က​လေးတို့စံပြုအပ်​​သောပုဂ္ဂိုလ်​များ - စိုးမြင့်​လတ်


မင်္ဂလာပါရှင်​ က​လေးတို့ကို သင်​ပြနား​ထောင်​​စေရန်
တိုက်​ရိုက်​ပတ်​သက်​​နေ​သောစာအုပ်​​လေးပါ က​လေးများအတွက်​ဆို​သော်​လည်း
မိဘများကိုပါ အထူးမှာကြားထားပါတယ်​ရှင်​ က​လေးငယ်​များသည်
ငယ်​ရွယ်​စဉ်​အခါ မြင်​မြင်​သမျှ ဆရာတင်​ကာ လွန်​စွာအမှတ်​ထား
အတုယူတတ်​ကြပါတယ်​ ကိုယ်​တိုင်​ကလဲ ငယ်​စဉ်​ကဒီလိုပါပဲ​လေ
ကျမက​တော့ က​လေးဘဝရဲ့ အမြဲတမ်းဆရာသည်​ မျက်​ဝန်းများဟု ယူဆမိပါတယ်
မိမိအနား ဘယ်​သူ ရှိသည်​ဖြစ်​​စေ မရှိသည်​ဖြစ်​​စေ မျက်​ဝန်​မှတစ်​ဆင့်​ အရာရာကို
သင်​ယူ​နေမြဲပါ ​တွေး​ခေါ်စဉ်းစားနိုင်​​သော ဥာဏ်​ပညာရဖို့ရာ ဦး​နှောက်​များက နုနယ်​လွန်းပါတယ်
တချို့အရာ​တွေကို ငယ်​ရွယ်​စဉ်​မှာ အသိဝင်​​အောင်​ ရိုက်​သွင်း​ပေးသင့်​ပါတယ်​ ၎င်းအသိဥာဏ်​ကို
စူးစမ်းဖို့ရာ အရွယ်​​ရောက်​သည်​နှင့်​အမျှ အ​တွေးအမြင်​​တွေကို သူတို့ကိုယ်​တိုင်​ဖြန့်​ကျက်​လာကာ
အသိပညာအသိပညာတိုးပွားကြပါလိမ့်​မယ်​.မိဘများသတိထားဖို့က နုနယ်​စဉ်​ခါ ရိုက်​သွင်း​ပေး​သောအသိဥာဏ်​များ တည့်​မတ်​​နေဖို့ပါပဲ.ဒါကအလွန်​အ​ရေးကြီးပါတယ်​.သင်​ပြဆုံးမခြင်းအ​ပေါ်မှာပဲ
က​လေး​တွေရဲ့ အသိဥာဏ်​​တွေ ရည်​ရွယ်​ချက်​​တွေ လုံးဝ​ပြောင်းလဲသွားနိုင်​ပါတယ်​ ဥပမာဆိုပါစို့
သန့်​ရှသန့်​ရှင်း​ရေးလုပ်​​နေ​သော လူကြီးတစ်​ဦးကိုမြင်​လိုက်​တဲ့ က​လေး​မိခင်​နှစ်​ဦးက
က​လေးများကို ဆုံးမပါ​တော့တယ်

M.1- သားအရွယ်​​ရောက်​လာလို့ စာမတတ်​ရင်​ သူတို့လို့ ပင်​ပင်​ပန်းပန်းနဲ့
အလုပ်​လုပ်​ရမှာ စာ​တွေကြိုးစား​​နော်
M.2- သားစာ​တွေကြိုးစားလို့ အရွယ်​​ရောက်​လာရင်​ သူတို့လိုလူမျိုး​တွေကို
နေ​ပျော်​တဲ့ဘဝဖန်​တီး​ပေးရမယ်​ စာကြိုးစား​နော်

ဒါက ကျမအလွန်​နှစ်​သက်ရ​တဲ့ ကာတွန်းပညာ​ပေး​လေးတစ်​ခုပါ
အခုလည်း သူတို့​လေး​တွေရဲ့ အနာဂတ်​ကို လမ်းပြ​ပေးမဲ့ မြန်​မာ့သူရဲ​ကောင်း​တွေရဲ့
ရာဇဝင်​ကို ရှာ​ဖွေ​ဖွင့်​ဟ​ပေးကြရ​အောင်​လားရှင်

                                 Download Here

က​လေးတို့စံပြုအပ်​​သောပုဂ္ဂိုလ်​များ - စိုးမြင့်​လတ်​ က​လေးတို့စံပြုအပ်​​သောပုဂ္ဂိုလ်​များ - စိုးမြင့်​လတ်​ Reviewed by သိမ့်သိမ့် on Sunday, April 03, 2016 Rating: 5

No comments