အိပ်တဲ့ပုံစံကိုကြည့်ပြီး စိတ်နေသဘောထားကို ခန့်မှန်းနိုင်
ညဘက် အိပ်တဲ့ အခါမှာ ပုံစံမျိုးစုံနဲ့ အိပ်ကြတယ်ဟုတ်။ တချို့ကျတော့လည်း ဘယ်လို ပုံစံအိပ်မှ၊ ဘေးစောင်းအိပ်မှ၊ မှောက်အိက်မှ အိပ်ပျော်တယ် ဆိုတာမျိုး မရှိပါဘူး။ မိမိအဆင်ပြေသလို၊ သက်တောင့်သက်သာ ရှိသလို အိပ်တဲ့ သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် သင်အိပ်တဲ့ အခါ ဘယ်လိုပုံစံမျိုးနဲ့ ပိုပြီး အိပ်လေ့ရှိလဲ ဆိုတဲ့ အပေါ်မူတည်ပြီး ဝေဖန်ပိုင်းခြားမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် သင်အိပ်လေ့ရှိတဲ့ ပုံစံကို ဖော်ပြထားတဲ့ ပုံကနံပါတ်စဉ်ကို ရွေးလိုက်ပါ။ ပြီးရင် သင်က ဘယ်လိုစိတ်နေသဘောထား ရှိလဲဆိုတာကို ဖော်ပြပေးသွားပါမယ်။
(၁) နံပါတ် ၁ ပုံစံအတိုင်း ဘေးတစ်စောင်းကိုမှ ဒူးနှစ်ဖက်ကွေးပြီး အိပ်တတ်တဲ့ သူတွေက စိတ်တည်ငြိမ် အေးချမ်းမှုကို လိုလားတဲ့ သူတွေပါတဲ့။ ဘာမဟုတ်တဲ့ ကိစ္စအတွက်နဲ့လည်း စိတ်အရှုတ်မခံကြပါဘူး။ ဘဝမှာ တွေ့ကြုံလာတဲ့ အခက်အခဲတွေကိုလည်း ပြုံးပြုံးကြီးသာ ရင်ဆိုင်ကျော်လွှားကြသူတွေပါတဲ့။ ရည်မှန်းချက်ကြီးမားတာကြောင့် ဘယ်လို အခက်အခဲ အတားအဆီးမျိုးမဆို မကြောက်ရွံ့ပါဘူး။ ရှေ့အနာဂတ်အတွက်လည်း ကြိုတင်ပြီး စိတ်ပူနေတတ်တဲ့ သူမျိုးမဟုတ်တာကြောင့် သူတို့စိတ်က တည်ငြိမ်လွန်းလှပါတယ်။
(၂) ကွေးနေအောင် အိပ်တဲ့ နံပါတ်၂ ပုံစံသမားတွေကတော့ သူတစ်ပါးကို စာနာသနားတတ်တဲ့ ဂရုဏာသမားကြီးတွေပေါ့။ ဒါပေမယ့် သူတို့ကိုယ်တိုင်ကိုက မေတ္တာတရား၊ ဂရုဏာတရား တောင့်တကြတဲ့ သူတွေပါ။ ဒါ့အပြင် ကိစ္စရပ်တိုင်းကို ဆင်ခြင်တွေးခေါ်နိုင်စွမ်း အပြည့်ရှိကြပါတယ်။ တခါတရံ အခက်အခဲ၊ အတားအဆီးများ ပေါ်လာပြီဆိုရင်လည်း မသိသလို လျစ်လျူရှုပြီး ကျော်လွှားတတ်ကြပါတယ်။
(၃) နံပါတ်၃ပုံစံအတိုင်း မှောက်အိပ်တာကို ခြေကားယား လက်ကားယား အိပ်တယ်လို့ မိဘတွေ ပြောတာကြားဖူးကြမယ် ထင်ပါတယ်။ ဒီလို ခြေ၊ လက်ဆန့်ပြီး အားရပါးရ မှောက်အိပ်တတ်တဲ့ သူတွေကတော့ အရာရာတိုင်းမှာ ဦးဆောင်ချင်တဲ့ စိတ်အပြည့်ရှိတဲ့ သူတွေပါ။ စိတ်ဆုံးဖြတ်ချက် ချရာမှာ ချက်ချင်း ဆုံးဖြတ်တတ်တဲ့ စိတ်မြန်လက်မြန်စိတ်ကြောင့် အဆုံးအဖြတ် မမှားအောင်တော့ ဂရုစိုက်ရပါမယ်။ ဒါပေမယ့် သူတို့က လုပ်မယ်လို့ ဆုံးဖြတ်ချက်ချပြီးတိုင်း ပန်းတိုင်ထိ ရောက်အောင် ပြုလုပ်တတ်တာကြောင့် အောင်မြင်ကျော်ကြားတဲ့ သူတွေပါတဲ့။
(၄) နံပါတ် ၄ ပုံစံကတော့ တော်တော်များများ အိပ်လေ့ရှိတဲ့ ပုံစံဖြစ်မယ် ထင်ပါတယ်။ ပက်လက်အတိုင်း အိပ်တဲ့ သူတွေက စိတ်ခံစားချက် ပွင့်ပွင့်လင်းလင်း ရှိကြပြီး အရာရာကို အကောင်းမြင်တဲ့ သူတွေပေါ့။ အပေါင်းအသင်းမက်ပြီး ပျော်ပျော်နေတတ်ပေမယ့်လည်း အမှန်တရားကို ချစ်မြတ်နိုးသူပါ။ ကိစ္စရပ်တစ်ခုကို စွဲစွဲမြဲမြဲ ပြုလုပ်ရတာ နှစ်သက်ကြပြီး တခါတရံမှာ ခေါင်းမာတတ်တဲ့ သူတွေပါ။
(၅) နံပါတ် ၅ ပုစံအတိုင်း ပက်လက်အနေအထားကိုမှ စစ်သားလို ဆန့်ဆန့်ကြီး အိပ်တတ်တဲ့ သူတွေကတော့ အဓိကနဲ့ သာမညကို ဝေဖန်ပိုင်းခြားနိုင်သူတွေပါ။ မိမိဘဝအတွက် ဘာကအရေးကြီးသလဲ ဆိုတာကို သိရှိနားလည်ပြီး တိုးတက်ရာတိုးတက်ကြောင်း ကြိုးစားနေတတ်သူပါ။ စီမံခန့်ခွဲရေးမှာ ကျွမ်းကျင်လှပြီး မိမိရဲ့ ယုံကြည်ရာအတိုင်း ရှေ့ဆက်ကြသူတွေပါ။
(၆) နောက်ဆုံးတစ်ခု ဖြစ်တဲ့ နံပါတ် ၆ပုံစံ အတိုင်း အိပ်ကြတဲ့ သူတွေကတော့ ဘေးတစ်စောင်းအိပ်ပြီး ဒူးတစ်ဖက် ကွေးအိပ်တတ်ကြပါတယ်။ ဒီလို အိပ်တဲ့ သူတွေရဲ့ စိတ်သဘောထားကတော့ ခန့်မှန်းရခက်သူတွေပါ။ စိတ်အပြောင်းအလဲ မြန်လွန်းလှတာကြောင့် အနားကလူတွေတောင့် သင့်ရဲ့ စိတ်အမှန်ကို ခန့်မှန်းရခက်နေတတ်ပါတယ်။ ဆုံးဖြတ်ချက်ချရာမှာ တွေဝေနေတတ်ပြီး ရွေးချယ်စရာနှစ်ခု ပေါ်လာရင်လည်း မိမိကိုယ်တိုင်ပင် မိမိစိတ်ကို မခန့်မှန်းနိုင်ဖြစ်ပြီး ဒွိဟ ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် သင်က အေးအေးဆေးဆေး နေရတာကို နှစ်သက်ပြီး အေးချမ်းတည်ငြိမ်တဲ့ ဘဝကိုသာ လိုလားတဲ့ သူပါ။
ပန်းကလေး (ရွှေအင်းလေး)
အိပ်တဲ့ပုံစံကိုကြည့်ပြီး စိတ်နေသဘောထားကို ခန့်မှန်းနိုင်
Reviewed by Naethit
on
Saturday, June 10, 2017
Rating:
Reviewed by Naethit
on
Saturday, June 10, 2017
Rating:

No comments