ချစ်တင်းနှောခြင်းက ပေးစွမ်းနိုင်တဲ့ အစွမ်းထက် အကျိုးကျေးဇူးများ


အချစ်က ကျန်းမာရေး အကျိုးကျေးဇူးတွေ များစွာကို ပေးစွမ်းနိုင်ပါတယ် ။ တစ်ဦးနဲ့တစ်ဦး ချစ်နေရုံနဲ့တင် စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာနေပါပြီ ။ အဲ့ထက်ပိုကာ လက်တွေ့ကျကျ ချစ်တဲ့အဆင့်ကို ရောက်ရှိသွားတဲ့ အိမ်ထောင်ရှင်တွေကတော့ မမျှော်လင့်ထားတဲ့ အကျိုးကျေးဇူးတွေများစွာကို ရရှိပိုင်ဆိုင်ပြီး ဖြစ်နေပါပြီ ။

လက်ထပ်ပြီးတာနဲ့ ချစ်တင်းနှောတယ်ဆိုတဲ့ကိစ္စက တွဲလျက်ပါလာပြီးသားပါ ။ဒါဟာ သမားရိုးကျပါပဲ ။ မယုံမရှိပါနဲ့ ။ ချစ်တင်းနှောခြင်း တနည်း ဖိုမဆက်ဆံခြင်းက ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရှိပါတယ်။

၁။ နှလုံးကျန်းမာရေးကောင်းမွန်ခြင်း

နှလုံးကျန်းမာရေး မကောင်းသူတွေအနေနဲ့ ပုံမှန် ချစ်တင်းနှောမှု ပြုလုပ်သင့်ကြောင်း ကျန်းမာရေး ပညာရှင်တွေက ဆိုပါတယ် ။ အင်္ဂလန်ရှိ သုတေသန ပညာရှင်တွေဟာ အသက် ၄၀ကျော် အမျိုးသားတွေကို နှစ်အတန်ကြာ လေ့လာခဲ့ရာ တစ်ပါတ်လျှင် အနည်းဆုံး နှစ်ကြိမ်ခန့် လိင်ဆက်ဆံလေ့ရှိတဲ့ အမျိုးသားတွေမှာ နှလုံးထိခိုက်မှု လျော့နည်းနေတာကို တွေ့ရှိခဲ့ပါတယ် ။ ချစ်တင်းနှောခြင်းဟာ လေ့ကျင့်ခန်း ပြုလုပ်နေသလို အကျိုးကျေးဇူး ရှိပါတယ် ။နာရီဝက်ခန့်ကြာ ချစ်တင်းနှောမှုဟာ ကယ်လိုရီတွေကို ၇၀မှ၁၀၀ အထိ လောင်ကျွမ်းစေနိုင်တယ်လို့ ဆိုပါတယ် ။ ဒါ့အပြင် စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျစေနိုင်တာကြောင့် နှလုံးကျန်းမာရေးအတွက် အထူးကောင်းမွန်လှပါတယ် ။

၂။ကိုယ်ခံစွမ်းအားကောင်းမွန်ခြင်း

လိင်ဆက်ဆံခြင်းဟာ ခန္ဓာကိုယ်တွင်း လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေကာ ရောဂါအလွယ်တကူ မဝင်ရောက်နိုင်အောင် တိုက်ထုတ်နိုင်တဲ့ ကိုယ်ခံစွမ်းအားကို တိုးတက်ကောင်းမွန်စေပါတယ် ။ အမျိုးသမီးများ တစ်ပါတ်ကို နှစ်ကြိမ်ခန့် လိင်ဆက်ဆံပေးလျှင် ကျန်းမာနုပျိုလှပစေပါတယ် ။

၃။အကိုက်အခဲပျောက်စေခြင်း

ခေါင်းမူးခေါင်းကိုက်ခြင်း ၊ တစ်ကိုယ်လုံးကိုက်ခဲခြင်းတို့အတွက် ပါရာစီတမော သောက်စရာမလိုဘဲ သက်သာပျောက်ကင်းသွားမှာပါ ။ လေ့လာမှုအရ ၆၀ရာခိုင်နှုန်းခန့်ဟာ ချစ်တင်းနှောခြင်းကြောင့် ခေါင်းတစ်ခြမ်းကိုက်ခြင်းကို သက်သာသွားစေတယ်လို့ ဆိုပါတယ် ။

၎။နှစ်ခြိုက်စွာအိပ်ပျော်စေခြင်း

ချစ်တင်းနှောပြီးတိုင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာကိုတော့ သတိထားမိကြမယ် ထင်ပါတယ် ။ ချစ်တင်းနှောတဲ့အခါမှာ အိပ်ပျော်ခြင်းကို အထောက်အပံ့ပေးနိုင်တဲ့ ဟော်မုန်းတွေ အများအပြား ထွက်စေတာကြောင့်ပဲ ဖြစ်ပါတယ် ။ ပင်ပန်းပြီး အိပ်ပျော်သွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။

၅။ကင်ဆာမဖြစ်အောင်ကာကွယ်နိုင်ခြင်း

ကိုယ်လက်လှုပ်ရှားမှုတစ်ခုဖြစ်နေတဲ့ ချစ်တင်းနှောမှုဟာ ကင်ဆာရောဂါဖြစ်ပွါးမှုမှ အများကြီး အကာကွယ်ပေးနိင်ပါတယ် ။ အမျိုးသားတွေအတွက် ဆီးကျိတ်ကင်ဆာ ဖြစ်ပွါးမှုကို များစွာ လျှော့ချပေးပါတယ် ။ဆက်ဆံတဲ့အခါ အမြင့်ဆုံး စိတ်ခံစားမှုအနေအထားကို ရောက်လျှင် အကောင်းဆုံးပါပဲ။ အမျိုးသမီးတွေမှာ ဆိုလျှင်လည်း ရင်သားကင်ဆာဖြစ်ပွါးမှုမှ ကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာအပါအဝင် အခြားသော ဖျားနာခြင်းတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်တဲ့ ။

CHAN (ရွှေအင်းလေး)
ချစ်တင်းနှောခြင်းက ပေးစွမ်းနိုင်တဲ့ အစွမ်းထက် အကျိုးကျေးဇူးများ ချစ်တင်းနှောခြင်းက ပေးစွမ်းနိုင်တဲ့ အစွမ်းထက် အကျိုးကျေးဇူးများ Reviewed by Naethit on Sunday, June 11, 2017 Rating: 5

No comments