့်အတွက်မနက်ဖြန်ဆိုတာဟာ ပျော်ရွှင်မှုတွေရရှိမယ့် ကံကောင်းခြင်းနေ့ရက်ဖြစ်တယ်လို့ သတ်မှတ်ထားပါ။
၅)ပွေ့ဖက်ပါ။

ချစ်ခင်ရသူတွေနဲ့ပွေ့ဖက်လျှင် ဦးနှောက်မှ ပျော်ရွှင်မှုပေးနိုင်သော ဟော်မုန်းဓာတ်များထုတ်လွှတ်ပေးပါတယ်။ ဒါ့ကြောင့် ပွေ့ဖက်ခြင်းက သင့်သောကစိတ်ကို ဖြေလျှော့ပေးနိုင်မယ့်ဆေးကောင်းတစ်ခွက်ဖြစ်ပါလိမ့်တယ်။

Credit-(ရွှေအင်းလေး)
စိတ်ဓာတ်ကျချိန်မှာ ဒါတွေကိုလုပ်ကြည့်ပါ စိတ်ဓာတ်ကျချိန်မှာ ဒါတွေကိုလုပ်ကြည့်ပါ Reviewed by Naethit on Saturday, June 10, 2017 Rating: 5

No comments