နှင်းရိပ်ပြာမှောင်- မောင်ရှင်စော
နှင်းရိပ်ပြာမှောင်
ရေးသူ- မောင်ရှင်စော
နှင်းရိပ်ပြာမှောင်ဟာ..၁၉၈၈ အရေးအခင်းကြီးမှာကိုယ်တိုင်ပါဝင်ဆင်နွဲခဲ့သူ ကဗျာဆရာတစ်ယောက်ကရေးဖွဲ့ တဲ့စကားပြေပါ။ သမားရိုးကျကာလပေါ်ဝတ္တုတွေလိုမဟုတ်ဘဲခေတ်ပြိုင်ခံစားမှုကို သမိုင်းနောက်ခံပုံရိပ်တွေနဲ့ လှပစွာဖော်ကျူးထားတာကြောင့် စာရှုသူကိုယ်တိုင် အဓိကဇတ်ကောင်နေရာကနေ.. သမိုင်းထဲက အချိန်ကာလတစ်ခုကို
ဖြတ်သန်းနေရသလိုခံစားရစေမှာ
သူဖြတ်သန်းခဲ့တဲ့ခေတ်ကြီးက
သူ့ ပုခုံးပေါ် တင်ပေးလိုက်တဲ့တာဝန်ကို ဘယ်လောက်ထမ်းနိုင်တယ်ဆိုတဲ့
အပေါ်မှာတည်တယ်...လို့ ဆရာဗန်းမော်တင်အောင် ဆိုခဲ့သလိုပဲ ..ဒီဝတ္တုထဲကဇတ်ကောင် " မောင် "
နဲ့  သူ့ ရဲဘော်တွေကလည်းသူ့ ခွန်သူ့ အားနဲ့ စွမ်းသမျှ
ထမ်းခဲ့ပါတယ်။ အခြားဇတ်ကောင်တစ်ဦးဖြစ်သူ မမနှင်း ကတော့ အဖိနှိပ်ခံပြည်သူထဲက ပြည်သူတစ်ဦးပေါ့.. ဒီကမ္ဘာလောကကြီးမှာဖိနှိပ်မှုတွေရှိနေသမျှလွတ်လပ်မှုမြတ်နိုးတွေ
ကတွန်းလှန်နေကြမှာပါ..။
"  မောင် " ဆိုတဲ့ဇတ်ကောင်က ခင်ဗျားတို့  ကျနော်တို့ အားလုံးဖြစ်ခဲ့ကြဘူးတယ်လေဗျာ...။ ကျနော်တို့ ဖြတ်သန်းခဲ့တဲ့လမ်း
ကိုပြန်ငဲ့စောင်းကြည့်ရင်း ကြေကွဲဆို့ နင့်ဖွယ် မမနှင်းတို့ ရဲ့ အဖြစ်သနစ်တွေကို ပြန်ပြောင်းသတိရမိရင်း..
မတရားဖိနှိပ်ခြင်းဆိုတဲ့ ဝေါဟာရကို လောကအဘိဓါန်ထဲကနေ အပြီးတိုင် ထုတ်ပစ်နိုင်ဖို့  ... မောင်  တို့ ရှိနေဖို့ လိုတယ်..။
နှင်းရိပ်ပြာမှောင်.. ဟာ အပြီးမသတ်သေးတဲ့ စာတစ်ပုဒ်
အဖြစ်မို့ ..ကျနော်တို့  ဆက်ရေးကြရ ဦးမယ်လေ.... ။
ဒီမှာ   Download    ပါ။
နှင်းရိပ်ပြာမှောင်- မောင်ရှင်စော နှင်းရိပ်ပြာမှောင်- မောင်ရှင်စော Reviewed by Unknown on Wednesday, April 27, 2016 Rating: 5
No comments